Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

နိုင်ငံတစ်ကာရောက် မြန်မာမြန်မာဒုက္ခသည်တွေ မြန်မာပြည်ပြန်ဖို့အသင့်ဖြစ်နေ


စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးမယ်ဆိုရင် နိုင်ငံတစ်ကာရောက် မြန်မာမြန်မာဒုက္ခသည်တွေ အနေနဲ့ မြန်မာပြည်ပြန်ဖို့အသင့်ဖြစ်နေ ပါပြီလို့ United States Of America ရောက်ရှိနေတဲ့ ကိုဆွေလေးက ယခုလို ပြောပြပါတယ် " တစ်ကယ်သာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တစ်ကယ်ကျင့်သုံးပြီဆိုရင် နိုင်ငံရေးအကျင်းသားတွေချက်ချင်းလွှတ်ပေးပါ၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့အပစ်အခတ်ရပ်ပါ ၊ ဒီလိုဆိုရင်ကျွန်တော်တို့ နိုင်ငံတကာရောက် ဒုက္ခသည်တွေပြန်လာဖို့အသင့်ဖြစ်နေပါပြီလို့ပြောပါတယ်။

မလေးရှားက မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိ


သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှားဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့် ပါ ဝင်တဲ့ လုပ်ငန်းစဉ်တခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ ပါတယ်။ ဒီညွှန်ကြားချက်ရဲ့အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား တနေ့ထက်တနေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့ တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ်လာခဲ့တာပါ။

ဒီလိုဆောင်ရွက်လာစဉ်မှာပဲ ဒီစီမံချက်တွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ များပြားလှတဲ့ ဒုက္ခ သည်တွေလည်း အကျူံးဝင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒါ့အပြင် တ ရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို လက်ခံပြီး အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စား သောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ အားလုံးကိုလည်း ထိရောက်စွာနဲ့ အရေးယူသွားပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါသေးတယ်။ ဒီတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေး ထားတဲ့ လုပ်ငန်းပိုင်ရှင်တွေ အတော်များများက နေပြီးတော့ တရားဝင် အလုပ်သမားတွေအဖြစ် ဆောင်ရွက် စေဖို့ သူတို့တွေရဲ့အလုပ်သမား (ဒုက္ခသည်) တွေကို ကမ်းလှမ်းပြောဆိုလာပါတယ်။ တဆက်တည်းမှာပဲ ဒုက္ခ သည်အဖြစ်နဲ့ဆိုရင် ဘယ်လုပ်ငန်းခွင်မှာမှ လုပ်ကိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ အလုပ်ရှင်တွေက တသံ တည်း ထွက်ပေါ်လာတာပါ။

ဒီပြဿနာဟာ မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေနဲ့အတူ မြန်မာဒုက္ခသည် တော်တော်များ များကို ဂယက်ရိုက်ခတ်စေပါတယ်။ ဒီလို ဂယက်ရိုက်နေကြစဉ်မှာပဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ကြေညာချက်တစောင် ဇူလိုင်လ (၇) ရက်နေ့မှာ ရေးသားထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာ “ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ် လုပ်ခွင့် တရားဝင်ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ဖို့ စတာတွေအတွက် ပိုက်ဆံပေးစရာ မလိုတဲ့ အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင်ဆောင်ရွက်ရန် မလိုဘူး”လို့ ရေးသားဖော်ပြထားပါတယ်။

တဘက်မှာ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဆောင်ရွက်နေသလို အခြားတဘက်မှာလည်းပဲ တနေ့ထက်တနေ့ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေတွေကို လျှော့ချနိုင်ဖို့ မလေးရှားအစိုးရနဲ့ UNHCR ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခ သည် သတင်းရပ်ကွက်က ထွက်ပေါ်လာတာပါ။ ဒီနေရာမှာ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေကို လျှော့ချဖို့ ဆို တာကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ များပြားစွာသော ဒုက္ခသည်အမည်ခံသူတွေဟာ တကယ် တမ်းကြည့်မယ်ဆိုရင် ဒုက္ခသည်အစစ်အမှန် အရေအတွက်က အင်မတန်မှ နည်းပါးလွန်းပါတယ်။ အတုအ ယောင်နဲ့ ဟန်ဆောင်လိမ်လည်သူတွေ များလာတာကို UNHCR အနေနဲ့ သတိပြုမိနေခဲ့တာလည်း ကြာပါပြီ။ ဒီပြဿနာကို အကောင်းဆုံးသော ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းမှ ရတော့မယ်ဆိုပြီး နားလည် လက်ခံခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ UNHCR နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ လက်တွဲ ပြီးတော့ အော်ပရာဇီ (အထူးစီမံချက်) တွေနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ် ပါလိမ့်မယ်။

