Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်



ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ထက် ဧရာဝတီမြစ်ကို အမှီပြုနေတဲ့ ဆန်စပါး စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပြင် ဒေသခံတွေရဲ့ လူမှုရေးကိစ္စ အ၀၀ကို ထိခိုက်စေမယ့်ကိန်း ပိုပြီး များနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူတွေက ပြောကြပါတယ်။ မြန်မာအစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြောင့် နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ လုပ်ကြံ ပြောဆိုချက်တွေပဲ ဖြစ်တယ်၊ ဒီစီမံကိန်းဟာ နိုင်ငံအတွက် စိုးရိမ်စရာ မရှိတဲ့ စီမံကိန်း ဖြစ်တယ်လို့ အခုရက်ပိုင်းတွေအတွင်း အစိုးရ သတင်းစာတွေမှာ တုံ့ပြန် ရေးသားထားတာကို တွေ့ရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံ လက်မှုကဏ္ဍကနေ စက်မှုကဏ္ဍကို အသွင်ကူးပြောင်းရေးအတွက် အဓိက လိုအပ်ချက် ဖြစ်တာမို့ ဧရာဝတီမြစ်ဆုံ၊ မေခ မေလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၈ ခုနဲ့ ပြည်သူလူထုအကျိုး လုပ်ဆောင်နေတာ ဖြစ်သလို ဒီစီမံကိန်းတွေဟာ မြစ်ကြောင်းဆိုင်ရာ ထိခိုက်မှုတွေထက် ကောင်းကျိုးတွေကို ပိုပြီး ရစေတယ်လို့ အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းတွေ ချမှတ်ရာမှာ ပြည်သူလူထု ပါဝင်ဆုံးဖြတ်တာမျိုး မတွေ့ရဘဲ မြစ်ကြောင်းတလျှောက်က ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး တွေ့နေရတယ်လို့ Burma River Network မြန်မာနိုင်ငံ မြစ်ကြောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၁ ဖွဲ့ ပါဝင်တဲ့ ကွန်ရက်အဖွဲ့က မအားနန်က ပြောပါတယ်။
“ဒီစီမံကိန်းတွေမှာ ပြည်သူလူထုတွေရဲ့ ပါဝင် ဆုံးဖြတ်ချက်တွေ မရှိဘူး။ မြစ်ဆုံနေရာ ကချင်ပြည်နယ်မှာ ဆိုးကျိုးတွေ ဖြစ်နေသလို အခုအချိန် မြစ်ဆုံမှာ ရေထုညစ်ညမ်းမှု ဖြစ်နေတယ်။ ဒီ မြစ်ဆုံရေကာတာ ဆောက်မယ်ဆိုတော့ ရွှေ့ပြောင်းရတဲ့ နေရာတွေကို ပြန်လည် နေရာချထားပေးတဲ့ အောင်မြေသာ စံပြကျေးရွာလို့ ပြောတယ်။ တကယ်တမ်း ကျမတို့ တွေ့နေရတာကတော့ ဒုက္ခသည်စခန်းနဲ့ အတူတူပဲ။ သူတို့ရဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူတို့ သေသေချာချာ ရေရေရာရာ မသိဘူး။ နောက်တချက်အနေနဲ့ တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုမှု အပေါ်မှာပဲ မူတည်ပြီးတော့ ဒီရေကို အဖွင့်အပိတ်လုပ်မှာ ဖြစ်တဲ့အတွက် ဒါက မြစ်အောက်ဘက်မှာလည်း စိုးရိမ်စရာ အများကြီးရှိတယ်။”
အခုလို လူမှုရေး၊ စီးပွားရေးသာ မကဘဲ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာမို့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေအတွက် EIA ခေါ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မယ့် တိုင်းတာတွက်ချက်ပြီး ဥပဒေစည်းကမ်း စနစ်တကျ ချမှတ်ဖို့ လိုအပ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပါတယ်။
“Dam တခုဆောက်ရင် Dam အထက်မှာ ရေလွှမ်းမိုးမယ်။ ရေလွှမ်းမိုးရင် ရွာတွေ၊ မြို့တွေ ရေမြုပ်မယ်။ တောတွေလည်း ကုန်မယ်။ အကယ်၍ လူတွေလည်း ရွှေ့ပြောင်းရမယ်။ Dam ရဲ့ အောက်ကျတော့ ရေက မြန်မြန်ဆန်ဆန်ရတာ ရှိမယ်။ အခန့်မသင့်လို့ Dam ကြီး ပြိုကျသွားရင် အောက်ကလူတွေလည်း ရေဘေးဒုက္ခရောက်မယ်။ ရေ Quality ကိုလည်း အများကြီးကို ထိခိုက်သွားမယ်။
