USB-Universal Serial Bus အကြောင်း


 

USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..
USB 1.0
USB 1.0 တွေဟာ ပထမဆုံး ထုတ်လုပ်မှုဖြစ်ပြီး အမြင့်ဆုံး transfer rate က 1.5Mbps ပဲရှိပါတယ်....အဲဒီတုန်းက keyboard,mouse ,joystick လောက်ပဲ အသုံးပြုခဲ့ကြပါတယ်..
USB 1.1
နောက်ထပ် USB 1.1 ပေါ်လာပါတယ်..transfer rate 12Mbps ရှိပြီး USB 1.0 ထက် ၈ဆ လောက်ပိုမြန်ပါ တယ်..ဒါအပြင် USB hubs အားလုံးမှာ support လုပ်ပါတယ်.. သူ့ ခေတ်သူ့  အခါနဲ့ တော့ အမြင့်ဆုံးလို့ တောင်ပြောလို့ ရပါတယ်
USB 2.0
2001 ခုနှစ်မှာ USB 2.0 ပေါ်လာပါတယ်..USB 2.0 ကတော့လက်ရှိတော်တော်များများ အသုံးပြုနေကြတဲ့ memory stick အပါအ၀င် cable standard တွေရော ဟာ USB 2.0 တွေဖြစ်ပါတယ်..အမြင့်ဆုံး transfer rate က 480Mbps ရှိပါတယ်..
USB 3.0
2008 ခု August လမှာ USB 3.0 ကို စတင်ပြီး Release လုပ်နိုင်ခဲ့ပါတယ် အခုဈေးကွက် အတွင်းကို USB 3.0 ရောက်ရှိနေပါပြီ.. သုံးလဲသုံးနေကြပါပြီ..transfer rate ကတော့ 4.8Gbps ရှိပါတယ်..အောက်က ဇယားမှာ USB 1.0, USB 2.0 ,USB 3.0 တို့ ကို ဖိုင် transfer လုပ်ရာမှာ အချိန်ကွာခြားပုံကိုဖော်ပြထားပါတယ်..


USB connector တွေဟာ မတူညီပဲကွဲပြားမှုတွေရှိပါသေးတယ်..ဒါတွေကလည်း မတူညီတဲ့ device တွေကြောင့် မတူညီတဲ့ connector ခေါင်းတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်..

Connector အမျိုးအစား
Type A
Type A connector ဟာ common connector ဖြစ်ပြီး computer တွေမှာပါတဲ့ USB port ဟာ Type A connector တွေဖြစ်ပါတယ်..
Type B
Type B connector ကိုအများအားဖြင့် printer မှာသုံးလေ့ရှိပါတယ်..
Mini USB
Mini USB ကို တော်တော်များများတွေ့ ဖူးမှာပါ သူက digital camera နဲ့  mobile device တွေမှာ အသုံးပြု တယ်လေ..
Micro USB
Mini USB နဲ့ တူတူပါပဲ ဒါပေမဲ့ micro USB ကခေါင်းပိုသေးသွားတယ် compact ဖြစ်တဲ့ camera နဲ့  compact ဖြစ်တဲ့ mobile device တွေမှာအသုံးပြုပါတယ်..

0 comments:

Post a Comment

Thankyou for visiting my site.