ဒီအခါမှာ မလေးရှားမှာရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ကို ကြံ့ကြံ့ခိုင်ပြီး ရင်မဆိုင်ရဲဘူး အလွယ်တကူ လက်လျှော့လိုက် မယ်ဆိုရင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားမှာဖြစ်သလို နေဝင်ချိန်ရောက်ခဲ့ပြီလို့ ပြောလို့ရတဲ့ အခြေအနေနဲ ကြုံတွေ့လာရမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ မလေးရှားအစိုးရအနေနဲ့ သံတမန်ရေးရာအရရော UNHCR နဲ့ ဘယ်ပဋိ ညာဉ်စာချူပ်ကိုမှ ချူပ်ဆိုထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒုက္ခသည်တွေကို တရားမဝင် နိုင်ငံတွင်း ဝင် ရောက်သူဆိုတဲ့ အချက်နဲ့ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံရဲ့မူဝါဒ ပေါ် လစီကို ခန့်မှန်းရခက်နေပါတယ်။ တရားဝင်အားဖြင့် သံတမန်ရေးရာအရ လက်မှတ်ရေးထိုးထားခြင်း မရှိပေ မယ့် UNHCR ရုံးဟာ မြို့တော် ကွာလာလမ်ပူမှာ အခြေစိုက် ဖွင့်လှစ်ခွင့်ပေးထားတာရယ်၊ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ (၇၀) ရာခိုင်နှုန်းသော ဒုက္ခသည်တွေကို အမေရိကန်က တရားဝင်ခေါ်ယူနေတာတွေ၊ UN- HCR နဲ့ တရားဝင် လက်မှတ်ရေးထိုးထားတဲ့ သြစတြေးလျလို နိုင်ငံမျိုးက ဒုက္ခသည် (၈၀၀) ကို မလေးရှားမှာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် ရယူကြတာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ မလေးရှားအစိုး ရရဲ့ မြှုပ်ကွက်တွေပါ။

မလေးရှားနိုင်ငံမှာ တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့တွေရဲ့ ပျမ်းမျှ လ စာအဖြစ် တလကို (၈၀၀) ရင်းဂစ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့လစာဟာ တလကို ရင်းဂစ် (၁,၁၀၀) ကနေ (၁,၄၀၀) ရင်းဂစ်အထိ ရှိနေပါတယ်။ ဒီအချက်ကြောင့် မလေးရှားနိုင်ငံကို တရားဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အကုန်လုံးလိုလို အိုဗာစတေး အ ဖြစ်ခံပြီးတော့ ဒုက္ခသည် ခံယူလိုက်ကြတာလည်း ဖြစ်ပါတယ်။ နောက်တချက်က ရဲတွေ၊ Rela (ခေါ်) အရံရဲ တွေနဲ့ တွေတဲ့အခါ ပါ့စ်ပို့တ် ကိုင်ဆောင်ထားသူတွေထက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတမ်း ကိုင်ဆောင်ထားသူတွေက ပိုပြီးတော့ လွတ်မြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အများစုက ဒုက္ခသည်အဖြစ် ခံယူဖို့ စိတ်ဝင်စားလာကြတာပါ။

မလေးရှားနိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းကြီးတွေဟာ တရုတ်လူမျိုးတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပါပြီ။ ခုတကြိမ် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော အလုပ်သမားနေရာကို မြန်မာဒုက္ခသည်တွေက လွှမ်း မိုးသွားမလား ဆိုတာကလည်း နိုင်ငံသားတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အချက်တခုပါ။

မြန်မာဒုက္ခသည်တွေ အပါအဝင် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ အခြားသော နိုင်ငံခြားသား အတော်များများဟာလည်းပဲ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ထဲ မှာ ပါဝင်ဆောင်ရွက်မှု လုံးဝမရှိသလောက်ဖြစ်နေတာကြောင့် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက စိတ်ပျက် သလောက်ဖြစ်နေတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေထဲမှာ အရိပ်အမြွက်ချ ပြောကြားထားတာကို တွေ့နေ ရပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံရဲ့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ လူဦးရေ ခန့်မှန်းချက်ဟာ နှစ်သန်း ကျော်မျှ ရှိနေပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ငါးသိန်း အထက် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ အ စီရင်ခံစာတစောင်မှာ ရေးသားဖော်ပြပါရှိပါတယ်။ ဒီလို တိုးပွားလာတဲ့ ဒုက္ခသည် အမည်ခံသူတွေကို လျှော့ချ ဖို့ တခုတည်းသော နည်းလမ်းက မလေးရှားအစိုးရနဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်ခြင်းပါ။

နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း စီးပွားရေးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ သူတို့ တွေရဲ့လုပ်ငန်းခွင်မှာ မလေးရှားလူမျိုး အပါအဝင် အခြားလူမျိုးစုတွေကို အသုံးပြုရတာထက် မြန်မာအလုပ် သမားတွေကို ပိုပြီး သဘောတွေ့နေတာကြောင့် အလုပ်ရှင်တွေအနေနဲ့ အစိုးရရဲ့ပေါ်လစီအတိုင်း ဆောင်ရွက် သွားဖို့ဆိုတာ တကယ်တမ်းတော့ အရမ်းလွယ်ကူတာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန် မာဒုက္ခသည်တွေဟာ ဒုက္ခသည် အမည်ခံရုံသက်သက် မဟုတ်ဘဲ နိုင်ငံသားတွေ မလုပ်နိုင်ကြတဲ့ အောက်ခြေ သိမ်းလုပ်ငန်းနယ်ပယ်စုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီးတော့ နိုင်ငံရဲ့စီးပွားရေးကို ပံ့ပိုးပေးနေကြသူတွေပါ။ ဒါတွေကို အလုပ်ရှင်အသီးသီးကလည်း သိရှိပြီးသားပါ။ ဒါကြောင့်လည်း မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်သင့် ပါတယ်။ အဲဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်ဆိုတဲ့ လူတန်းစားတရပ်အတွက် တ ဆစ်ချိုး အပြောင်းအလဲတခုကို ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ UNHCR နဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒုက္ခသည်ကိုယ်စားပြု ရုံးတွေနဲ့ သတင်းအချက်အ လက်ဖလှယ်မှုတွေ အမြဲရှိနေကြမယ်ဆိုရင် မလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တရပ်လုံးအတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေပါ ယခင်ကထက် ပိုမို ရရှိလာကြ ပါလိမ့်မယ်။ မြန်မာဒုက္ခသည်တွေအနေနဲ့ ဒီအချက်ကို အထူးသတိပြုစေလိုပါတယ်။ ။

