Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

ဖိုင်လွှင့်ပစ်မရအောင်

ဖိုင်လွှင့်ပစ်မရအောင်

အလုပ်မှာသုံးဖို့ word, excel ဖိုင်တွေကို နာရီပေါင်းများစွာ ကြိုးပမ်းပြီးမှ ဖိုင်ပျက်စီးသွားလို့ ဖွင့်မရတော့တဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ။ သည်အခါ ဖိုင်ကို အသစ်ကနေ ပြန်လုပ်ရုံပဲ ရှိတော့တာပေါ့။ ပျက်စီးနေတဲ့ office ဖိုင်တွေကို ဖွင့်ပေးမယ့် ၀က်ဘ်ဆိုက်တစ်ခု ရှိပါတယ်။
saveofficedata
ဖွင့်မရတဲ့ ဖိုင်တွေကို သည်ဆိုက်မှာ upload လုပ်ပါ။ word ဖိုင်ပဲဖြစ်ဖြစ်၊ xls, ppt ဘာဖိုင်မဆိုရပါတယ်။ သည်ဆိုက်ဟာ ဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး စာသားတွေကို ရွေးထုတ်ပေးပါတယ်။ သည်တော့ စာပြန်ရိုက်စရာမလိုဘဲ ဖိုင်ကို save လုပ်နိုင်မှာပါ။ တစ်ခုရှိတာက သည်ဆိုက်ဟာ ပျက်စီးနေတဲ့ဖိုင်ကို ပြင်ဆင်ပေးတာ မဟုတ်ပါဘူး။ ဖိုင်ထဲက စာသားတွေကိုချည်း ပြန်ထုတ်ပေးတာပါ။

ဒေတာတွေကို ပြန်ရဖို့သုံးကြည့်နိုင်တဲ့ လိပ်စာကတော့ www.saveofficedata.com ပါ။

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

ဝါရှင်တန်။      ။ ဂျပန်နိုင်ငံမှ ဆိုနီဂိမ်း PS3 ကို အွန်လိုင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် တရားစွဲဆို ခံခဲ့ရသည့် အမည်ဝှက် GeoHot ခေါ် George Hotz အား Facebook မှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

Facebook ပြောရေး ဆိုခွင့်ရှိသူ၏ အပြောအရ Hotz ကို  ၎င်းတို့၏ ကုမ္ပဏီမှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်းနှင့် မည်သည့် အချိန်တွင် အလုပ် စဆင်းမည်နှင့် ကယ်လီဖိုးနီးယား အခြေစိုက် ၎င်းတို့ ကုမ္ပဏီတွင် မည်သည့် နေရာမှ တာဝန်ယူမည် ဆိုသည်နှင့် ပတ်သက်ပြီး ပြောကြားရန် ငြင်းဆန်ခဲ့သည်။

Hotz မှာ i Phone အား ပထမဆုံး တရားဝင် ဟက် ပြခဲ့သူတစ်ဦးလည်း ဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလက ၎င်းနှင့် ဆိုနီ ဂိမ်း PS 3 တို့၏ အမှုမှာ တရားဝင် ကြေအေးခဲ့သည်။ ဆိုနီမှာ Hotz အား ၎င်းတို့၏ ဂိမ်းများကို တရားမဝင် ကစားစေနိုင်ရန် ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလမှ စတင်ကာ အွန်လိုင်း တိုက်ခိုက်မှု ခံခဲ့ရသည့် ဆိုနီတို့၏ PlayStation  ကွန်ယက်မှာ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး အပြည့်အဝ ပြန်လည် အသုံးချနိုင်ပြီ ဖြစ်သည်။

Facebook Apps များကြောင့် အသုံးပြုသူ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွား

Facebook Apps များကြောင့် အသုံးပြုသူ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွား

Facebook ၏ Applications တစ်ချို့သည် Facebook အသုံးပြုသူများ၏ အချက်အလက်များကို ပေါက်ကြားမှု ဖြစ်စေခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကြားမှုတွင် Facebook UID များက အဓိက ပါဝင်ခဲ့ကြောင်း သိရပြီး Third Party Companies များဆီကို ရောက်ရှိသွားခဲ့သည်ဟု သိရသည်။
facebook-privacy