“ငါးတွေဘာတွေလည်း ဥလို့ရှိရင် အညာတက်ဥတာ။ Dam ကြီးဆောက်တော့ ငါးတွေဘာတွေ မျိုးတုံးကုန်မယ်။ အကုန်လုံး ပင်လယ်ထဲထိအောင် မြစ်ညာရော၊ မြစ်ကျေရော အကုန်ဒုက္ခရောက်ပြီ။ EIA လုပ်တဲ့ သဘောတရားက အဲဒါတွေပဲ။ သဘာ၀၀န်းကျင်နဲ့ ပတ်သက်ပြီးတော့ Dam တွေ ဆောက်လို့ရှိရင် သူ့ရဲ့ Standard တွေ၊ သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ သူများနိုင်ငံတွေမှာ ဒါတွေက ဥပဒေ ထုတ်ပြီးသား။”
ဧရာဝတီမြစ်ကြောင်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်ပြီး မလုပ်သင့်ဘူးလို့ EIA လေ့လာမှုတွေကနေ ပြောထားကြောင်း သိရတယ်လို့ မအားနန်က ပြောပါတယ်။
“အရင်ကလုပ်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ EIA Report ကျမတို့တွေ့တယ်။ အဲဒီ EIA Report မှာ တရုတ်ပညာရှင်တွေနဲ့ မြန်မာက လေ့လာသုံးသပ်မှု လုပ်ထားတဲ့ နေရာမှာ ပညာရှင်တွေကိုယ်တိုင် ဒီ မြစ်ဆုံ ရေကာတာကို မဆောက်ဖို့ တိုက်တွန်းထားတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဆိုးကျိုးတွေကို ဂရုစိုက်မယ်ဆိုရင် ဧရာဝတီ ရေကာတာကြီးကို မဆောက်ဖို့ ဆိုပြီး သူတို့က အတိအလင်း ပြောထားတဲ့ဟာ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါကိုလည်း သူတို့ ဘယ်တော့မှ ထုတ်ဖော် ပြောတာ မရှိဘူး။ ဒီလို ဖြန့်ဝေတာတွေ မရှိဘူး။”
လျှပ်စစ်ကဏ္ဍနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ထိခိုက်မှုဆိုင်ရာ ဘက်ပေါင်းစုံ လေ့လာဖို့ လိုအပ်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုမျိုး ဖြစ်အောင် ကြိုးစားဖို့ လိုတာပါ။
“ကျောက်မီးသွေးသုံးတာ အဆိုးဆုံးပဲ။ ကျောက်မီးသွေးထက် ဒီဇယ်၊ ဓာတ်ဆီက သက်သာတယ်။ ဒီဇယ်၊ ဓာတ်ဆီထက် ဂက်စ်က သက်သာတယ်။ ဂက်စ်ထက် ရေအားလျှပ်စစ်က သက်သာတယ်။ ဒါမှန်တယ်။ သို့သော်လည်း အဲဒါလုပ်တဲ့အတွက် လူတွေရော၊ သဘာ၀၀န်းကျင်ရော ပျက်စီးတာတွေလည်း ထည့်စဉ်းစားရမယ်။ အဲဒါတွေ မစဉ်းစားဘဲလုပ်တာ အဓိပ္ပာယ်မရှိတဲ့ တိုးတက်မှု ခေါ်တယ်။”
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံသားတွေထက် အိမ်နီးချင်း တရုတ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမှာမို့ မြန်မာ့နောင်ရေးအတွက် ရပ်ဆိုင်းပစ်ဖို့ လိုအပ်ပါတယ်။
“မြစ်ဆုံက ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ယူနန်က လျှပ်စစ်လိုင်းကနေ တဆင့် တရုတ်ပြည်ကို တင်ပို့မယ်လို့ CPI ကုမ္ပဏီက သတင်းတခုမှာ ရေးထားတယ်။ တကယ်တမ်း ရေကာတာဆောက်မယ့် အချိန်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေ ဒီဒေသခံ ပြည်သူလူထုတွေဆီ ရောက်တယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေက လျှပ်စစ်ဓာတ်အားလည်း မရဘူး။ ဒီကနေ အကျိုးအမြတ် ဘာမှလည်း မရဘူး။ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့ဟာတွေလည်း အများကြီးဖြစ်တယ်။ ဒေသခံ ပြည်သူလူထုတွေ ပါဝင်ဆုံးဖြတ်မှု မရှိတဲ့၊ ပြီးတော့ မြန်မာနိုင်ငံ တခုလုံး အနာဂတ်တွေမှာ ဆိုးကျိုးဖြစ်စေမယ့် ဒီလို ကြီးမားတဲ့ ရေကာတာကြီးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေကို တောင်းဆိုချင်တယ်။”
မြစ်ဆုံ ရေအားစီမံကိန်းကို ဆက်ပြီး မလုပ်ဖို့အတွက် မြန်မာအစိုးရကိုသာမက တရုတ်အစိုးရကိုပါ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းမျိုးစုံက တောင်းဆိုမှုတွေ အပြင်းအထန် လုပ်ဆောင်နေတာပါ။