Online ကနေ Virus Scan လုပ်ကြမယ်

 
အွန်လိုင်းမှ အခမဲ့ Virus Scan software များ အများအပြားရှိရာ တစ်ချို့က မိမိကွန်ပျူတာအတွင်းရှိ Information များအား ခိုးယူရန် နှင့် ကွန်ပျူတာ အား ပျက်စီးရာ ပျက်ဆီးကြောင်း နည်းမျိုးစုံဖြင့် ၀င်ရောက်လာတတ်ကြသည်။ ထို့ကြောင့် Antivius နှင့် အွန်လိုင်း Scanning Software များကို အသုံးပြုမည်ဆိုပါက Official Site များ နှင့် ဖော်ပြပါ Antivirus များကို အသုံးပြုသင့်သည်။

1. Trend micro housecall

HouseCall is a free online virus scanner offered by Trend Micro, which checks whether a computer has been infected by viruses, spyware, or other malware.

Free scan link : http://housecall.trendmicro.com/

2. Activescan 2.0

You can use Panda ActiveScan 2.0 whenever you want to make sure that your PC is free from all types of threats. Remember that Panda ActiveScan 2.0 performs an in-depth scan of your PC, but doesn’t disinfect the threats it finds on your computer.

Free virus scan link :: http://www.pandasecurity.com/activescan/

3. Kaspersky Online Virus Scanner

The Kaspersky free online virus scanner is a great way to find out if you have any viruses or spyware on your machine without having to install new software. The Kaspersky Online Virus Scanner scans your computer for malicious code and offers the same exceptional detection rates as other Kaspersky Lab products. The online virus scanner will not remove the malware from your machine if it finds it.

Free scanning link :: http://www.kaspersky.com/virusscanner

4. Norton Security Scan

It will automatically scan your computer every week, replacing the need for you to manually scan using Symantec Security Check. It’s quick, easy, and best of all, it’s free!

Free scan link : http://security.symantec.com/sscv6/WelcomePage.asp

5. BitDefender Online Scanner

BitDefender Online Scanner is an on-demand virus scanner which incorporates the award-winning BitDefender scanning engines. You can use it to scan your system’s memory, all files and drives’ boot sectors, and to automatically clean infected files.

Free virus scan link : http://www.bitdefender.com/scan8/ie.html

6. The ESET Online Scanner

A user-friendly, powerful tool, our online antivirus utility can remove malware—viruses, spyware, adware,worms, trojans, and more—from any PC utilizing only a web browser. No installation required. The scanner uses the same ThreatSense® technology and signatures as ESET NOD32 Antivirus, which means it is always up-to-date.

Free online virus scan URL : http://www.eset.com/onlinescan/

7. Windows Live OneCare safety scanner

Windows Live OneCare safety scanner is a free service designed to help ensure the health of your PC. It checks for and remove viruses, get rid of junk on your hard disk and improve your PC’s performance

Online virus scan link : http://onecare.live.com/site/en-us/default.htm

8. F-Secure Online Scanner
F-Secure Online Virus Scanner (version 3.3) is a free service. Use it to find out if your computer is infected, and disinfect your computer if needed. The product will automatically download the necessary components and virus definition databases as it is started.

Free scan link : http://support.f-secure.com/enu/home/ols.shtml

မြန်မာသင်္ဘောသားများ နိုင်ငံတစ်ကာတွင် အနှိမ်ခံနေရ


မြန်မာနိုင်ငံ အခြေစိုက်သင်္ဘောလိုင်းအချို့၏ သင်္ဘောများတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသားများအား လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံသည့် ဖြစ်စဉ်များပိုမို ကြုံတွေ့လာရပြီး ခွဲခြားဆက်ဆံနေသည့် ကုမ္ပဏီမှာ ကိုရီးယားသင်္ဘောလိုင်း အချို့နှင့်ဂျပန်သင်္ဘောလိုင်း အချို့တို့ဖြစ်ကြောင်း သိရသည်။

ကိုရီးယားသင်္ဘောလိုင်း အချို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိသည့် လုပ်ငန်းပိုင်းများတွင် မြန်မာ သင်္ဘောသားများကိုသာ အဓိကပြုလုပ်စေခြင်းများအား လက်ရှိအချိန်တွင် ပိုမိုကြုံတွေ့လာရကြောင်း ယင်းသင်္ဘောလိုင်းများတွင် လုပ်ကိုင်ခဲ့သည့် သင်္ဘောသားများက ပြောပြခဲ့သည်။