စုံစမ်းစစ်ဆေးနေဆဲ Apps များတွင် အသုံးပြုသူ အချက်အလက်များကို ထဲထဲဝင်ဝင်ရယူ ထားကြောင်း တွေ့ရှိရသည်ဟု Wall Street Journal ၏ အစီရင်ခံချက်အရ သိရသည်။ Facebook တွင် ပေါ်ပြူလာ အဖြစ်ဆုံး Apps (၁၀)ခုသည် Third Party များကို အသုံးပြုသူများ၏ အချက်အလက်များ လွဲပြောင်းမှုအတွက် အပြစ်ရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါ Application များသည် Internet Research ကုမ္ပဏီများနှင့် ကြော်ငြာ ကုမ္ပဏီများထံ အချက်အလက်များ ပေးခဲ့သည်ဟု သိရသည်။

Facebook အသုံးပြုသူများ အများဆုံး ဆော့ကစားလေ့ရှိသော Zynga ၏ Social Network Game များဖြစ်သည့် FarmVille, Texas HoldEm Poker, FrontierVille အစရှိသည့် ဂိမ်းများသည် အဆိုပါ Facebook အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားစေမှုတွင် အဓိက ပါဝင်ကြကြောင်း သိရသည်။ Zynga ၏ FarmVille တွင် ဖော်ဖော်ဝါရီ ၂၀၁၀ စစ်တမ်းအရ အသုံးပြုသူပေါင်း သန်း ဂ၀ ခန့်ရှိသည်ဟု သိရသည်။

Facebook အနေဖြင့်လည်း အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး Official Blog တွင် ရေးသားပြီး ဝန်ခံခဲ့ကြောင်းလည်း သိရသည်။ Apps အများစုသည် User နှင့် ပတ်သက်သော အချက်အလက်များကို တောင်းဆိုပြီး UID ကို အလွဲသုံးစားပြုမှုများ တွေ့ရှိရကြောင်း ရေးသားထားသည်။

Facebook UID ဆိုသည်မှာ အလွန်အဓိကကျသော အမှတ်အသားတစ်ခု ဖြစ်ကြောင်း သိရပြီး အဆိုပါ အမှတ်အသားကို သိရှိသည်နှင့် Facebook အသုံးပြုသူက ကန့်သတ်များ မပြုလုပ်ထားလျှင် တယ်လီဖုန်းနံပါတ်၊ အီးမေးလ်မှ အစအကုန် သိနိုင်ပြီး အဆင့်အမြင့်ဆုံး ကန့်သတ်ထားလျှင်ပင် နာမည်နှင့် သူငယ်ချင်း၏ စာရင်းများကို သိရှိသွားနိုင်ကြောင်း သိရသည်။

ဒေါ်လာ ၁.၆ ဘီလီယံ အထိ ဖေ့စ်ဘုတ်ခ် ဝင်ငွေ နှစ်ဆတိုး ရရှိ

ဒေါ်လာ ၁.၆ ဘီလီယံ အထိ ဖေ့စ်ဘုတ်ခ် ဝင်ငွေ နှစ်ဆတိုး ရရှိ

 
၂၀၁၁ ခုနှစ်၏ ပထမ နှစ်ဝက် အတွင်း အသားတင် ဝင်ငွေမှာ ဒေါ်လာ သန်း ၅၀၀ ခန့် အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။ Reuters  သတင်း ဌာနသို့ သတင်း အရင်းအမြစ် တစ်ခုမှ ပြောရာ၌ လူမှုရေး ကွန်ရက် ဆိုက်ဖြစ်သည့် Facebook အနေဖြင့် ယခုနှစ်ဝက် အတွင်း ဝင်ငွေ ၁.၆ ဘီလီယံ အထိ နှစ်ဆတိုး ရရှိခဲ့ကြောင်း ပြောခဲ့သည်။

ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Facebook မှာ ၎င်း၏ ဘဏ္ဍာရေး ရှင်းတန်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း Goldman Sachs  မှ ရရှိသည့် စာရင်းများအရ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် အတွင်း ပထမ ကိုးလမှ ရရှိသည့် ဝင်ငွေမှာ ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်ပြီး အသားတင် ဝင်ငွေမှာ ဒေါ်လာ ၃၅၅ သန်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပိုမို တိုးတက်လာသည့် ဝင်ငွေများအရ ရင်းနှီးမြုပ်နှံသူများအား စတော့ ဈေးကွက်တွင် ကုမ္ပဏီ၏ ပိုင်ဆိုင်မူကို ဒေါ်လာ ဘီလီယံ ၈၀ သို့ ရောက်စေခဲ့ကြောင်းလည်း သိရသည်။ သုတေသန ပြုသူများ၏ ခန့်မှန်းချက်အရ Facebook ကုမ္ပဏီ အနေဖြင့်  ပြည်သူပိုင် ပြုလုပ်မှုကို လာမည့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ဖွယ် ရှိကြောင်း သိရသည်။

