Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

ဝီကီလိ ၀က်ဆိုက်က အကုန်ဖွင့်ချလိုက်ပြီ၊ မြန်မာပြည်အကြောင်း အများအပြား ပါဝင်

ဝီကီလိ ၀က်ဆိုက်က အမေရိကန်တို့၏ လျှို့ဝှက်ကြေးနန်း ၂ သိန်းခွဲကျော်ကို သောကြောနေ့က အများပြည်သူကြည့်ရှုနိုင်ရန် အင်တာနက်တွင် ဖော်ပြလိုက်သည်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက ၀ါရှင်တန် နိုင်ငံခြားရေးဌာနထံပေးပို့သည့်စာအများအပြားလည်း ပါဝင်ရာ မာတိကာပင်လျှင် ၃၈ မျက်နှာရှိကြောင်း တွေ့ရသည်။

၂၀၀၂ မှ ၂၀၁၀ ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ထောင်နှင့်ချီသော မြန်မာပြည်ဆိုင်ရာ သတင်းအချက်အလက်များ ဖြစ်သည်။ ၂၀၀၂ ရှေ့ပိုင်း လျှို့ဝှက်စာများလည်း အနည်းငယ် ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီး၊ ညွှန်ချုပ်စသည့် အစိုးရပိုင်းဆိုင်ရာတို့နှင့် တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းများ၊ သံရုံးဝန်ထမ်းတို့ ရရှိသည့် သတင်းများ၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ သတင်းများ ပါဝင်သည်။

ဗုံးကွဲမှု၊ ဗိုလ်ချုပ်ကြီးတို့နှင့်နီးစပ်သည့်လုပ်ငန်းရှင်များ၊ အစိုးရ ခေါင်းဆောင်များ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၊ သူပုန်အဖွဲ့များ၏ အရေးပါသော လှုပ်ရှားမှုများလည်း ပါဝင်သည်။

အချက်အလက် မှတ်တမ်းများ၏ အဆုံးတွင် သံမှူး သို့မဟုတ် နိုင်ငံရေးဌာနတာဝန်ခံ၏ သုံးသပ်ချက်များကို တွေ့ရသည်။

NLD ခေါင်းဆောင်တို့ကို "NLDမှဦးလေးများ" ဟု ဖော်ပြလေ့ ရှိသည်။

ဝီကီလိသည် တရားမ၀င်သည့်နည်းလမ်းများဖြင့် ၎င်းတို့ ရယူထားသည့် အမေရိကန်သံရုံး၏ အတွင်းရေး သတင်းများကို ၂၀၀၉ အောက်တိုဘာလက စတင်ပြီး ဖွင့်ချခဲ့သည်။

သောကြာနေ့က ၀ီကီလိ၏ ထပ်မံ ဖွင့်ချမှုကို အမေရိကန်အစိုးရက ရှုတ်ချလိုက်သည်။ ယခင်က ၀ီကီလိပူးပေါင်းဆောင်ရွက်ခဲ့သည့် သတင်းဌာနကြီးများကလည်း ကန့်ကွက်လိုက်သည်။

The Guardian သတင်းစာကြောင့် အချက်အလက်အားလုံးကို ကြည့်ရှုနိုင်သည့် password ခေါ် ကွန်ပျူတာ လျှို့ဝှက်သင်္ကေတ ပေါက်ကြားသွားသဖြင့် လူတိုင်းကြည့်ရှုနိုင်ရန် ဖွင့်ချလိုက်ခြင်းဖြစ်သည်ဟု ၀ီကီလိက ပြန်လည် တုံ့ပြန်ထားသည်။

ဖွင့်ချလိုက်သည့် လျှို့ဝှက်အတွင်းရေးအများအပြားတွင် အမေရိကန်သံရုံးများကို ဆက်သွယ်သတင်းပေးသူတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များလည်း ပါဝင်နေသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးနှင့် ဆက်သွယ်နေသူများ၊ သတင်းပေးသူများ၏ အချက်အလက်များလည်း ပါဝင်သည်။

ဝီကီလိတွင် တွေ့ရသည့် အစီရင်ခံစာများတွင် UWSA ခေါ် ၀ တိုင်းရင်းသား သူပုန်အဖွဲ့၏ ကိုယ်စားလှယ် ဦးစိုးသန်းနှင့် တွေ့ဆုံစကားပြောမှုလည်း ပါဝင်သည်။

အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသည့် UWSA တွင် တပ်သားအင်အား သုံးသောင်းဝန်းကျင်ရှိပြီး အရံတပ်သား တသောင်းရှိကြောင်း၊
မြေပြင်မှ ဝေဟင်ပစ် လက်နက်များကို ၂၀၀၅ ခုနှစ်ကတည်းက ရုရှမှ ရရှိထားကြောင်း စသည့် ဦးစိုးသန်း၏ ပြောဆိုချက်ကို စာတစောင်တွင် ဖော်ပြထားသည်။

အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ မှတ်တမ်းများအရ UWSA သည် လက်နက်၊ စစ်ရေးသင်တန်း၊ စစ်ရေးဆိုင်ရာ အကြံပေးချက်တို့ကို တရုတ်ပြည်မှ ရသည်ဟုလည်း ထိုစာတွင် မှတ်ချက်ပြုထားသည်။

မန္တလေးတက္ကသိုလ်တွင် ပညာသင်ခဲ့သော ဦးစိုးသန်းက တရုတ်နိုင်ငံတွင်လည်း လေ့ကျင့်သင်ယူမှု ရှိခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးတို့၏လုပ်ငန်းရှင်များအကြောင်းလည်း အမေရိကန်သံရုံးက အထူး ဦးစားပေး စောင့်ကြည့်နေကြောင်းတွေ့ရသည်။ စာတစောင်တွင် လုပ်ငန်းရှင် ဦးတေဇ အခြေအနေ ပျက်နေပြီး တခြားသော ဧရာမလုပ်ငန်းရှင်ကြီးများ ပေါ်ထွက်လာပြီဟု ဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်သက်သည့် ဦးတေဇ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဟု သတင်းရသည်ဟုလည်း စာတစောင်တွင် ရေးထားသည်။

အမေရိကန်သံရုံးနှင့် ပုံမှန် အဆက်အသွယ် ရှိသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပါဝင်ကြောင်း အစီရင်ခံစာများအရ သိရသည်။

ဦးတင်ဦး အကျယ်ချုပ်ကျနေစဉ် ဇနီးဖြစ်သူ ဒေါက်တာ တင်မိုးဝေက ကြုံတွေ့နေရသည့် အခြေအနေများကို သံရုံးသို့ ပြောကြားခဲ့သည်။ "NLD က ဦးတင်ဦးမိသားစုကို လစဉ် ကျပ် ငါးထောင် (၄ဒေါ်လာခန့်) ထောက်ပံ့သည်။
ဂျပန်တွင်နေထိုင်သော သားဖြစ်သူက ဦးတင်ဦး လိုအပ်သည့် ဆေးဝါးများ ပေးပို့နိုင်ရန် သံရုံးက ကူညီစေလိုသည်" ဟု ဒေါက်တာတင်မိုးဝေက ပြောဆိုသည်ဟု ဖော်ပြထားသည်။