“ကျွန်တော်က ကိုရီးယားသင်္ဘောလိုင်း တစ်ခုကနေ သင်္ဘောတက်သွားခဲ့တာပါ။ သင်္ဘောပေါ်မှာ မြန်မာလေးယောက်ပဲ ပါတယ်။ အရာရှိတွေနဲ့ ကျန်သင်္ဘောသားတွေက ကိုရီးယား တွေချည်းပဲ။ လုပ်ငန်းခွင်မှာ သူတို့ကျတော့ လက်အိတ်ကို ရာဘာလက်အိတ်ရော၊ ချည်သားလက်အိတ်ပါ နှစ်ထပ်သုံးတယ်။ ကျွန်တော့်ကျတော့ ဒီလို သုံးခွင့်မရှိဘူးလို့ ပြောတယ်။ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးတော့လည်း မသုံးရဘူး ပြောတယ်။ ကျွန်တော် သည်းမခံနိုင်လို့ ပြန်ဆင်းလာတာ သင်္ဘောပေါ်မှာ ၂၄ ရက် ကြာခဲ့ပါတယ်” ဟု ကိုရီးယား သင်္ဘောလိုင်းတစ်ခု၌ သင်္ဘောတက်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုမင်းမင်းစိုးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ အခြေစိုက် ကိုရီးယား သင်္ဘောကုမ္ပဏီများ၏ ဌာနေ ကိုယ်စားလှယ် အချို့မှာလည်း မိမိကုမ္ပဏီ မှ သင်္ဘောတင်ပေးလိုက်သော မြန်မာ သင်္ဘောသားများနှင့် ပတ်သက်၍ ဖြစ်ပွားလာသော ပြဿနာများအား တာဝန်ယူမှုမရှိခြင်း၊ မြန်မာ သင်္ဘောသားများ၏ ရပိုင်ခွင့်များ နှင့် ပတ်သက်၍လည်း တာဝန်ယူ တောင်းဆိုပေးနိုင်မှု မရှိခြင်း၊ သင်္ဘောကုမ္ပဏီ တာဝန်ရှိသူများက သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား သေဆုံးသည်ကိုပင် မိသားစုဝင်များအား အသိပေးခြင်း မရှိသည်အထိ ပြုလုပ်နေမှုအချို့လည်း ရှိနေကြောင်း သိရသည်။

“ကိုရီးယားနိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ မြန်မာသင်္ဘောသား တစ်ယောက် ရဲ့ အလောင်းပေါ်တာ တွေ့တယ်။ ဘယ်သင်္ဘောက ဘယ်သူဆိုတာလည်း သိကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ရောက်တော့ အဲဒီသင်္ဘော ကုမ္ပဏီက မိသားစုကို ဒီသင်္ဘောသားက ခုန်ဆင်းသွားတယ်၊ ပျောက်ဆုံးသွားတယ်လို့ ပြောထားတယ်လို့ သိရတယ်။ ကာယကံရှင် သင်္ဘောသား သေဆုံးတာကိုတောင် မိသားစုဝင်တွေကို အသိမပေးတဲ့ ဌာနေကိုယ်စားလှယ်ကို မိသားစုဝင် တွေက သက်ဆိုင်ရာအဆင့်ဆင့် ကို တိုင်ကြားမှုတွေ လုပ်ထားတယ်လို့ ကြားတယ်”ဟု ဇွန်လကနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် မြန်မာသင်္ဘောသားက ဆိုသည်။

“ဓာတ်ငွေ့သိုလှောင်ကန်ကို လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုတွေ မလုပ်ဘဲ မြန်မာသင်္ဘောသားကို ဆင်းခိုင်းတယ်၊၊ သူတို့လူမျိုး အချင်းချင်းကျတော့ မခိုင်းဘူး “ ဟု ကိုရီးယား သင်္ဘောလိုင်းတစ်ခုမှ ပြန်ရောက်လာသည့် ဦးခင်မောင်မြင့် ကဆိုပါသည်။

ပြည်တွင်းကနေ ပြည်ပကိုထွက်ခွါ အလုပ်ရှာမှု့တွင် မလေးရှား၊ ထိုင်း၊ စင်္ကာပူအများဆုံးဖြစ်နေ