London အုံကြွမှု အခြားနယ်များသို့ ပျံ့နှံ့


လန်ဒန်မြို့ရှိ လူဆင်းရဲများ နေထိုင်ရာ ဒေသများသို့ ဆက်လက် ပျံ့နှံ့လာသည့် လူထုအုံကြွမှုများမှာ လွန်ခဲ့သည့် တနင်္လာနေ့ညက နေရာခြောက်နေရာ တွင်ထပ်မံ ဖြစ်ပေါ်နေပြီး ဝန်ကြီးချုပ်ဖြစ်သူ  ဒေးဗစ်ကင်မရွန်းမှာလည်း ၎င်း ၏အားလပ်ရက် အနားယူမှုကို အဆုံးသတ်ပြီး အင်္ဂါနေ့တွင် နိုင်ငံ သို့ပြန်လည်မည် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဆန္ဒပြမှုများမှာ Hackney, Lewisham, Clapham, Peckham, Croydon နှင့် Woolwich တို့အပြင် ဘာမင်ဂမ်မြို့များသို့ပါ ပျံ့နှံ့သွားခဲ့ပြီး ကားများကို မီးရှို့ဖျက်ဆီးကြပြီး နေအိမ်မှန်ချပ်များကိုလည်း ခွဲချေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုလို လူထူအုံကြွမှုမှာ လွန်ခဲ့သော တနင်္ဂနွေနေ့ညက စတင်ကာ တော်တင်ဟမ်မြို့တွင် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး  ရဲတပ်ဖွဲ့မှ ဂိုဏ်းအဖွဲ့တစ်ခု မှအဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် လူအများမှပြောရာ၌ ယခုလို အုံကြွမှုဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ခြိုးခြံချွေတာရေးလမ်း စဉ်ကြောင့်ဖြစ်ကြောင်း ပြောကြသည်။ ယခုလိုဖြစ်ရပ် ကြောင့် လန်ဒန်ရဲတပ်ဖွဲ့အတွက် ပိုမို အကြပ်ရိုက်စေမှုမှာလာမည့် ၂၀၁၂ လန်ဒန်အိုလံပစ် ပွဲကျင်းပရာ နေရာအနီးတွင် လူထုအုံကြွမှု ဖြစ်ပေါ်နေခြင်း ပင်ဖြစ်ပြီး ယခုဖြစ်စဉ်မှာ လွန်ခဲ့သည် ၁၉၈၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အုံကြွမှုအပြီးတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