ဦးတင်ဦးက စာ အလွန်ဖတ်ပြီး National Geographic နှင့် Irrawaddy မဂဇင်းတို့ကို ကြိုက်နှစ်သက်သည်ဟုလည်း သူက ပြောကြောင်း စာတွင် ဖော်ပြထားသည်။

ဥရောပသို့ အာဖရိကန် လူကုန်ကူးမှု့များ၏ သားကောင်များ


နှစ်စဉ် အနောက် အာဖရိကနိုင်ငံများမှ ဥရောပသို့ သောင်းဂဏန်းနှင့် ရွှေ့ပြောင်း ဝင်ရောက်နေထိုင်လျှက် ရှိပါတယ်။ ဒါပေမယ့် မာဖီးယားဂိုဏ်းတွေက သူတို့ရဲ့မျှော်လင့်ချက်တွေအပေါ်မှာ အမြတ်ထုတ် နေကြတာကြောင့် အချို့ကတော့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ။ အီတလီ တောင်ပိုင်းမှာဆိုရင် နိုင်ဂျီးရီးယား မိန်းကလေးတွေ အများစုဟာ လိင်ကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရပါတယ်။

ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အစီရင်ခံစာ နှစ်စောင်မှာ သတင်းထောက် ဂျူလီယာနာရူးဖတ်စ်က အာဖရိကန် မိန်းကလေးများ ဒုစရိုက်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်သွားရမှုများ၊ ပြည့်တန်ဆာအဖြစ်
စေခိုင်းမှုများနှင့် လူကုန်ကူးမှုများ အကြောင်း စုံစမ်း တင်ပြခဲ့ပါတယ်။ အောက်မှာ ဖေါ်ပြမယ့် အကြောင်းအရာတွေကတော့ အီတလီနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ရုပ်ရှင်မှတ် တမ်းရိုက်ကူးရာမှာ ပါဝင်ခဲ့တဲ့ အီတလီ သတင်းစာဆရာ ချိုင်ရာ ကာပရီယိုက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒက်စထရာဗော်လ်တာနို ဆင်းရဲသားရပ်ကွက်တစ်ခုမှာ အသက် ၇ နှစ်သာရှိသေးတဲ့ မယ်ရီမော်ရက်ရဲ့ ဈာပနအခမ်းအနား ကျင်းပနေပါတယ်။ သူ့ကို စိတ်ဝေဒနာခံစားနေရတဲ့ ယောင်္ကျားတစ်ယောက်က သတ်သွားခြင်းဖြစ်ပါတယ်။ ကက်စယ်ဗော်လ်တာနိုမြို့မှာ တရားဝင် နေထိုင်တဲ့ မြို့သား ၂၅,၀၀၀ မှာ သုံးပုံတစ်ပုံက ဂါနာနဲ့ နိုင်ဂျီးရီးယား အများစု ပါဝင်တဲ့ အာဖရိကန်တွေဖြစ်ပါတယ်။

အဲဒီမြို့ငယ်လေးမှာရှိတဲ့ နိုင်ဂျီးရီးယန်း ဒုစရိုက်ဂိုဏ်းတွေအကြောင်း အယ်လ်ဂျာဇီယာသတင်းဌာနမှ သွားရောက်စုံစမ်းလေ့လာ ခဲ့ပါတယ်။ ၂၀၀၈ တုန်းက ကာဆာလဲဆီလို့ခေါ်တဲ့ လူမျိုးစု မာဖီးယားဂိုဏ်းက ဂါနာလူငယ်ခြောက်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အာဖရိကန်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ကက်ဆယ်လ်ဗော်တာနိုမြို့လေးကို မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့ ကြပါတယ်။

မယ်ရီရဲ့မိသားစုကတော့ မယ်ရီ့ဈာပနနေ့မှာ သူ့ရဲ့ ခေါင်းတလားကို စောင့်ရင်း ခေါင်းကလာတာ နောက်ကျနေတာနဲ့ အခြားပြဿနာတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ မယ်ရီ့ရဲ့အမေက နိုင်ဂျီးရီးယား အမျိုးသမီးဖြစ်ပြီး အီတလီကို လူကုန်ကူးခံခဲ့ ရသူဖြစ်ပြီး အဓမ္မလိင်ဖျော်ဖြေမှု ခိုင်းစေခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့သမီးရဲ့ဈာပနမှာ တုန်ယင်ခြောက်ခြားပြီး ဂဏာမငြိမ် ဖြစ်နေပါတယ်။ သူမက ငိုယိုနေပြီး သူမရဲ့မိတ်ဆွေတွေက နောက်ထပ် နိုင်ဂျီးရီးယား မိန်းမတစ်ယောက်ကို ယူသွားတဲ့ မယ်ရီ့အဖေကို ဒေါသဖြစ်နေကြပါတယ်။

နောက်ဆုံး မယ့်ရီ့ခေါင်းတလား ရောက်ရှိလာပြီး ယောင်္ကျားအုပ်စုက မွတ်စလင်ထုံးစံအတိုင်း အသုဘ အခမ်းအနားကို စတင်ပါတယ်။ နေပူကျဲတဲကြီးအောက်မှာပဲ အာဖရိကန် အသုဘအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

“ဒိုမီတီယာနာ လမ်းမကြီးက ကက်ဆယ်ဗော်တာနိုမြို့ကို ၂၈ ကီလိုမီတာလောက် ဖြတ်သွားပါတယ်။” မြို့ရဲစခန်းက စုံထောက်တစ်ဦးဖြစ်သူ စတက်ဖနို ရစ်ဆီယာဒီအီလိုက ပြောပြပါတယ်။ အဲဒီရဲစခန်းမှာတော့ ဒုစရိုက်အဖွဲ့က ကျူးလွန်တဲ့အမှုတွေ၊ ပြည်တော်ပြန် အမှုတွေ၊ လူသတ်မှုတွေအကြောင်း မှတ်တမ်း အစီရင်ခံစာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဖရိုဖရဲ ရုံးခန်းတစ်ခု ပဲဖြစ်ပါတယ်။
“အာဖရိကန် မာဖီးယားတွေရဲ့ လှုပ်ရှားမှုတွေက မြို့တစ်ခုလုံး ပျံ့နှံ့နေပါပြီ။” သူက လမ်းတစ်လျှောက်မှာ ဖေါက်သည် အလာကို စောင့်နေကြတဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေကို လိုက်လံ ပြသရင်း ပြောပြပါတယ်။

