အင်တာနက်က သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်
င်္Facebook နှင့် YouTube ကဲ့သို့ အင်တာနက် ၀က်ဘ်ဆိုက် များမှာ သက်ကြီးရွယ် အိုများ အတွက် ဦးနှောက် ကို နိုး ကြားသွက်လက်စေပြီး မှတ်ဥာဏ် လျော့ကျ ပျက်စီးခြင်းအား ကာ ကွယ်တား ဆီးနိုင် ကြောင်း သိပ္ပံ ပညာရှင်များက ပြော ကြားသည်။ှSocial Networkin ၀က်ဘ် ဆိုက်များနှင့ှ်ု Skype ကဲ့သို့ အွန် လိုင်းဝန် ဆောင်မှုများကို မကြာ ခဏ အသုံးပြုတတ် သည့်သက်ကြီး ရွယ်အိုများမှာ ထိုသို့အသုံးပြုလေ့ မရှိသည့် သက်ကြီး ရွယ်အိုများ ထက် ဦးနှောက်ပိုင်း ဆိုင်ရာတွင် ပို၍ နိုးကြား သွက်လက်ကြကြောင်း လေ့လာမှု တစ်ခုက ဆိုသည်။ အင်တာနက်သုံးခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ် ကျခြင်းတို့ကို လျော့နည်းစေနိုင် သလို သက်ကြီးရွယ်အိုများအတွက် လူမှုပတ်ဝန်း ကျင်နှင့်ထိတွေ့ဆက်ဆံမှုတွင် အထောက်အကူ ဖြစ်စေသည်။ Social network နှင့် IT နည်းပညာ တို့မှာ သက်ကြီးရွယ်အိုများကို ပိုမိုနုပျိုစေနိုင်ပြီး မှတ်ဥာဏ်ကိုလည်း ပိုမိုတိုးတက် စေ နိုင်ကြောင်း သိရသည်။ အီတလီနိုင်ငံမှ သုတေသနပညာရှင်များက စောင့် ရှောက်ရေး ဂေဟာနှစ်ခုရှိ သက်ကြီးရွယ်အိုများကို လေ့လာမှုများပြုလုပ်ခဲ့ကြ သည်။
အဆိုပါ ဂေဟာများတွင်လက်ပ်တော့နှင့် ၀ါယာလက်စ်အင်တာနက်စနစ် များ တပ်ဆင်ပေး ထားပြီး အင်တာနက်သုံးစွဲပုံကို သင်ကြားပေးခဲ့ကြသည်။ သက်ကြီးရွယ်အိုများကိုလည်း Facebook, Twitter ကဲ့သို့ Social networking ၀က်ဘ်ဆိုက်များနှင့် Skype ကဲ့သို့ အွန်လိုင်းမှ တယ်လီဖုန်း ဆက် သွယ်ပြောဆိုနိုင်သည့် ၀က်ဘ်ဆိုက်များတွင် ၎င်းင်းတို့၏ ကိုယ်ပိုင် Account များပြုလုပ်ပေးခဲ့သည်။ ထိုလေ့လာမှုအရ အင်တာနက် အသုံးပြုသည့် သက် ကြီးရွယ်အိုများမှာ အင်တာနက် အသုံးမပြုသည့် သက်ကြီးရွယ်အိုများထက် ပိုမိုနိုးကြား တက်ကြွမှုရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အင်တာနက်မ Social networking ၀က်ဘ် ဆိုက်များ အသုံးပြု သည့် သက်ကြီးရွယ်အို အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအ ထိ တိုးတက်လာခဲ့သည်။ Facebook နှင့် MySpace တွင် profile ပြုလုပ်ထား သူများအနက် ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို အငြိမ်းစားများဖြစ်ကြသည်။ သက်ကြီးရွယ်အို ၁ဒသမ၅သန်းကျော်မှာ င်္ Facebook တွင် profile ပြုလုပ် ထားပြီး Skype အသုံးပြုကာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ဆက်သွယ်လေ့ ရှိကြကြောင်းလည်း သိရသည်။







နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုးပါပဲ။ အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမ၀င်နိုင်တာမျိုး ဖြစ် တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဘရက်ပစ်တ်နှင့်အန်ဂျလီနာဂျိုလီ တို့လက်ထပ်မည်ဆိုသော သတင်း များနှင့်ပတ်သက်ပြီး နာမည်ကျော်ဟောလီးဝုဒ်စုံတွဲ၏ ကိုယ်စားလှယ်က ငြင်း ဆန်ခဲ့သည်။“ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာခိုင်လုံတဲ့သက်သေ အထောက် အထားမှရှိမ နေပါဘူး ဟုဂျိုလီနှင့်ပစ်တ်တို့၏ ကိုယ်စားလှယ်က ပြောကြား သွားသည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ပစ်တ်နှင့်ဂျိုလီတို့သည် (၆) နှစ်ကြာ ချစ်သူ ဘ၀ဖြင့်နေထိုင် လာမှုမှ တစ်ဆင့်တက်ရန်စီစဉ်နေပြီဟု သတင်း များက ဖော်ပြခဲ့ကြသည်။ ထိုအတောအတွင်း ယင်းတို့နှစ်ဦးသည် မွေးစား ကလေးငယ်(၃)ဦးအပါအ၀င် သားသမီး(၆)ဦးထိ ရရှိခဲ့သည်။ ပစ်တ်၏ကိုယ် စားလှယ်က လက်ရှိတွင် ပစ်တ်ရော၊ ဂျိုလီပါ အလုပ်ထဲတွင် နစ်မြုပ်နေပြီး လက်ထပ်ရန်ကိစ္စကိုမစဉ်းစားဖြစ်သေးကြောင်း ပြောကြားသွားသည်။ ပစ်တ် သည် ၽႊသမူိ ၽႊေမ ဇ ဇာတ်ကားအတွက် လက်တလောတွင် ဥရောပသို့ ရောက်ရှိနေသည်။ ထို့အပြင် သြညနပဘေူနှင့် ဃသါညေ’ျွှမေိန ဇာတ် ကားများအတွက် ဏမသာသအငသည ပြုလုပ်ရန်လည်း ပစ်တ်မှာ အလုပ် များလျက် ရှိနေသည်။ ဂျိုလီမှာ မိသားစုနှင့်အတူ ပစ်တ်၏ရိုက်ကွင်းရှိရာ မော်လ်တာသို့ ကလေးများနှင့်အတူ သွားရောက်လည်ပတ်ပြီး မကြာသေးမီကမှ လော့စ်အန်ဂျလိစ်သို့ပြန်ရောက်လာခဲ့သည်။ ဂျိုလီသည်လက်ရှိတွင် ဟန်ဂေရီသို့သွားရောက်ကာ ရုပ်ရှင် ဇတ်ကား ရိုက် ကူးရန် စီစဉ်နေကြောင်း သိရှိရသည်။ 