တရုတ် ချစ်သူများနေ့တွင် ချစ်သူစုံတွဲ (၄၂၀၀)ခန့် လက်ထပ်ပွဲ ဆင်နွှဲ


တရုတ် ပြက္ခဒိန်အရ (၇)လပိုင်း (၇)ရက်နေ့ဟာ တရုတ် ချစ်သူများနေ့ဖြစ်ပါသည်။ အဆိုပါနေ့ကို တရုတ်လို  ချီရှီး ၊ တစ်နည်းအားဖြင့်  နိုက် အော့ဖ် ဆဲဗင်း  လို့ လက်ခံထားကြပြီး ဒါဟာ တရုတ်ရှေးဟောင်း ဒဏ္ဍာရီလာ ဖြစ်ရပ်တစ်ခုအပေါ် အခြေခံထားတာ ဖြစ်ပါသည်။ အဲဒီ ဒဏ္ဍာရီအရ ကွဲကွာနေရတဲ့ ချစ်သူနှစ်ဦးဟာ  ချီရှီး နေ့မှာ ငှက်ကျားတွေ ဖန်တီး ပေးထားတဲ့ ကြယ်စင်တစ်ခုနဲ့ တစ်ခုအကြား ဆက်သွယ်ပေးထားတဲ့ တံတားတစ်ခုပေါ်မှာ တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံခွင့်ရခဲ့ကြတယ်လို့ ဆိုပါသည်။

အဲဒီပုံပြင်ဟာ လူအများရဲ့ စိတ်နှလုံးကို သိမ်းယူ စိုးပိုင်နိုင်ခဲ့ရာ ချီရှီး  ဟာ နှစ်ပေါင်း နှစ်ထောင်ကျော်လာတဲ့အထိ ထုံးတမ်း အစဉ်အလာ တစ်ခုလို ထိမ်းသိမ်းစောင့်ရှောက်ခြင်း ခံခဲ့ရပါသည်။ ယနေ့ခေတ်မှာတော့  ချီရှီး  ကို လူငယ်အများစုက တရုတ်ချစ်သူများနေ့အဖြစ် ရှုမြင်ကြပြီး သူတို့ရဲ့ လက်တွဲဖော်များနဲ့အတူ အထိမ်းအမှတ် အခမ်းအနားတွေ ဆင်နွဲလေ့ရှိကြပါသည်။

ယခုနှစ်ရဲ့ တရုတ်ချစ်သူများနေ့မှာ ပေကျင်းတစ်မြို့ တည်းမှာတင် ချစ်သူစုံတွဲ(၄၂၅၁)ဦး လက်ထပ်ထိမ်းမြားဖို့ မှတ်ပုံတင်ခဲ့ကြပြီး ဒီအရေအတွက်ဟာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ လက်ထပ်ကြတဲ့ အရေအတွက်ထက် အဆ(၂၀၀) ပိုပြီးများပြား ခဲ့တယ်လို့ စာရင်းများမှာ ဖော်ပြထားပါသည်။ ပေကျင်းက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဌာနကလည်း အဲဒီနေ့မှာ ပုံမှန်ရုံးချိန်ထက် တစ်နာရီ စောပြီး ဖွင့်လှစ်ပေးခဲ့ရသလို စာရင်းသွင်းလိုတဲ့ ချစ်သူစုံတွဲတွေကလည်း တစ်ရက်ကြိုပြီး ရုံးရှေ့မှာ တန်းစီစောင့်ဆိုင်းခဲ့ကြရကြောင်း သိရပါသည်။

ဟောင်ကောင်၌ ကွယ်လွန်သူ မင်းသားဘရုစ်လီ၏ ပစ္စည်းများကို လေလံတင် ရောင်းချ



ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဘရုစ်လီ ၀တ်ဆင်ခဲ့သည့် သိုးမွေး အနားကွပ် အင်္ကျီတစ်ထည်နဲ့ အခြားပစ္စည်း (၁၂)ခုကို ဟောင်ကောင်မှာ စနေနေ့က လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ (၂၂၀၀၀၀)ရရှိခဲ့ကြောင်း သိရသည်။ မင်းသားဘရုစ်လီရဲ့ ပစ္စည်းတွေကို အမေရိကန်လူမျိုး အနုပညာပစ္စည်း စုဆောင်းသူတစ်ဦးက ရောင်းချခဲ့ခြင်း ဖြစ်သည်။

လေလံပွဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့သည့် ပစ္စည်းမှာ ဘရုစ်လီ နောက်ဆုံး ရိုက်ကူးခဲ့သည့် ဂိမ်းအော့ဖ် ဒတ် ဇာတ်ကားထဲမှာ ၀တ်ဆင်ခဲ့သည့် သိုးမွှေးအနားကွပ် အင်္ကျီဖြစ်ပြီး အဆိုပါ အင်္ကျီကို အမေရိကန်ဒေါ်လာ (၇၇၀၀၀)နဲ့ ရောင်းချနိုင်ခဲ့သည့်အတွက် မူလက မျှော်မှန်းထားသည့် ဈေးနှုန်းထက် ပိုပြီးရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူငယ်ချင်း တစ်ဦးထံ ရေးသားပေးပို့ခဲ့တဲ့ ဘရုစ်လီရဲ့ စာတစ်စောင်သည် အမေရိကန်ဒေါ်လာ (၅၁၀၀၀)ထိ ရရှိခဲ့ကြောင်း သိရသည်။ မင်းသား ဘရုစ်လီသည် အဲန်းတား သယ် ဒရယ်ဂွန် အပါအ၀င် ကွန်ဖူး ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့သည့် မင်းသားတစ်ဦး ဖြစ်သည်။ သူသည် (၁၉၇၃)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး၊ ကွယ်လွန်ချိန်မှာ အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။

Facebook မှ Spam King အမှု ရင်ဆိုင်ရမည်


Facebook အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ News Feed တွင် ပါရှိသည့် link များအား ဝင်ရောက် ကြည့်ရှု့ရာ၌ စိတ်အေးလက်အေး ဝင်ရောက် ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။လွန်ခဲ့သော သောကြာနေ့က FBI ၏ ကြေငြာချက်အရ Spam King ဟုအမည်ရသူ Stanford Wallace အား စုစုပေါင်း ၂၇ သန်းခန့်ရှိသည့် Spam message များကို Facebook သုံးစွဲသူများ ထံသို့ ပေးပို့မှုဖြင့် တရားစွဲဆိုခံလိုက်ရ  ပြီဖြစ်သည်။

တရားရုံး ရှေ့နေများ၏ အပြောအရ Wallace မှာ ကွန်ပြူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲပြီး ယင်းပရိုဂရမ်အရ Facebook ၏ spam ဆန်ကာကို ကျော်ဖြတ်နိုင်ပြီး သုံးစွဲသူများ ၏ account အချက်အလက် အသေးစိတ်ကို ပေးစေရန် လှုံဆော်သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ သုံးစွဲသူများ ကို ၎င်း၏ မိတ်ဆွေများထံမှ ပေးပို့သည့် စာများကဲ့သို့ စာတုများ ဖန်တီးပြီး ပေးပို့ခဲ့သည်။

ယင်းစာများမှာ ၎င်းချိတ်ဆက်ထားသည့် ဝက်ဆိုက်များ ကို ဝင်ရောက်စေရန် ဆွယ်သည့်စာများ ဖြစ်ပြီး အဆိုပါ ဝင်ရောက်မှုမှ တစ်ဆင့် ၎င်းအနေဖြင့် ပမာဏတစ်ခု ရှိသည့် ငွေကြေးများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း အမှုစွဲဆိုသူများမှ ပြောကြားခဲ့သည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ အား Wallace ကိုယ်တိုင် ပြောကြား ဝန်ခံခဲ့ခြင်း ဖြစ်ကာ ၎င်းအနေဖြင့် အပြစ်မရှိကြောင်းလည်း ပြောကြားခဲ့သည်။ သို့ရာတွင် ယခုလို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။