မြန်မာနိုင်ငံသားများ  ပြည်ပသို့ လေကြောင်း ခရီးစဉ်များဖြင့် လိုက်ပါမှုတွင် ထိုင်း၊ စင်ကာပူနှင့်  မလေးရှားနိုင်ငံတို့က ထိပ်ဆုံး၌ရှိနေကြောင်းနှင့် စင်ကာပူ၊ မလေးရှား  နိုင်ငံခရီးစဉ်များ၌ မြန်မာနိုင်ငံသား များက နိုင်ငံခြားသားထက်  ဦးရေနှစ်ဆခန့်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး  ဌာနမှ ထုတ်ပြန်ထားသော စာရင်း ဇယားများအရ သတင်းရရှိပါသည်။
အဆိုပါဌာနမှ  ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်ထားသော စာရင်းဇယားများအရ ဘန်ကောက်-  ရန်ကုန်ခရီးစဉ်တွင် ခရီးသွားစုစု ပေါင်း ၂၈၀၃၉၈ ဦးလိုက်ပါခဲ့ရာ၌  နိုင်ငံခြားသားဦးရေမှာ ၁၇၃၄၈၅ ဦး၊ မြန်မာနိုင်ငံသားဦးရေမှာ ၁၀၆၉၁၃  ဦးရှိခဲ့သည်။
ထို့အတူ စင်ကာပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား  ၁၃၅၅၆၆ ဦး လိုက်ပါခဲ့ရာတွင် နိုင်ငံခြားသား ဦးရေ ၃၆၇၀၀ ဦးပါဝင်ခဲ့ပြီး  မြန်မာနိုင်ငံသား ၉၈၈၆၆ ဦးပါဝင်ခဲ့သည်။ ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ဖြင့်  စုစုပေါင်း ၆၉၃၆၁ ဦးလိုက်ပါခဲ့သည့်အနက် နိုင်ငံခြားသားဦးရေ ၂၄၂၀၉  ဦးနှင့် မြန်မာနိုင်ငံသား ၄၅၁၅၂ ဦးအသီးသီးရှိခဲ့ကာ စင် ကာပူ၊  မလေးရှားနိုင်ငံ ခရီးစဉ်များသည် မြန်မာနိုင်ငံသား ဦးရေက  နိုင်ငံခြားသားဦးရေထက် နှစ်ဆမှ သုံးဆခန့် ရှိနေသည်ဟု ဟိုတယ်နှင့်  ခရီးသွားရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းဇယားများအရ သိရှိရသည်။
“ပြည်တွင်းကနေ  ပြည်ပကိုသွားတာ တိုးတက်နေပါတယ်”ဟု မြန်မာခရီးသွားဈေးကွက် မြှင့်တင်ရေး  ကော်မတီမှ ဥက္ကဋ္ဌဒေါက်တာ အောင်မြတ်ကျော်က ပြောကြားသည်။
၂၀၀၆  ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းအချို့မှ  ပြည်ပအလည်အပတ် ခရီးစဉ်များကို စတင်စီစဉ်ပေးမှုရှိခဲ့သည်။ ထို့နောက်  ခရီးသွားကုမ္ပဏီ များမှလည်း ပြည်ပအလည်အပတ် ခရီးစဉ်များကို  စီစဉ်ပေးမှုရှိခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်မှာ မြန်မာ  လူမျိုးများအကြား သွားလာလည် ပတ်ရန် စိတ်ဝင်စားမှု အရှိဆုံးခရီးစဉ်  ဖြစ်လာခဲ့သည်။
၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ လာရောက်သည့်  နိုင်ငံခြားသား ခရီးသွားဦးရေမှာ အကြောင်းကြောင်းကြောင့်  လျော့ကျခဲ့သော်လည်း ယင်းအချိန်တွင် နိုင်ငံသားများ စင်ကာပူ နိုင်ငံသို့  Visit Visa  ဖြင့်သော်လည်း ကောင်း၊ ပညာသင်အဖြစ်သော် လည်းကောင်း သွားရောက်မှု  ပိုမိုလာခဲ့သည်။ မလေးရှားနိုင်ငံမှာလည်း Visit Visa  ဖြင့်  သွားရောက်မှုများအပြင် အလုပ်အကိုင် အခွင့်အလမ်း များအတွက် နယ်ဒေသအသီးသီးမှ  လူငယ်လူရွယ် အများစုရွေးချယ်ရာ နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာလူငယ်များ  ပြည်ပသို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထွက်ခွာမှုတွင် စင်ကာပူ၊ မလေးရှား  နိုင်ငံများသည် ထိပ်ဆုံးတွင်ရှိနေပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င်  အခြားသောနိုင်ငံများ သို့ပါ သွားရောက်မှုများရှိနေသည်။  ထိုင်းနိုင်ငံသို့လည်း ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စသည် တို့မှ  တိုင်းရင်းသားများ နယ်စပ်မှ တစ်ဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသည်ဟု  သိရှိရသည်။

Singapore တွင် Foreign လုပ်သားများအတွက် လစာတိုးမြှင့် လိုက်သော်လည့်း မြန်မာအလုပ်သမားအများစု အကျိုးခံစားခွင့်မရရှိ