Blogger က နောက်ဆုံးတွင် အိုင်ဖုန်း app ကို ထုတ်လွှတ်

Blogger က နောက်ဆုံးတွင် အိုင်ဖုန်း app ကို ထုတ်လွှတ်

ဂူးဂဲလ်က နောက်ဆုံးတွင် Blogger များအတွက် iOS app ကို လွှတ်တင်လိုက်ပြီး ၎င်းသည် မီလီယံများစွာသော အသုံးပြုသူများ၏ ဘလော့ဂ်ကွန်ယက်သို့ ရေးသားခြင်း၊ manage နှင့် ပို့စ်များတင်ခြင်းတို့အား ၎င်းတို့၏ အိုင်ဖုန်းများမှ ပြုလုပ်နိုင်ရန် ပေးထားသည်။


ထို app သည် iOS users 3.2 နှင့် အထက်တို့က ရရှိနိုင်သည်။ ၎င်း app သည် users များအား ဓာတ်ပုံများနှင့် geotagging ဖြင့် compose နှင့် ဘလော့ဂ် ပို့စ်များအား publish လုပ်ရန် အပြည့်အဝ ပေးထားသည်။ users များအား views နှင့် ၎င်းတို့ publish လုပ်ထားမှုနှင့် draft ဘလော့ဂ်ပို့စ်တို့အား ပြန်လည်တည်းဖြတ်နိုင်ခြင်းကိုလည်း လုပ်နိုင်သည်။ ဤ app သည် Androed interface မှာ Blogger အား လွယ်ကူစွာ နားလည်နိုင်ပေသည်။

အိုင်ပတ်အတွက် ၎င်း app သည် mode အနေဖြင့်သာ အလုပ်လုပ်သည်။ အိုင်ပတ် app အတွက် အနာဂတ်တွင်သာ ယုံကြည် မျှော်ထားရပေမည်။

ဤ Blogger app သည် အိုင်ဖုန်းအတွက် ပထမဆုံးသော တရားဝင် app ဖြစ်သည်။ BlogPress က တရားမဝင် app တခု ဖန်တီးခဲ့ပြီး Blogger က အတည်ပြုပေးခဲ့သည်။ သို့သော် တရားဝင် app မှာ သတ်မှတ်ချိန်ထက် များစွာ နောက်ကျခဲ့သည်။ တချိန်က ကမ္ဘာ့အကြီးဆုံး ဘလော့ဂ် ဝန်ဆောင်မှုသည် WordPress, Tumblr တို့၏ အရိပ်အာဝါသ လွှမ်းမိုးခြင်းခံနေခဲ့ရပြီး အလယ်လတ်တန်း ပြိုင်ဆိုင်မှုများ ပိုလာသည်။ ဂူးဂဲလ်သည် မကြာသေးမီက Blogger ဝန်ဆောင်မှုအား ပြင်ဆင်ရန် ရင်နှီးမြုပ်နှံလားပြီး နောက်တကြိမ်ပြန်လည် ထိုးဖောက်ရန် ကြိုးစားလာသည်။

Blog နည်းပညာ

<select id="language" name="language" onchange="window.location.href=this[selectedIndex].value">
      <option value="" />ဘာသာစကား ရွေးချယ်
             

            
            
             <option value="http://www.kachinnews.com/" />English
             <option value="http://kachin.kachinnews.com/" />Kachin
             <option value="http://burmese.kachinnews.com/" />Burmese
             <option value="http://kachinfamily.blogspot.com/" />Eng + Kachin + Bur

            
           </select>   
    <script type="text/javascript" language="javascript">
     function changeLocation(langObj)
     {
      var indexVal;
      indexVal = langObj.selectedIndex;
      document.langForm.action=langObj.options[indexVal].value;
      document.langForm.submit();
     }
    </script>