WUNPAWNG MUNGDAN SHANGLAWT ASUYA SHARE SHAGAN MASAT NINGHTOI A LAM



Wunpawng Amyu sha ni hte Wunpawng Mungdan sha ni gaw, 1947ning, February (12) ya shani na Panglung ga sadi hte maren, hpunau Myen, Sam, Jinghpaw, Hkang, Kayin, Kaya, Mun, Yahkai zawn re ai amyu sha ni hte rau British Kuluni uphkang ai lata na shanglawt la nna, Munghpawm mungdan langai jawm gaw de let nga pra wa saga ai.
-
Munghpawm Myanma Mungdan hpe uphkang na ningpawt ninghpang gaw da ai tara kanu (constitution) hpe jawm ka lajang masat shagrin la nna, dai gaw da ai tara kanu hte maren, Munghpawm Myanma Mungdan ngu ai kata e rau jawm nga pra wa ai. Raiyang, gaw da ai ningpawt ninghpang tara kanu hpe n hkan shatup nna rau nga rau pra shada, dip up ai lailen ni nga wa ai.
-
 Grau law ai Myen amyu ni gaw, n law n’na naw grit nem nga ai kaga amyu sha (Ethnic groups) ni a ntsa e dip up ai lailen gaw lani hte lani wum ja wa ai majaw, masha jahpan n law ai hte naw kaji kadun nga ai amyu sha ni gaw, mungmasa ahkaw ahkang lam, n’pawt n’hpang shinggyim ahkaw ahkang lam, Demukrisi ahkaw ahkang lam, hte kaga ahkaw ahkang lam ni hpe tat sum kau ai madang de du mat wa sai.
Ndai zawn, lu ra, lu ging ai ahkaw ahkang hte ahkang aya lam ni hpe tat sum kau ai hpe mungmasa ku ntsa kaw sha garu hkat nna, hpa lam hpe mung bai dara di la lu na lam n nga mat sai hpe mu mada ai mung tsaw, myu tsaw share shagan ningshawng ningla ni gaw, shing rai tat sum kau ai mung masa ahkaw ahkang lam hte ahkang ya lam ni hpe bai lu la na matu, laknak lang nna rawt malan gasat la ra sai ngu daw dan nna 1961 ning, February Shata (5) ya shani kaw nna Amyu sha rawt malan majan baw hpang sai.
-
 Ndai zawn mung tsaw, myu tsaw share shagan ningshawng ningla ni e woi awn daw dan ai hte maren, anhte gaw, laknak lang nna rawt malan gasat ai lam galaw wa saga ai.
Laknak lang rawt malan gasat sa wa ai hkrun lam hta amyu hte mungdan hpe tsaw ra ai ningshawng ningla, myit rum share shagan law law wa tinang a asak hpe ap nawng ai kaw du hkra gasat poi shang lai wa masai.
Dai zawn asak ap nawng lai wa ai lam hta Wunpawng Mungdan Shanglawt Hpung Ginjaw Komiti Tingnyang Up, KIC Ningbaw hte KIA Dap Up Daju makan lit hpe gunhpai lai wa sai Ningbaw Kaba Usa (GOC) Lahtaw Zau Seng gaw 1975 ning August shata (10) ya shani Thailand Mungdan kata e Dap jung da ai OKFA Dabang de lung wa ai hkrun lam kaw tai hpyen a maw mawn ai kata kaw hkrat sum nna asak ap nawng lai wa sai.
-
 Dai hte maren, Ginjaw komiti Tingnyang Up Malai, KIC Ningbaw Malai hte KIA Tau Dap Awn Daju Makan lit gun hpai nga ai Du Up Daju Lahtaw Zau Tu hte Ginjaw Komiti Ninggawn Amu Madu Makan lit gunhpai nga ai Salang Kaba Pung Shwi Zau Seng gaw, 1975 ning August (6) ya shani OKFA Rung Dabang de lung wa ai lam e tai hpyen wa a masha ni a lata hta hkrat sum asak ap nawng lai wa masai.
-
Ningbaw ningla, hpu-awn kaji kaba, dap ma mung shawa ni law law gaw, tinang Wungpawng Mungdan hte Wunpawng Amyu Sha ni a ntsa tsaw ra myit majing rawng nna sadi dung let asak ap nawng lai wa sai. Share shagan myit rum manang ni yawng hpe hkungga shagrau, masat masa galaw ai hku nna, Wunpawng Mungdan Shanglawt Asuya gaw, Wunpawng Mungdan Shanglawt Asuya a shawng ningnan No. 1 Ningbaw kaba makan lit gun hpai lai wa ai GOC Lahtaw Zau Seng asak ap nawng mat wa sai. 1975 ning, August shata (10) ya hpe la nna, dai ninghtoi hpe SHARE SHAGAN NINGHTOI ngu masat dat ai rai.
Shaning shagu August shata (10) ya hta anhte gaw share shagan ninghtoi ngu masat ninghtoi kaba hku masat dingsat hpawng galaw ra ai. Dai masat ninghtoi hta, myu hte mungdan hpe tsaw ra nna share shagan let asak ap nawng lai wa sai hpu shawng hpu ba share manang ni hpe myit dum, n’gun la let shanhte shakut kau da nna garai n ngut n kre ai anhte a yaw shada ai pandung shadaw du, padang dip la lu ai kaw du hkra an hte yawng da kring da lang, magrau grang grang rawt malan gasat poi shang sa wa dingyang rai ra nga ga ai law.