ကုလသမဂ္ဂ အနယ်နယ်ဆိုင်ရာ ရာဇဝတ်မှုနဲ့ တရားဥပဒေ စိုးမိုးရေး သုတေသနဌာန (UNICRI) ရဲ့မှတ်တမ်းများအရ အီတလီမှာ နိုင်ဂျီးရီးယား ပြည့်တန်ဆာ ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဘီနင်မြို့ကနေတစ်ဆင့် ဒိုမီတီယာနာ လမ်းမကြီးနဲ့ အဲဒီလမ်းမကြီး ဆိုက်ရောက်ရာ ကမ်းခြေလို ဥရောပမြို့တော်တွေ၊ ရာဇဝတ်မှု ဇုံတွေဆီကို လူကုန်ကူး ခံခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။
“နိုင်ဂျီးရီးယား ဒုစရိုက်သမားတွေက ကိုလံဘီယာ မာဖီးယားကနေ တရုတ်မာဖီးယားဂိုဏ်းတွေအထိ ဘယ်ဂိုဏ်း မှာမဆို အလုပ်လုပ်လို့ ရတယ်။

သူတို့အတွက် အလုပ်လုပ်ဖို့ လွယ်ကူနေတဲ့ နောက်တစ်ချက်က နေ့ရောညပါ ပြည့်တန်ဆာ လိုက်ရှာနေတဲ့ အီတလီဖေါက်သည် ဦးရေက အင်မတန်များတယ်။” နေပဲလ်စ်ဒေသ မာဖီးယား တိုက်ဖျက်ရေးက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျော်ဗန်နီကွန်ဇိုက ပြောပါတယ်။
“မာဖီးယား ဂိုဏ်းတွေ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်။ ဒေသ တစ်ခုလုံးကို သူတို့တွေ အုပ်စိုးမသွားခင် ကျွန်တော်တို့ တားဆီးရမယ်။” ကွန်ဇာက ဒီလိုပြောနေပေမယ့် သူ့ရဲ့စကားက မျှော်လင့်ချက်ရှိပုံတော့သိပ်မပေါ်ဘူး။

အခုဆို အီတလီမှာ အမျိုးသမီး လူကုန်ကူးမှုတွေ၊ လိင်ကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ ပြောကြရင် အရင်က လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ နိုင်ဂျီးရီးယား အမျိုးသမီး အီဆိုကီအိုက်ပစ်တန်ယီကို နမူနာထားပြီး ပြောကြပါတယ်။ သူမကလည်း အဲဒီ နယ်ပယ်ထဲက အဖြစ်အပျက်တွေကို အားလုံးသိတယ်။ သူမက အောက်ပါအတိုင်း ပြောပြပါတယ်။
“ဒီနေ့ အီတလီမှာ `မာမီကြီး` တွေ အယောက် ၁၀,၀၀၀ လောက်ရှိတယ်။ တစ်ယောက်ချင်းစီမှာ အနည်းဆုံး ပျမ်းမျှ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လောက် ထိန်းထားတယ်။ သူတို့က `အစ်ကိုကြီး`တွေနဲ့ အလုပ်တွဲလုပ်တယ်။ အစ်ကိုကြီး တွေဆိုတာက `ဘေဘီလေး`တွေကို လိင်ဖျော်ရေး လောကထဲကို အဓမ္မ သွတ်သွင်းတဲ့ ကိုယ်တိုင်ကိုယ်ကျ လူကုန်ကူးသူတွေ လေ။”

`ဘေဘီလေး` တွေဆိုတာ ပြည့်တန်ဆာ အဖြစ် အဓမ္မစေခိုင်းဖို့ လူကုန်ကူးလာတဲ့ မိန်းကလေးတွေကိုခေါ်တဲ့ သူတို့လောကရဲ့ အသုံးအနှုန်းပါ။

အာဖရိကန် ဂျူဂျူး ထုံးတမ်းဓလေ့ဆိုင်ရာအစီအမံများ

ဒါပေမယ့် နိုင်ဂျီးရီးယား လူကုန်ကူးမှုတွေမှာ မူးယစ်ဆေးမှုတွေ၊ အောက်လမ်းပညာတွေပါ တစ်ခါတစ်ရံ ပူးတွဲပါလာတတ်ပါတယ်။
အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေဟာ အာဖရိကန် ဂျူဂျူးအောက်လမ်းနည်းပညာနဲ့ စီရင်ထားတဲ့ အစီအမံ ထုံးတမ်းစဉ်လာအရ ကျမ်းသစ္စာ ကျိန်ဆိုရပါသေးတယ်။ သူတို့ကို လူကုန်ကူး လာပေးတဲ့ အစ်ကိုကြီးတွေ၊ မာမီကြီးတွေအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို ကျေအောင်ဆပ်ပါ့မယ်။ ဆပ်ဖို့ ပျက်ကွက်ခဲ့ပါက အသေဆိုးနဲ့ သေပါစေ၊ ရူးပါစေ စသည်ဖြင့်။
“ဂျူဂျူးလို့ခေါ်တဲ့ အဲဒီမှော်အတတ်ဟာ အမှန်တော့ မကောင်းတာ မဟုတ်ဘူး။ အမှန်တရားကို စောင့်ရှောက်ဖို့ ကျင့်သုံး တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လက်ထဲရောက်တော့ တလွဲသုံးတာပဲ။ ပိုက်ဆံရ နေသ၍တော့ အဲဒီပိုက်ဆံ ဘယ်လိုရရ သူတို့ ဂရုမစိုက်ဘူး။ ဂျူဂျူးကိုတောင် ကျွန်ပြုတဲ့လုပ်ငန်းမှာ သူတို့ အသုံးချကြတယ်။” အီဆိုကီက ပြောရင်း စိတ်ဆိုးမာန်ဆိုးဖြစ်နေ သေးတယ်။

အချို့ကတော့ အဲဒီလို ငရဲတွင်းထဲမှာတောင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး တတ်နိုင်သမျှ ကယ်တင်နေကြပါသေးတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ယေရှုသခင်၏ မြင့်မြတ် သန့်ရှင်းသော နှလုံးသားဆိုတဲ့ အသင်းတော်က နိုင်ဂျီးရီးယား သီလရှင် စစ္စတာ အန်တိုနီယာ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၀ ခုနှစ်မှာ ကာဆာဆန်တာမာရီယာ ဒဲလ်အကော့ကလီယန်ဇာ လို့ခေါ်တဲ့ ရိပ်သာ တစ်ခုဖွင့်လှစ်ပြီး ဦးစီး လုပ်ကိုင်နေပါတယ်။ အဲဒီရိပ်သာမှာ အမျိုးသမီး ၇၀ ကျော် နဲ့ အဲဒီမှာမွေးတဲ့ ကလေး ၁၀ ယောက်ကို စောင့်ရှောက်ထားပါတယ်။