စင်ကာပူတွင်  နိုင်ငံခြားသား လုပ်သားများအတွက် လစာတိုးမြှင့် လိုက်သော်လည်း  အလုပ်လုပ်ကိုင်နေသည့် မြန်မာအများစု အကျိုးခံစားခွင့်မရရှိကြောင်း စင်ကာပူ  တွင် S-Pass ဖြင့် ၂ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့်  အင်ဂျင်နီယာအမျိုးသမီးတစ်ဦးက ပြောသည်။
’ကုမ္ပဏီသေးတွေကတော့  လုပ်ချင်တာလုပ်လို့ရတယ်။ လစာတွေက အစိုးသတ်မှတ်တဲ့အတိုင်း GIO အကောင့်ထဲကနေ  တရားဝင်ထည့်ပေးရတော့ တိုးပေးတဲ့အတိုင်း သူတို့ပေးပေမယ့်လည်း လစာထုတ်ပြီးရင်  ကုမ္ပဏီကို ပြန်လွှဲပေးရမှာပဲ’ဟု ၄င်းအမျိုးသမီးက ပြောသည်။ မြန်မာနိုင်ငံမှ  အမျိုးသမီးအမျိုးသားငယ်အများစုသ​ည် စင်ကာပူတွင် အလုပ်ရရှိရန်အတွက်  ဘွဲ့ရပညာတတ်အနေဖြင့် သွားရောက်ကာ S-Pass,Employment Pass တရားဝင်  အလုပ်လျှောက်ထားကြရာ အလုပ်ရရှိရေး လွယ်ကူစေရန် ကုမ္ပဏီများနှင့်  ညှိနှိုင်းသဘောတူ စာချုပ် ချုပ်ဆိုရာတွင် အစိုးရသတ်မှတ်နှုန်းထက်လျှော့၍  ရယူပြီး လုပ်ကိုင်ပါမည်ဟု ကတိပြုချုပ်ဆိုခဲ့မှုများသည် ၂ဝဝ၈  စီးပွားအပျက်ဂယက် နောက်ပိုင်းတွင် စတင်ခဲ့သည်ဟု စင်ကာပူရှိ  မြန်မာအများစုထံမှ သိရသည်။
”တစ်ဖက်ကအစိုးရက တိုးပေးတယ်ဆိုပေမယ့်လည်း  အချို့ကုမ္ပဏီတွေက တခြား တစ်ဖက်က အကျိုးခံစားခွင့်ကို  ပြန်လျှော့လိုက်တာရှိတယ်။ ဥပမာ – အချိန်ပိုကြေးတို့၊ အပိုဆုကြေးတို့ပေါ့။  များသောအားဖြင့်တော့ အလယ်အလတ်တန်းစား ကုမ္ပဏီတွေက အဲဒါတွေကိုလုပ်ကြတယ်”ဟု  Engineering ကုမ္ပဏီတစ်ခုတွင်လုပ်နေသည့် မြန်မာအင်ဂျင်နီယာ တစ်ဦးကသူ၏  အမြင်ကိုပြောသည်။
စင်ကာပူရောက် အသက် ၂၄  နှစ်အရွယ်ရှိစာရင်းကိုင်တစ်ဦးက​လည်း…”ဒီလကုန်စရမယ်လို့တော့  သိရတယ်။စင်ကာပူမှာ မေလမှာ ရွေးကောက်ပွဲရှိလို့ လစာတွေ တိုးမယ်လို့  ဆုံးဖြတ်ခဲ့တာ။ ”အဓိကကတော့ လစာတိုးတာထက် (Levy) အခွန်ပါလိုက်တိုးတော့  မြန်မာတွေအလုပ်ရဖို့ တော်တော်ခက်ခဲလာတယ်”ဟု လစာတိုးခြင်း အပေါ်  သုံးသပ်ပြောကြားသည်။
Spass ဖြင့် စင်ကာပူစားသောက်ဆိုင်တစ်ဆိုင်၌  Supervisorအဖြစ် လုပ်သက် ၂ နှစ်ရှိ အမျိုး သမီးကလည်း  ”အလုပ်လျှောက်တာရခဲ့တယ်။ Spass နဲ့ သတ် မှတ်ထားတာ ၁၈ဝဝ ဆိုပေမယ့် ၁၅ဝဝ နဲ့  လုပ်ဖို့ သဘောတူခဲ့တယ်။ GIO အကောင့်ထဲကို အစိုးရသတ်မှတ်နှုန်းအတိုင်း သူက  ၁၈ဝဝ ထည့် ပေး ပေမယ့် လစာထုတ်ပြီးတိုင်း သူ့ကို ၃ဝဝ ပြန်လွှဲပေးရတယ်။  အခုလစာတိုးပေမယ့်လည်း ဒီပုံအတိုင်းပဲ ကျွန်မတို့ ပြန်လွှဲပေးရမယ်လို့  သိထားတယ်”ဟု ပြောသည်။
စင်ကာပူအစိုးရသည် ယခုလ ၁ ရက်မှစပြီး  စည်းမျဉ်းအသစ်ကို စတင်ခဲ့ရာ Spass အတွက် အခြေခံလစာ ၁၈ဝဝ မှ ၂ဝဝဝ သို့  လည်းကောင်း၊ EP အမျိုးအစား များဖြစ်သည့် Q1, P2,နှင့် P1 အတွက် ဒေါ်လာ ၂၈ဝဝ၊  ၄ဝဝဝ နှင့် ၈ဝဝဝ အထိ အသီးသီး တိုးမြှင့်သွားမည်ဖြစ်ကြောင်း  အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Gan Kim Yoongက ပါလီမန်တွင်  ပြောကြားသွားခဲ့ကြောင်း စင်ကာပူသတင်းစာများက ဖော်ပြသည်။
ထိုလစာတိုးမှုနှင့်ပတ်သက်၍လည်း  စင်ကာပူရောက် မြန်မာ ကွန်ပျူ တာပညာရှင်တစ်ဦးကလည်း  ”စရိတ်စကတွေကြီးထွားလာလို့ တိုးပေးတာလည်းဖြစ်နိုင်တယ်။  အိမ်သုံးရေမီးစရိတ်တွေကလည်း အရင်ကထက်နှုန်းထားတွေ ပိုပြီး တက်လာတယ်။ အဲဒီ  စရိတ်စကကြီးလာတာကြောင့် တချို့ကုမ္ပဏီတွေက အခြေခံလစာကို  တိုးပေးလာတာဖြစ်မှာပါ။ ဒါပေမဲ့ အကုန်လုံးတော့ တိုးတယ်လို့ မထင်မိပါ  ဘူး”ဟုသူ့အမြင်ကိုပြောသည်။လစာတိုးမြှင့်လိုက်သည့် စည်း  မျဉ်းသစ်နှင့်ပတ်သက်၍ နိုင်ငံခြား သားအလုပ်သမားဝန်ထမ်းများနှင့်  ပြည်တွင်းကျွမ်းကျင်အလုပ်သမား ဝန်ထမ်းများအကြား အလုပ်ရရှိမှုအတွက်  ယှဉ်ပြိုင်မှုများရှိလာမည်ကို စင်ကာပူအစိုးရသစ်အနေဖြင့်  ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာတွင် နိုင်ငံခြားသား ကျွမ်းကျင်သူများကို မူ  တံခါးပိတ်၍ မဖြစ်နိုင်ကြောင်း ၄င်းတို့က သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု  စင်ကာပူသတင်းစာတို့က ဖော်ပြသည်။
”နိုင်ငံခြားသား အလုပ်သမား  နည်းသွားအောင် အစိုးရအနေနဲ့ လောလောဆယ်လုပ်ပြတာပေါ့။  နိုင်ငံခြားသားခန့်မယ်ဆိုရင်Spa​ss, Employment Passလျှောက်မယ်ဆိုရင်  လစာရင်း ပိုပေးရမယ်ဆိုပြီး သတ်မှတ် တဲ့ သဘောကတော့ အလုပ်ရှင်ဘက်က  တိုးမပေးချင်ရင် နိုင်ငံခြားသား ခန့်တာနည်းသွားမယ်လို့ တွက်ပြီး  လုပ်လိုက်ပုံရပါတယ်။ အစိုးရအနေနဲ့ သတင်းစာတွေမှာ နိုင်ငံသား ပထမဆိုတဲ့  မူဝါဒတွေ ပေါ်ပေါ် ထင်ထင် ပြောဆိုရေးသားလာတာ သတိထားမိပါတယ်” ဟု စင်ကာ ပူရောက်  ကွန်ပျူတာပညာရှင်က အစိုးရ၏ မူဝါဒပေါ်တွင် သုံးသပ် ပြောကြားခဲ့သည်။