This, Too, Shall Pass Away

 
လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။
"အယူအဆစွဲ၊ လူမျိုးစွဲ ဒေသစွဲ စသဖြင့်။ အဲသည်အထဲမှာ အားအကြီးဆုံးက ငါစွဲ "
ကိုယ့်ဘာသာကိုယ်တော့ မျှမျှတတ မှန်မှန်ကန်ကန် မြင်သည် ဟု ထင်တတ်ကြသည်။
သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက် လိုက်နေမိတာတွေ ၊
အစွဲကလေးနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာတွေ့ရလိမ့်မည်။      လူတွေမှာ ရှိတတ်ကြသည့် အဲသည်သဘောကို   Tom Knight  ဆိုသော ပုဂ္ဂိုလ်က အခုလို ရေးသည်။
စဉ်းစားကြည့်ရင် ရယ်စရာဗျ ။

ဟိုလူတွေ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီး လုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။
ကိုယ်ကြာနေရင်တော့ အဲဒါ စေ့စပ်သေချာတာ တဲ့။

ကိစ္စတစ်ခု ဟိုလူမလုပ်ရင် ပျင်းတာ၊
ကိုယ်မလုပ်တာက အလုပ်များလို့ ။

ကိစ္စ တစ်ခုကို သူ့လုပ်ပါ မပြောဘဲနဲ့ ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။
ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လပ်မြင်တာ၊ လုပ်သင့်တဲ့အလုပ်ကို ကုယ့်ညဏ်နဲ့ကိုယ် တီထွင်ကြံဆပြီးလုပ်တတ်တာ။

ဟိုလူက သူ့အယူအဆကို ကြောက်အကန် ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။
ကိုယ် ဆိုရင်တော့ သဘောထား ပြတ်သားခိုင်မာတာ ။

အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတလေ ဟိုလူချိုးဖောက်ရင် အဲဒီလူယဉ်ကျေးမှု မရှိတာ၊
ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ..... မရဘူး ၊ ကျွန်တော်က ကိုယ့်ပုံစံနဲ့ ကိုယ်ပဲ။.... တဲ့ ။ ။
လူတွေ အတော်တော်များများပင် အဲသည် အတိုင်းပဲဟု သင်မြင်မိလိမ့်မည်။ သင်ကိုယ်တိုင်ကော ဘယ်လိုရှိပါသလဲ ။  ။

 လူတွေမှာ ကိုယ့်ကိုယ် ကိုယ် အထင်ကြီးသည့် စိတ်၊ ကြွားဝါတတ်သည့် စိတ်၊
ကိုယ့်လူဘက်က မသိမသာ ဖြစ်စေ သိသိသာသာဖြစ်စေ ဘက်လိုက် ချင်တတ်သည့် စိတ်တွေ
ရှိတတ်ကြကြောင်း အားလုံးအသိဖြစ်သည်။