“ဆရာလေးတို့ကို ဘုန်းတော်ကြီး ကက်ပွာ၊ မွန်းစ်၊ ဘရူနို၊ စကက်တီနို တို့က ဒီအမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့အတွက် တာဝန်ပေးထားတာပါ။ သူတို့အားလုံးက ပြည့်တန်ဆာ ဖြစ်ဖူးသူတွေချည်းပါ။ သူတို့ဘဝတွေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် ဒီမှာသူတို့အတွက် နေရာရှိတယ်ဆိုတာ သူတို့သိကြပါတယ်။” လို့ စစ္စတာ အန်တိုနီယာက ပြောပြပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ အဲဒီရိပ်သာမှာ ၆ လကနေ တစ်နှစ်အထိ နေလို့ရပြီးတော့ နေထိုင်နေစဉ် အတွင်းမှာ စာပေသင်ကြားခြင်း၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆည်နိုင်အောင် လုပ်ကြရပါတယ်။ သီလရှင်တွေက ရောက်လာတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ဖြစ်စဉ်တွေကို ချရေးခိုင်းပြီး ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက သူတို့ကို ဒီဘဝရောက်အောင် လုပ်ခဲ့တယ် ဆိုတာတွေ ကို ပြောပြစေပါတယ်။

“ဂျူဂျူး ကျမ်းသစ္စာ ကျိန်ခဲ့တာ သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိပါဘူးဆိုတာကို သူတို့နားလည်အောင် ဆရာလေးတို့ ကြိုးစားပြီး ရှင်းပြရတယ်။”

ဒါပေမယ့် လမ်းမတွေပေါ်မှာ ပြည့်တန်ဆာ အလုပ်ကို ဆက်လက် လုပ်ကိုင်ရင်း အကြွေးဆပ်နေရသေးတဲ့ ၊ ဂျူဂျူး ကျမ်းစူးမှာကို ကြောက်ရွံ့နေတဲ့ မိန်းကလေးတွေ အများအပြား တွေ့နေရပါသေးတယ်။ အချို့ဆိုရင် ပြန်ဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅၈,၀၀၀ အထိ အောင်ရှိတယ်။ အကြွေးမပေးနိုင်ရင် သူတို့ပေါ်ကို၊ သူတို့ မိသားစုတွေအပေါ်ကို ဂျူဂျူးကျမ်းစူးမှာလည်း ကြောက်နေတယ်။

စုံစမ်းလေ့လာမှု ဒုတိယ အပိုင်းအဖြစ် ဂျူလီယာနာရူးဖတ်စ်ဟာ အီတလီကနေ နိုင်ဂျီးရီးယားမြို့တော် ဘင်နန်အထိ လိုက်လံပြီးတော့ စုံစမ်းခဲ့ပါတယ်။ ဘင်နန်မြို့ဆိုတာ အင်မတန် ဆင်းရဲတွင်းနစ်နေတဲ့ အမျိုးသမီးတွေအတွက် ဥရောပကို လူကုန်ကူးသန်း ပေးနေတဲ့နေရာဖြစ်ပါတယ်။
ဥရောပ ခရီးစဉ်ကုန်ကျငွေအတွက် အလွန်များပြားလှတဲ့ အကြွေးတွေကို လူကုန်ကူး ဒုစရိုက်ဂိုဏ်းတွေမှာ ဆပ်ကြရပါတယ်။ ဟိုကိုရောက်ရင် ဝင်ငွေကောင်းကောင်းရတဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရှိတယ်ဆိုတဲ့ မက်လုံးတွေနဲ့ လူကုန်ကူးသူတွေက မြှူဆွယ်ကြပါတယ်။ ပြီးတော့ သူတို့ကို ဂျူဂျူး သစ္စာဆိုခိုင်းပြီး အကြွေးပြန်ဆပ်ခိုင်းပါတော့တယ်။

ဥရောပမြေကို ခြေချမိကာမှ သူတို့အတွက် လုပ်စရာ အလုပ်ဆိုတာ ပြည့်တန်ဆာ အလုပ်ပဲရှိပြီး သူတို့ဟာ လိင်ကုန်ကူးခံခဲ့ရတယ် ဆိုတာသိကြရတယ်။ အဲဒီလို လူကုန်ကူးမှုမှာ ပါဝင်တဲ့ ဂျူဂျူးဘုန်းကြီးက သူဟာ လူ့အဖွဲ့အစည်းအတွက် အမှုတော် ဆောင်နေပါတယ် ဆိုတဲ့ အနေအထားနဲ့ ဂျူဂျူးဥပဒေသတွေကို လိုသလို ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်နေတာပါ။

ဒါပေမယ့် ဒီဂျူဂျူး ဓလေ့ဟာ လူကုန်ကူးမှုတွေမှာ လူကုန်ကူးခံရသူတွေကို ချည်နှောင်ဖို့ အသုံးပြုနေတဲ့ အနောက်အာဖရိက ရိုးရာဓလေ့တစ်ခုသာ မဟုတ်ပဲ ဧဝံဂလိ ခရစ်ယာန် တရားဟောဆရာတွေလည်း ပါဝင်တယ်ဆိုတာ ဂျူလီယာနာ သိရှိခဲ့ရပါတယ်။

ရည်ညွှန်း ။ အယ်လ်ဂျာဇီယားသတင်း People & Power ကဏ္ဍတွင်ထုတ်လွှင့်ခဲ့သည့် The Nigerian Connection သတင်းမှတ်တမ်းဆောင်းပါးကို ဆီလျော်စွာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

သီချင်းတွေကို VCD KARAOKE စာတန်းထိုးသလို Desktop ပေါ်မှာစာသား ပေါ်ပေးမဲ့ Software လေးပါ

သီချင်းတွေကို VCD KARAOKE စာတန်းထိုးသလို Desktop ပေါ်မှာစာသား ပေါ်ပေးမဲ့ Software လေးပါ

ကဲဗျာ. ခေါင်းစဉ်မြင်လိုက်တာနဲ့ စိတ်ဝင်စားသွားကြမှာပါ
သီချင်းစာသားတွေကို VCD Karaoke စာတန်းထိုးသလိုလေး လိုက်ပေါ်ပေးနေမှာပါ (English Song Only) နော်..
ဟီး ဟီး .. မြန်မာသီချင်းတွေတော့ ရဘူး အရင်ဆုံး ဒီမှာ အရင်ဒေါင်းလုပ်ဆွဲလိုက်ဗျာ..ပြီးရင် install လုပ် install လုပ်တဲ့နေရာမှာ
Next ကိုပဲ ဆက်တိုက်နှိပ်သွားလိုက်ပါ Select Players ဆိုပြီးဘာညာသာရကာ ပြထားတဲ့နေရာမှာ
Support AIMP2,Support MediaMonkey,Support JetAudio စတဲ့နေရာမှာ လည်းဘာမှ ရွေးမပေးပါနဲ့ 
ကျွန်တော် install လုပ်တုန်းက အဲ့နေရာမှာတော်တော်တိုင်ပတ်သွားလို့ ပါ အဲ့ဒါကြောင့် အခုလို ရှင်းပြပေးရတာပါ
ဆရာကြီးလုပ်တယ်လို့ တော့ မထင်စေချင်ပါဘူး install လုပ်တာက အစ လိုက်ပြောနေလို့  :)
အကုန်လုံး Next ပြီးပြီဆိုရင်တော့ install လိုက်လို့ ရပါပြီ
(တစ်ခုကျန်သွားလို့ ပါ ကျွန်တော် ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်မှာ keygen.exe ဆိုပြီး ဖိုင်တစ်ခုပါပါတယ် ဒါပေမဲ့
အဲ့ကောင်ကို Antivirus တွေက ပိတ်ပစ်ပါတယ် အဆင်မပြေပါဘူး အဲ့ဒါကြောင့် serial ဆိုပြီး notepad ဖိုင်တစ်ခု
ထည့်ပေးထားပါတယ် အဲ့ထဲမှာ name နဲ့ regristraion code ကိုထည့်ပေးထားပါတယ် လုပ်ကြည့်လိုက်ပါ )
ကဲ install ပြီးသွားရင် သီချင်းတစ်ပုဒ် လောက်ဖွင့်ကြည့်လိုက်ကြပါ .. English သီချင်းနော်..
ကြည့်ကြည့်လိုက်ဗျာ. ကျွန်တော် Sean Kingston ရဲ့  Beautiful Girls ဆိုတဲ့သီချင်းဖွင့်လိုက်ပြီ ဒီလိုလေးပေါ်လာပါပြီ