Touchscreen guitar နဲ့ ဂစ်တာတီးသီချင်းဆိုကြရအောင်


ဂစ်တာကို အရူးအမူး နှစ်သက်စွဲလန်းသူများအတွက် Kitaraကို တွေ့ရခြင်းသည် အတော်လေး ကမောက်ကမနိုင်သော ခံစားမှုမျိုးနှင့် ကြုံရနိုင်ဖွယ်ရှိသည်။ Kitaraကို အသုံးပြုသော ဂစ်တာသမားအဖို့ ကြိုးညှိရသော ဒုက္ခမှ ကင်းဝေးမည်မှာမူ အသေအချာပင်ဖြစ်သည်။ iPhone၏ မျိုးဆက်တစ်ခုဟု တင်စားခံရသော Kitaraသည် ယနေ့ခေတ်တွင် အကြီးအကျယ် လူကြိုက်များနေသော Touchscreenနည်းပညာကို အသုံးပြုထားသည်။

Keyboardပုံစံ ဂစ်တာတွင် (၈)လက်မအရွယ် Touchscreenတစ်ခု ပါရှိပြီး ယင်းတွင် ထင်ဟပ်နေသော ကြိုးပုံများကို အသုံးပြုကာ သာမန်ဂစ်တာ တစ်လုံးကဲ့သို့ တီးခတ်နိုင်မည်ဖြစ်သည်။ Touchscreen၏ အာရုံခံစနစ်သည် တီးခတ်သူ၏ အားစိုက်မှု၊ လက်အရွေ့အလျားတို့အလိုက် အသံအနိမ့်အမြင့် စသည်တို့ကို သာမန်ဂစ်တာ တစ်လုံးကဲ့သို့ပင် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ သံစဉ်အဆွဲအငင်၊ အဖိအဖော့တို့ကိုလည်း ဂစ်တာတစ်လုံးကဲ့သို့ပင် တီးခတ်နိုင်မည်ဟုဆိုသည်။

Kitaraကို လက်တွေ့စမ်းသပ် တီးခတ်ပြီးနောက် အစောပိုင်း သုံးသပ်ချက်များအရ အများစုက နှစ်သက်လျက်ရှိကြသည်။ အချို့ကမူ Kitara၏ ဈေးနှုန်းပိုင်း ကြီးမြင့်မှုမျိုးကဲ့သို့ ပြဿနာအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။ MISAမှ ထုတ်လုပ်သည့် Kitaraသည် ဒေါ်လာ (၈၅၀)၀န်းကျင်မျှထိ ဈေးနှုန်းကြီးမြင့်ဖွယ် ရှိနေကြောင်း သိရသည်။

Portable Skype ပြုလုပ်နည်း


USB drive ထဲမှာ Folder တခု တည်ဆောက်လိုက်ပါ။ ဥပမာ Folder အမည်ကို Portable skype ဟု အမည်ပေးလိုက်ပါ။ ၎င်းနောက် C:\Program Files\Skype Folder ထဲမှ Skype.exe ကို Right Click ပြီး Copy ကူးယူကာ USB drive ထဲက သင်လုပ်ထားတဲ့ Portable skype Floder ထဲကို Paste လုပ်လိုက်ပါ။
Portable Skype Folder ထဲတွင် data အမည်တခုအဖြစ် folder အသစ် ပြုလုပ်လိုက်ပါ။  Notepad တွင်skype.exe /datapath:”Data” /removable ရိုက်ပြီး data folder ထဲတွင် skype.bat အမည်ဖြင့် Save as လုပ်ပါ။
USB drive ထဲမှ skype.exe ကို click လုပ်ပြီး ကိုယ်သုံးလိုသည့် Computer တွင်   USB dirve ကိုထည့်ကာ Spye ကိုအသုံးပြုနိုင်၏၊

ကွန်ပြူတာ ပြုပြင် စောင့်ရှောက်ရန် နည်းလမ်းများ

Clean files:
ဦးစွာ trash, temp files တွေ မလိုအပ်တဲ့ files များကို Delete လုပ်ပါ။ အောက်ဖော်ပြပါ အတိုင်းလုပ်သင့်ပါသည်။
Start > Accessories > System Tools > Disk Cleanup
001.png
Clean လုပ်ချင်တဲ့ drive ကို ရွေးချယ်ပြီး Clean လုပ်မည့် items များကို အမှတ်ခြစ်ကာ OK
002.png
Downloaded Program Files, Temporary Internet Files, Recycle Bin and Temporary Files များကိုအမှတ်ခြစ်ပြီး Clean လုပ်ဖို့ အကြံပြုပါရစေ။