 ကိုယ့် အယူအဆ ကိုယ့်အမြင်ဆိုလျှင် မှန်သည်၊ မျှတသည်၊ အစွဲအလမ်းကင်းသည်၊ ကျိုးကြောင်းသင့်မြတ်သည်၊ ဓမ္မဓိဌာန်ကျသည် ၊ Objective ဖြစ်သည်ဟူ၍ ထင်မှတ်တတ်ကြသည်။ သို့သော် လက်တွေ့တွင် လူတိုင်းလိုပင် အစွဲအနည်း နှင့် အများပါတတ်ကြသည်၊ ကိစ္စတစ်ခုကို ကိုယ်သန်ရာ သန်ရာ ရှုထောင့်မှ အကဲဖြတ်သတ်မှတ်တတ်ကြသည်၊ တစ်နည်း ဆိုရသော် Subjective ( ပုဂ္ဂလဓိဌာန်)။

   လူတွေ၏ သဘောထားအမြင်များ၊ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်များဟူသည် ၎င်းတို့ ဘယ်အရာတွေကို ဘယ်လောက်တန်ဖိုးထားသည် မထားသည်၊
ဘာတွေ ကို ကောင်းသည် မှန်သည်ဟု မှတ်သား ခံယူခဲ့၍ ဘယ်ဟာတွေသည် မကောင်းမမှန်ဟု စွဲလန်းယုံကြည်ထားခဲ့သည်။
သူ့အား ဘယ်ကာလ ဘယ်ဒေသမျိုးမှာ မွေး၍ ဘယ်ပတ်ဝန်းကျင်မျိုးမှာ သူဘယ်လိုကြီးပြင်း လာခဲ့သည်ဟူသော
အချက်များပေါ်တွင် များစွာ မူတည်နေတတ်သည်။

စင်စစ် နေရာတကာ ဓမ္မဓိဌာန်ကျကျ (ယတာဘူတကျကျ) စဉ်းစား ဖြစ်ဖို့ သည် လူတစ်ယောက် အတွက် မလွယ်ကူပါ။ ။
သင်ကော အကြောင်း ကိစ္စတွေ အပေါ် မည်မျှ ဆန္ဒစွဲ အမြင် (ပုဂ္ဂလ ဓိဌာန်) ကင်းစွာ ရှုမြင်သုံးသပ်လေ့ ရှိပါသလဲ။ ။

 ကျွန်တော် အရမ်းကြိုက်တဲ့ proverb ပြောရမလား slogan ဘဲ ပြော ရမလားတော့ မသိပါ။ စာသား ကလေး တစ်ခု ပါ။
 " This, too, shall pass away."  
ဒါလည်း ပြီးသွားမှာပါ၊ တဲ့။
စာသားက ရိုးရိုးလေးပါ။
သို့သော် တန်ခိုးရှိသည်။

လူမှုရေး၊ စီးပွားရေး ၊ ကျန်းမာရေး စသည်ကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ထဲ အနှောင့်အယှက် ဖြစ်ကာ တနုံနုံ တွေးနေမိသည့် အခါမျိုးတွင် သည်စကားလေး ခေါင်းထဲပေါ်လာလျှင် စိတ်ထဲ ပေါ့ပါးသွားတတ်သည်။
အချိန်တန်ရင် ပြီးသွားမှာပါကွာ၊ ပူမနေပါနဲ့ သည်စကားလေးက နှစ်သိမ့်အားပေးသည်။
အားပေးရုံဘဲလား ဆိုတော့ မဟုတ်ပါ။

သိပ်အားတက်နေ ဝမ်းမြောက်နေ တစ်ကိုယ်တည်း ပီတိတွေ ဖြာနေမိသည့် အခါမျိုး မှာလည်း ကိုယ်ရှိန်သတ် နိုင်အောင် သူက သတိဖော်ပေးသည်။   ဟေ့ .... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာ။ ။

တန်ဖိုးရှိလှသည့် စကား ။ လောကကြီးထဲမှာ သင့်တင့် လျောက်ပတ်စွာ နေတတ်အောင် တစ်ခွန်းတည်း နှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထား ပေးသော စကား ။ ။

" This , too, shall pass away."