Image and video hosting by TinyPic


Image and video hosting by TinyPic

ကဲ ကြည့်ကြည့်လိုက်ဗျာ.. ဒါပေမဲ့ တစ်ခါတစ်လေ Lyric တွေကို သူ့ ဟာသူ မပြပေးတာမျိုးတွေဖြစ်တတ်ပါတယ်
ဘယ်လိုမျိုးတွေကို မပြပေးတာလဲဆိုတော့ ကိုယ်ဖွင့်တဲ့သီချင်း နာမည်ကို သူမသိတာပါ အဲ့ဒါကြောင့်
အရေးအကြီးဆုံးက သီချင်းတွေကို rename ပေးတဲ့နေရာမှာသေသေချာချာလေးပေးရင် ကိုယ်တောင်ရှာစရာမလိုပါဘူး သူ့ ဟာသူ ရှာတွေ့ ပါတယ်.. တကယ်လို့ သူရှာမပေးရင်လည်း ကိုယ့်ဟာကိုယ် ရှာပေးရပါတယ် ကိုယ့်ဟာကိုယ် ရှာရတာကလည်း မခက်ပါဘူး ဒီလိုလေးဗျာ.
မြှားပြထားတဲ့ ဟာလေးကို click လိုက် ပါ

Image and video hosting by TinyPic

အဲ့ဒါဆို ဒီလို box လေးထပ်ကျလာပါလိမ့်မယ်..

Image and video hosting by TinyPic

ရှာလို့ တွေ့ ပြီဆိုရင် အဲ့လိုလေး ပြပါတယ်.. တကယ်လို့ ရှာနေတယ်ဆိုရင်တော့ ရှာနေတယ်ဆိုတဲ့အကြောင်းလေး
ပေါ်နေမှာဖြစ်ပြီး plz wait ခဏစောင့်ရပါတယ်..
အဲ့မှာ Artist ဆိုတဲ့နေရာမှာ အဆိုတော်နာမည်ထည့်ပြီး Title ဆိုတဲ့နေရာမှာသီချင်းနာမည်ထည့်လိုက်ပါ
ကိုယ့်ဟာကိုယ်တောင်ထည့်စရာမလိုပါဘူး အဲ့ဒါတွေကို ဘေးက down arrow လေးကို နှိပ်လိုက်ရင် ရှိပါတယ်..
ပြီးရင် အောက်က ကျလာတဲ့ သီချင်းတွေထဲက တစ်ပုဒ်ကို double click လိုက်ရင် သူ့ အလိုလို
သီချင်းသံနဲ့  စာသားနဲ့ တစ်ထပ်တည်း ပေါ်နေမှာပါ (တစ်ချို့ က အသံနဲ့  စာသား တစ်ထပ်တည်းကျအောင် မပေါ်ပါဘူး) ... တကယ်လို့ မပေါ်ဘူးဆိုရင် နောက်တစ်ခုကို ထပ်ပြီး နှိပ်ပေးလိုက်ပါ
တစ်ခုမပေါ်ရင်တစ်ခုကိုထပ်ပြီးနှိပ်ပါ . တကယ်လို့ Desktop ပေါ်မှာ floating lyric(အပေါ်က ပုံမှာပြထားတဲ့အတိုင်း စာသားအနီရောင်လေးကိုပြောတာပါ) အနေနဲ့ မပေါ်ဘူးဆိုရင်တော့ taskbar ပေါ်က miniyric ဆိုတဲ့ icon လေးပေါ်မှာ right click နှိပ်ပြီး floating lyric ဆိုတာလေးကို ရွေးပေးလိုက်ပါ


Image and video hosting by TinyPic

ကဲဗျာ. အားလုံးပြီးပြည့်စုံအောင်လုပ်ပြီးသွားပြီဆိုရင်တော့ google မှာသီးခြား သီချင်းစာသားတွေလိုက်ရှာနေစရာမလိုတော့ပဲ မိမိတို့ ရဲ့ Desktop ပေါ်မှာ VCD Karaoke စာတန်းထိုးသလို သီချင်းတိုင်းကို လိုက်ဆိုလို့ ရပါပြီ အဲ့ Lyric တွေကို save ထားလို့ လည်းရပါတယ်. save lyric ဆိုပြီးရှိပါတယ်..
task bar ပေါ်မှာ right click, lyric ဆိုတာလေးရဲ့ လေးမှာ save lyric ဆိုပြီးရှိပါတယ် ထုံးစံအတိုင်း
Ctrl+S ဆိုရင်လည်းရပါတယ် . အဲ့ဒါတွေကိုပြန်ဖွင့်ချင်တယ်ဆိုရင် အဲ့နေရာမှာပဲ open lyric ဆိုပြီးရှိပါတယ်..


ကဲ ကျွန်တော်တို့ MMIT က အကိုတွေ အမတွေအတွက် အလွန်အသုံးဝင် အဖိုးတန်မဲ့ Software လေးတစ်ခု
ဖြစ်တာကြောင့် အားရ၀မ်းသာစွာနဲ့  တင်ပေးလိုက်ရပါတယ်. ကျွန်တော်လည်း အဲ့ဒါလေးကို ဆိုဒ်တစ်ခုကတွေ့ တာပါ မူရင်းလင့်ခ်ကို မဖော်ပြနိုင်တဲ့အတွက် အရင်ရေးသားသူကို ဒီမှာပဲ တစ်ခါတည်းတောင်းပန်လိုက်ပါရစေ
နားလည်လိမ့်မယ်လို့ လည်းထင်ပါတယ် .. ဗျာ.

တကယ်လို့ အဆင်မပြေသေးဘူးဆိုရင်တော့ ကျွန်တော် sample လုပ်ထားတဲ့ Video ဖိုင်လေးရှိပါတယ်. အဲ့ဒါကိုတော့ ဒီမှာ သွားယူလိုက်ပါ
လုပ်လို့ အဆင်မပြေဘူးဆိုမှ ယူပါဗျာ. ဒေါင်းလုပ်ဆွဲရတာ ကြာမှာစိုးလို့ ပါ ဘာမှတော့သိပ်မဟုတ်ပါဘူး
lyric ရှာလို့ မတွေ့ တဲ့ Tokyo Drift ကို ရှာပြပေးထားတာပါ အဲ့ဒါ ပထမအပေါ်ဆုံးတစ်ခုကိုနှိပ်လိုက်တော့
စာသားနဲ့ အသံနဲ့ ကမကိုက်သေးဘူး အဲ့ဒါနဲ့ဒုတိယ တစ်ပုဒ်ကို နှိပ်လိုက်မှ ကွက်တိကျသွားတယ်.
အဲ့ဒါလေးကို လုပ်ပြထားတာပါ .. Sample video လေးက quality တော့ သိပ်မကောင်းပါဘူး web cam
နဲ့ မရရအောင်ရိုက်ထားလို့ ပါ Screen Recorder တွေက အဲ့ floating lyric တွေကို
လုံးဝလိုက်မမှတ်ပေးပါဘူး အဲ့ဒါကြောင့် web cam နဲ့ ရိုက်ထားလို့ quality တော့သိပ်မကောင်းပါဘူး
သည်းခံပြီးကြည့်ပေးကြပါ ..
အဲ့ဒါကလုံးဝကို Vcd စာတန်းထိုးသလိုပါပဲ .. ကျော်လိုက်မယ်ဆိုရင်လည်း
အဲ့ကျော်လိုက်တဲ့နေရာအထိ စာသားက ရောက်သွားမှာပါ
ဒီလောက်ဆိုရင်တော့ အားလုံး အဆင်ပြေလောက်ပါပြီဗျာ.

Video Convert Master+Serial

Video Convert Master+Serial




Video Convert Master | 16.68 MB

ဒီစော့ဝဲကတော့ Video File တွေကို convert လုပ်ခြင်း ၊ split လုပ်ဆောင်ခြင်း ၊ burn ခြင်း စတာတွေကို ကို လုပ်ဆောင်နိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်....လုပ်ဆောင်ပေးနိုင်တဲ့ File Type တွေကတော့ AVI, MPEG, MPEG 1, MPEG 2, MPEG 4, VCD, DVD, SVCD, RMVB, RM, WMV တို့အပြင် ကျန်တဲ့ ဖိုင်တိုက်တော်တော်များများကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....

Photobucket
Ifile | Mediafire

 

Adrosoft AD Audio Recorder 2.0

Adrosoft AD Audio Recorder 2.0


Adrosoft AD Audio Recorder 2.0 | 1.4 MB

ကွန်ပျူတာနဲ့ အသံသွင်းချင်သူတွေအတွက်ဖိုင်ဆိုဒ်သေးပြီးအတော်အလုပ်လုပ်ပါတယ်။


Windows Registry မြန်မာလို

Windows Registry မြန်မာလို

Windows Registry မြန်မာလိုစာအုပ်ပါ
မ၇ှိသေးတဲ့သူငယ်ချင်းများအောက်မှာယူနိုင်ပါတယ်။
ရေးသားသူ = မောင်ထူးချွန်

Password >> keekee

Photobucket

Download

Photoshop CS Tools

Photoshop CS Tools

Photoshop Cs,Cs2,Cs3,Cs4,Cs5 မှာသုံးတဲ့ Tools တွေရဲ့အသုံးပြုပုံအသေးစိတ်ကို အလွယ်တစ်ကူနားလည်အောင်နမူနာပုံတွေနဲ့အတူ အ၇ိုးရှင်းဆုံးတင်ပြထားတဲ့စာအုပ်ပါ။
မ၇ှိသေးသူများ ယူနိုင်ပါတယ်။ ရေးသူ = မျိုးဆက်သစ် (Mr.photo )

PassWord >> keekee

Photobucket

Download

Photoshop CS3 မြန်မာလို

Photoshop CS3 မြန်မာလို

Photoshop CS3 မြန်မာလိုစာအုပ်ပါ
ေ၇းသားသူ = ဦးအောင်နိုင်မော် (မျက်ပွင့်စာပေ )

PassWord>>> keekee

Photobucket

Download

total video converter နှင့် mp3 ခြုံ့နည်း converter အသုံးပြုပုံနည်းလမ်းမျာ

အောက်ပါဆော့ဝဲလေးကတော့ video fileကနေ mp3 mp4 flash song ပညာရှင်တွေအတွက် mp3 sizeပါ ခြုံ့လို့ရတဲ့ total video converter ပါ

ဆော့ဝဲကိုအောက်မှာနှိပ်ပြီးဒေါင်းပါ


သူ့ရဲ့registerကုတ်ကိုဒီကိုနှိပ်ပြီးယူပါ

မှတ်ချက်။ ။ ကုတ်ယူရာတွင်အောက်စာကြောင်းမှကဏာန်းများသာ
ယူရန်လိုအပ်ပါသည်ဆော့ဝဲကို register code ထည့်ပြီး register လုပ်ပြီးပါကစတင်အသုံးပြုလို့ရပါပြီ ဆော့ဝဲအသုံးပြုပုံကို mp3 ပြောင်းလဲပုံမှစ၍ ပုံနှင့်တကွရှင်းပြပါ့မယ်
အဆင့်(၁) mp3ပြုလုပ်ရန် ဆော့ဝဲကို rumလိုက်ပါ new testကို နှိပ်ပြီး import files ကလစ်ပြီး ကွန်ပြူတာထဲမှ folderတခုခုမှဖြစ်စေ vcd မှဖြစ်စေ မမိုရီစတစ်မှဖြစ်စေ video filesကိုရွေးလိုက်ပါ openနှိပ်ပါ


အဆင့်(၂) ပေါ်လာသော အကွက်မှ mp3 audio ပေါ်သို့မျှားသွား၍ mp3 audioကိုရွေးပေးပါ

အဆင့်(၃) setting ၀င်၍ Audio Option ထဲတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်များကိုချိန်ပါ ထိုကုတ်ကို အမြဲအသုံးပြုလိုပါက save & apply လုပ်ထားပါ ပြီးနောက် convert ကိုနှိပ်ပါ mp3 စက်များ mobile phone များတွင် ထည့်သွင်းနားထောင်နိုင်သော mp3ရရှိမည်ဖြစ်ပါတယ်

အောက်ပါပုံကတော့ flsah song ပညာရှင်များ mp3 ခြုံ့ရန်အသုံးပြုဖို့ကုတ်ပါ ပုံကိုကြည့်၍ကုတ်ချိန်ပါ

video file size အကြီးမှ mobile phone တွင် ထည့်သွင်းကြည့်ရှုနိုင်သော mp4ပြုလုပ်နည်း
mp3 ပြုလုပ်စဉ်ကနည်းအတိုင်းပင် video file ကို ရွေးပြီးထည့်ပါ အောက်ပါပုံတင်ပြထားသည့်အတိုင်း mpeg4Videoကိုရွေးချယ်ပါ


setting ၀င်၍ audio option ကို အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်ချိန်ပါ

အောက်ပါပုံတွင်ပြထားသည့်အတိုင်း video option ကို ကုတ်ချိန်ပါ

အောက်ပါပုံတွင်ပြထားသည့်အတိုင်း Video resize ကို ကုတ်ချိန်ပါ ထို့နောက် save and apply လုပ်ထားပါ ပြီးလျှင် convert နှိပ်၍ mp4ပြောင်းနိုင်ပါပြီ
     

CYBERLINK POWER DVD 11 Ultra

  CYBERLINK POWER DVD 11 Ultra 
 ဆိုတဲ့စောဝဲလ်လေးကိုအားလုံးပဲသိထားကြပြီးသားပဲဖြစ်မှာပါ

ထွေထွေထူးထူးတွေလည်းရှင်းပြမနေတော့ပါဘူးအောက်ကပုံ
လေးကိုမြင်လိုက်တာနဲ့ အားလုံးပဲသိထားကြလိပ်မယ်လို့ မျှော်
လင့်ပါတယ်လိုချင်တဲ့ သူများအောက်မှာဒေါင်းသွားကြပါ အဆင်
ပြေပြေလေးအသုံးပြုနှိုင်အောင်ကျနော်Keyganလေးပါထည့်ပေး
ထားတယ်....အားလုံးပဲအဆင်ပြေကြပါစေဗျာ...

CYBERLINK POWER DVD 11 (90 mb)  ဒေါင်းရန်
 



CYBERLINK POWER DVD 11 Keygan (104 kb) ဒေါင်းရန်
 

Database မိတ်ဆက် (မြန်မာEbook)

Database ကအခုနောက်ပိုင်းမှာ အရေးကြီးလာပါပြီး အခု ကျွန်တော်တို့ Google မှာ ရှာလိုက်တာနဲ့

အပေါ်ဆုံးကထွတ်လာတာ ကိုယ့်လိုချင်တဲ့ ဆိုဒ်က ထပ်ဆုံးက ထွတ်လာတာမျိုး၊ တခါတလေ ကိုယ်ရှာလိုက်
တာနဲ့ ထွတ်လာတာနဲ့က အခြားစီဖြစ်နေတာမျိုး.. စတဲ့ အကြောင်းအရာလေးတွေရဲ့ အခြေခံအရင်းမြစ်ဖြစ်တဲ့
Database အကြောင်း မိတ်ဆက် မြန်မာ ebook လေးကို ဝေမျှပေးလိုက်ပါတယ်။
OR
OR

မိမိဝက်ဆိုက်ကို တစ်နေ့ ဘယ်နှစ်ယောက်လာကြည့်ကျလဲ ၊ ဘယ်ပို့စ်ကို ပိုစိတ်ဝင်စားကျလဲဆိုတာကို သိချင်ရင်။

မိမိဝက်ဆိုက်ကို တစ်နေ့ ဘယ်နှစ်ယောက်လာကြည့်ကျလဲ ၊ ဘယ်ပို့စ်ကို ပိုစိတ်ဝင်စားကျလဲဆိုတာကို သိချင်ကျမှာပါ … စီးပွါးရေးအတွက်နဲ့ ထောင်ထားတဲ့ဆိုက်ဆိုလျှင်လဲ customer က ဘယ်ပစ္စည်းကိုဖြင့်အများဆုံး ကြည့်ကျလဲ ၊ ဘယ်ဟာကတော့ ၀ယ်လိုအားတက်နိုင်တယ် စသဖြင့် သိချင်လျှင် အောက်ပါနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ် …
အဲဒါကတော့ Google ကပေးထားတဲ့ Google Analytics ဆိုတဲ့ feature ပါပဲ ..
လုပ်နည်းကတော့ အရင်ဆုံး Google Analytics မှာ Sign up လုပ်ရပါမယ် ..
https://www.google.com/analytics/ အဲဒီမှာ Signup လုပ်ပါ အစီအစဉ်အတိုင်းလုပ်လိုက်ပါ … တစ်ခုပဲပြောစရာရှိတယ် ..
Website’s URL တောင်းရင် မိမိရဲ့ ဆိုက်နာမည်(ဒါမှမဟုတ်ကြည့်ချင်တဲ့ဆိုက်)ကိုထည့်ပေးရမှာဖြစ်ပါတယ် ..
ကျန်တာက မခက်ပါဘူး .. signup လုပ်ပြီးနောက် မိမိအား ကုတ်ပေးပါလိမ့်မည် .. အဲဒီကုတ်အား tag မတိုင်ခင်ထည့်ရပါမယ် .. wordpress မှာဆို header.php မှာရှိပါတယ် …
ထည့်ပြီးပါက https://www.google.com/analytics အဲဒီနေရာကနေ စောစောက အကောင့်ဖောက်ထားတဲ့ ဟာနဲ့ ၀င်လိုက်ပါ .. ဒီလိုတွေ့ ရပါမယ်


အဲဒီမှာ မိမိထည့်ထားတာ active ဖြစ်မဖြစ်ကို Tracking Unknown အောက်က Check Status နှိပ်ပြီးစစ်နိုင်ပါတယ် .. သူပြောတာကတော့ active ဖြစ်ရန် ၂၄ နာရီစောင့်ရတယ်လို့ ပြောပါတယ် .. active မဖြစ်သေးရင် စောင့်ပါ .. active ဖြစ်ပြီးဆိုရင်တော့ ရပါပြီး .. မိမိဆိုက်ကို ဘယ်နှစ်ကြိမ်လာကြည့်ကျသလဲ .. ဘယ်ပို့စ်ကိုဖြင့် လူကြိုက်အများဆုံးလဲ စသဖြင့် ကြည့်ရှုနိုင်ပါတယ် …


ကျန်တဲ့ feature တွေအများကြီး ရှိပါသေးတယ် .. မိမိဘာသာဆက်လက်ကလိကျပါ .. ကျေးဇူးတင်ပါတယ်

Serial Keys များစွာ

Windows 7 Ultimate Product key and default keyProduct key: 342DG-6YJR8-X92GV-V7DCV-P4K27  Default Product Key: D4F6K-QK3RD-TMVMJ-BBMRX-3MBMV

Adobe Photoshop Cs5 keys
1330-1270-2109-5153-8837-9231  1330-1953-8438-8500-7117-3533
1330-1158-3088-0438-6574-0867  1330-1361-6670-4304-7886-6688
1330-1241-0674-5648-4729-1904  1330-1397-1014-7571-2817-1355
1330-1250-9206-4495-3796-9368  1330-1331-8999-1502-9478-2917
1330-1281-8916-6015-7348-5124  1325-1558-5864-4422-1094-1126
1325-1958-5864-4422-1094-1178  1330-1615-1663-0498-6205-1791
1330-1953-8438-8500-7117-3533  1330-1158-3088-0438-6574-0867


Microsoft Office 2010 key
P8TFP-JGFMM-XPV3X-3FQM2-8K4RP

Microsoft Visual Studio 2010 key
YCFHQ-9DWCY-DKV88-T2TMH-G7BHP

Adobe Flash Professional CS4 key
1302-1487-6497-3671-4940-7210

Adobe Flash Professional CS5 key
1302-1323-8855-5177-4480-1518

Adobe Flash Professional CS 5.5 key
1302-1453-0943-6440-5287-2023


Eset Nod32 Antivirus Smart security 4 to 2016 
Username: EAV-48894407 : 36pcuuvnjs

Uniblue DriverScanner 2011 key
PS-FAQ2S-KCVE7-3JWEA-YNUK5-X57S9-D25YZ

BDlot Video Converter

BDlot Video Converter


သူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်လေးက ဖိုင်ပြောင်းတဲ့ဆောစ့်ဝဲလ်လေးပါ

သူကပရိုမိုးရှင်းပေးထားပါတယ် စိတ်ဝင်စားရင်တော့ promo page မှာ Download လုပ်နိုင်ပါတယ်

သူက စက်တင်ဘာ 10ရက်နေ့ထိဘဲ ဒေါင်းလော့လုပ်ခွင့်ပေးပါတယ် သွားရပျင်းတဲ့သူတွေအတွက်
License Code: BT-TNTXYYGV-QJFQFJ Download အဆင်ပြေကျပါစေ

မီးကျွမ်းနေသော အသည်း နှင့် Animator ပုံတွေ ကိုကလိချင် သူတွေအတွက်ဆောစ့်ဝဲလ်


မီးကျွမ်းနေသောအသည်း Gadget လေးပါ…………..မီးလောင်နေတဲ့ပုံလေးက

တော်တော်လေးကိုလှပါတယ်………သူငယ်ချင်းတို့သုံးကြည့်ကြည့်ပါ
http://www.4shared.com/
(သို့)
နောက်တစ်ခုကတော့ ကွန်ပျူတာ Desktop ငါးလေးနှစ်ကောင်ဟိုသွားဒီသွား
လုပ်နေရင်းနဲ့ ငါးနှစ်ကောင်တိုက်မိရင်အသည်းပုံပေါ်လာတဲ့ဆောစ်ဝဲလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ် (၀င်းဒိုး XP အတွက်သာ)
နောက်တစ်ခုက ဓာတ်ပုံကလိချင်တဲ့သူတွေအတွက်အဆင်ပြေမယ်ဆောစ့်ဝဲလ်လေးပါAnimator ပုံတွေကိုပြန်ပီးတော့တည်းဖြတ်ပေးနိုင်တဲ့ဆောစ့်ဝဲလေးပါ
(သို့)
နောက်တစ်ခုကတော့ကွန်ပျူတာသုံးသမားတိုင်းသိတဲ့ WinRAR 4 ဆောစ့်ဝဲလ်ပါ
ပေါ်လာတော့ကြာပီဆိုပေမယ် အသုံးလိုသူအတွက်ပြန်တင်ပေးထားတာပါ
(သို့)

ကွန်ပျူတာသုံးရင် ရုပ်သံလိုင်းကြည့်တာဝါသနာပါသူအတွက်
အဆင်ပြေစေမယ့် anyTV_Pro_v51Portable ဆောစ့်ဝဲလ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲဆောစ့်ဝဲလ်မှာ လိုင်းတော်တော်စုံပါတယ် စိတ်ဝင်စားတဲ့သူဒေါင်းသွားပေါ့ဗျာ
(သို့)
Flash ဆောစ်ဝဲလ်တစ်ခုနဲ့လည်းမိတ်ဆက်ပေးချင်ပါသေးတယ်
ဓာတ်ပုံကိုသီချင်းနဲ့တွဲပီး Flash ဖိုင်လုပ်လို့ရတဲ့ဆောစ့်ဝဲပါ
မိမိပုံတွေကို Flash ဖိုင် အသွင်ပြောင်းပြီးတော့ မိမိစာမျက်နှာပေါ်မှာတင်ထားလို့ရပါတယ်
အောက်ကလင့်တွေက Portable ဆောစ့်ဝဲပါ
ဖန်ရှင်တော်တော်စုံပါတယ် မိမိကွန်ပျူတာမှာ
အင်တာနက်ချိတ်ထားရင် အင်တာနက်ကနေထပ်ပြီးတော့
ဖန်ရှင်လှလှတွေကိုဒေါင်းလော့လုပ်လို့ရပါသေးတယ်

DVD ကနေ VCD ပြောင်းတဲ့ Software

DVD ကနေ VCD ပြောင်းတဲ့ Software ပါ။




DVD ကနေ VCD ပြောင်းတဲ့ software တွေမှာ vcd cutter ,Total video converter,best video converter စတဲ့ software မျိုးစုံရှိပါတယ်။function စုံတာနဲ့ မစုံတာတော့ ကွာမှာပါ။ ဒီ Inter Video DVD Copy software ကတော့ DVD,VCD,Super VCD နဲ့ Div X ဆိုပြီး ၄ မျိုးပြောင်းနိုင်ပါတယ်။ ပထမဆုံး Inter Video DVD Copy software ကို install လုပ်ပြီးရင် တစ်ပါတည်းပါလာတဲ့ SN.TXT ကိုဖွင့်ပြီး အပေါ်မှာ ပြထားတဲ့ အတိုင်း License Activation လုပ်ပေးရပါမယ်။ ပြီးရင် okay ပေးတာနဲ့ full version ဖြစ်သွားပါပြီ။…….
အပေါ်ပုံမှာအနီရောင်မျှားနဲ့ ပြထားတဲ့ 1.source နောက်မှာပါတဲ့ icon ကိုနှိပ်ပြီး ပေါ်လာတဲ့ Browser for Folder ထဲကနေ ပြောင်းလိုတဲ့ file ရှိသော drive ကိုရွေးပါ။

အပေါ်ပုံမှာအနီရောင်မျှားနဲ့ ပြထားတဲ့ Target နောက်မှာပါတဲ့ icon ကိုနှိပ်ပြီး ပေါ်လာတဲ့ Browser for Folder ထဲကနေ ပြောင်းပြီးသား file သိမ်းလိုသော drive ကိုရွေးပါ။
အပေါ်ပုံမှာအနီရောင်မျှားလေးခုပြထားတဲ့ Tab လေးခုထဲက မိမိနှစ်သက်ရာ Format ကိုရွေးပါ။ အနက်ရောင်မျှားပြထားတဲ့ icon ကိုနှိပ်ပြီး optional Setting မှာ အသေးစိတ်ထပ်ပြင်နိုင်ပါတယ်။
စိတ်ကြိုက်ပြင်ပြီးသွားရင် Start Burning ကိုနှိပ်ပြီး ပြောင်းလို့ရပါပြီ။
အဆင်ပြေပါစေ…..
အသေးစိတ်သိချင်ရင်တော့အပေါ်ဆုံးညာဘက် မှာရှိတဲ့ help (?) လေးကိုနှိပ်ပါ။
ဒီနေရာမှာ ဒေါင်းပါ။

Online ကနေ မြန်မာပြည်TV လိုင်းကြည့်ကြမယ်


အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး  တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။

DOWNLOAD TVU Player    (Downloads times 1454)

DOWNLOAD FROM IFILE.it