Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Sports. Show all posts
Showing posts with label Sports. Show all posts

ဟောင်ကောင်၌ ကွယ်လွန်သူ မင်းသားဘရုစ်လီ၏ ပစ္စည်းများကို လေလံတင် ရောင်းချ



ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဘရုစ်လီ ၀တ်ဆင်ခဲ့သည့် သိုးမွေး အနားကွပ် အင်္ကျီတစ်ထည်နဲ့ အခြားပစ္စည်း (၁၂)ခုကို ဟောင်ကောင်မှာ စနေနေ့က လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ (၂၂၀၀၀၀)ရရှိခဲ့ကြောင်း သိရသည်။ မင်းသားဘရုစ်လီရဲ့ ပစ္စည်းတွေကို အမေရိကန်လူမျိုး အနုပညာပစ္စည်း စုဆောင်းသူတစ်ဦးက ရောင်းချခဲ့ခြင်း ဖြစ်သည်။

လေလံပွဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့သည့် ပစ္စည်းမှာ ဘရုစ်လီ နောက်ဆုံး ရိုက်ကူးခဲ့သည့် ဂိမ်းအော့ဖ် ဒတ် ဇာတ်ကားထဲမှာ ၀တ်ဆင်ခဲ့သည့် သိုးမွှေးအနားကွပ် အင်္ကျီဖြစ်ပြီး အဆိုပါ အင်္ကျီကို အမေရိကန်ဒေါ်လာ (၇၇၀၀၀)နဲ့ ရောင်းချနိုင်ခဲ့သည့်အတွက် မူလက မျှော်မှန်းထားသည့် ဈေးနှုန်းထက် ပိုပြီးရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူငယ်ချင်း တစ်ဦးထံ ရေးသားပေးပို့ခဲ့တဲ့ ဘရုစ်လီရဲ့ စာတစ်စောင်သည် အမေရိကန်ဒေါ်လာ (၅၁၀၀၀)ထိ ရရှိခဲ့ကြောင်း သိရသည်။ မင်းသား ဘရုစ်လီသည် အဲန်းတား သယ် ဒရယ်ဂွန် အပါအ၀င် ကွန်ဖူး ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့သည့် မင်းသားတစ်ဦး ဖြစ်သည်။ သူသည် (၁၉၇၃)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး၊ ကွယ်လွန်ချိန်မှာ အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။