Remove unwanted startup items:
မလိုအပ်သည့် startup items များကို ဖယ်ရှားခြင်းဖြင့် windows ကို boot လုပ်သည့် အခါတွင် ပို၍ မြန်ဆန်လာသည်။
အောက်ပါအတိုင်းပြုလုပ်သင့်ပါသည်။
Start Menu > Programs > Startup တွင် Windows boot သည့်အခါ မလိုအပ်သည့် programs ကို Delete လုပ်ပါ။
Start Menu > Run> တွင် msconfig.exe ရိုက်ပြီး Enter ခေါက်လိုက်ပါ။
0031.png
အမှတ်ခြစ်ထားသည့် မလိုအပ်သည့် items များကို ဖယ်ရှားပါ။
003.png
မည်သည့် Items များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။
Remove unwanted programs or applications
ကွန်ပြူတာတွင် installed လုပ်ထားသော programs အများအပြား ရှိနေပါလိမ့်မည်။ program မြောက်များစွာ installed ထားခြင်းဖြင့် ကွန်ပြူတာ system ကို နှေးကွေးစေပါသည်။ ထို့ကြောင့် အသုံးမပြုသည့် program များကို uninstall ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ ပိုမိုမြန်ဆန်လာပါ လိမ့်မည်။
မလိုလားသည့် programs များကို အောက်ပါအတိုင်းဖယ်ရှားနိုင်ပါသည်။
Start > Control Panel > Add or Remove Programs
004.png
မည်သည့် program များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။
Defrag your hard drive:
Start Menu > Programs > Accessories > System Tools > Disk Defragmenter/Check Now
Defrag လုပ်ချင်သည့် Disk ကို ရွေးပြီး Defrag လုပ်ပေးပါ။ သင့် Disk ကို Defrag တခုပြီးတခု အလိုအလျှောက် Defrag ပြုလုပ်ရန် နည်းလမ်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။
သင့် Disk များကို အနည်းဆုံး ၁ လ အကြိမ် Defrag ပြုလုပ်ရန် အကြံပြုပါရစေ။
သင့်ကွန်ပြူတာ Anti viruses ကို မှန်မှန် update လုပ်ပြီး scan လုပ်ပေးရန်အကြံပြုပါရစေ။
နောက်ဆုံးအနေဖြင့် ကွန်ပြူတာ system case ကို ဖွင့်ပြီး ဖုန်များကို သုတ်သင်ရှင်းလင်းပါ။ ဖုန်မှုတ်စက်၊ စုတ်တံများကို အသုံးပြုပြီး ၅ လ တကြိမ်ခန့် ဖုန်များကို ရှင်းလင်းပါ။ ဖုန်သည် ကွန်ပြုတာအတွက် အလွန်ပြဿနာ ဖြစ်စေပြီး၊ ပျက်စီးစေသော နံပါတ် ၁ ကွန်ပြူတာ ဖျက် လက်နက် ဖြစ်သည်။

ကွန်ပြူတာကို ပိတ်မယ် ၀ှက်မယ်

ကွန်ပြူတာကို အချိန်နဲ့ပိတ်ခိုင်းခြင်း။
ကျနော်တို့ windows အထဲမှာ အလိုအလျှောက်ပါတဲ့ ကွန်ပျူတာကို ပိတ်စေတဲ့ နည်းလမ်းလေးတခုပါပါတယ်။ အဲဒါလေးကို ကျနော်ပြောပြမယ်ဗျာ။ သိပြီးသားဆိုရင်တော့ ဆော်ရီပဲ။ မသိသေးသေးတဲ့ လူတွေကို အဓိက ရည်ရွယ်ပါတယ်။
အယင်းဆုံး Start>Run (or) Windows (key) + R ကို ဖွင့်လိုက်ပါ
ပွင့်လာတဲ့ box အထဲမှာ cmd လို့ရိုက် Enter (or) OK လုပ် command prompt ထဲကိုရောက်သွားလိမ်မယ်။
အဲဒီအထဲမှာ shutdown -s -t 3600 လို့ပေးလိုက်ပါ။ 3600 က စက္ကန့်ကိုပဲ ပြောတာနော်။ ကို ပိတ်ချင်သလောက်ကို ရိုက်ထည့်ပေါ့။
အဲဒီအချိန်ကျရင် အလိုလို ပိတ်သွားလိမ်မယ်။

အကယ်လို မပိတ်စေချင်ဘူး၊ ပြန်ဖျက်ချင်တယ်ဆိုရင်shutdaon -a လို့ပဲ ပြန်ရိုက်ပေးလိုက်။ ဒါဆို အိုကေသွားလိမ်မယ်။ တခါတလေ သီချင်းနားထောင်ပြီး အိပ်ချင်တယ်ဆိုရင်တော့ ကွက်တိပဲ။ အဲ  … ဒါပေမယ် Auto shutdown ဆိုတဲ့ Software လည်းရှိတယ်နော်။ဒါကတော့ ပိတ်တဲ့နည်းပါ။
ကဲ နောက်တနည်း >>>>Software မသုံးဘဲ Folder ကိုဝှက်ထားနည်းလေးပါ…
တခါတလေ သူများကို မပြချင်တဲ့ ဖိုင်တွေကို ၀ှက်ထားတဲ့အခါ  ဒီနည်းကို ကျနော်သုံးပါတယ်။
ဂရုစစ်ပြီးတော့ ဖတ်ဗျာ။ သိတဲ့ဘော်ဒါတွေအတွက်ကတော့ ဆော်ရီနော်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ။ :D
မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..
၎င်းfolder လေးကိုနာမည်တစ်ခုခုပေးလိုက်ပါ..
ဥပမာ..C: Drive အထဲမှာ folder name က 111 ဆိုပါတော့ ..(Floder name ကိုတော့ ကိုယ်ကြိုက်တာပေးပေါ့။)
တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
လုပ်ပါ..Start–>Run –> (or) Win + R ကိုသွားပါ.
.Run ဘောက်ပေါ်လာရင်
အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ.
ပြန်ဖေါ်ချင်ရင်တော့..
Start–>Run –>ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ..