Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label GENERAL. Show all posts
Showing posts with label GENERAL. Show all posts

Wi-Fi အကြောင်းလေး

အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။

အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။
Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

Router-and-Antenna-web
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။
External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။
ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။
http://www.tp-link.com/support/wireless_calculator/index.asp
ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Wireless-Calculator
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
wireless-result
Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။
CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
TL-WA5210G
Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။
CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
connect_cpe
ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။
Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။
CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။
source: it men

ဒီတခါတော့ ဘာ software မှမသုံးပဲ crack...,keygen...,serial ....တွေကို ဒီနည်းလေးသုံးပြီးရှာကြည့်ရအောင်

ဒီတခါတော့ ဘာ software မှမသုံးပဲ crack...,keygen...,serial ....တွေကို ဒီနည်းလေးသုံးပြီးရှာကြည့်ရအောင်

ဒီတခါတော့ ဘာ software မှမသုံးပဲ crack...,keygen...,serial ....တွေကို ဒီနည်းလေးသုံးပြီးရှာကြည့်ရအောင်

ဘာ software မှမသုံးပဲ crack, serial, keygen တွေကို internet မှာကိုယ်တိုင်ရှာချင်သူတွေအတွက်ပါ...သိပြီးတဲ့သူတွေအတွက်တော့ လွယ်ပေမဲ့ မသိသေးသူတွေအတွက် share ပေးလိုက်တာပါ....ရှာနည်းက...search engine မှာကျနော်တို့ရှာချင်တဲ့ software အမည်ကို double code လေးခံပြီး space လေးခြားပြီး 94fbr လို့ရိုက်ပြီး enter ခေါက်လိုက်ပါ...crack...,keygen...serial တွေကျလာပါလိမ့်မယ်....ကိုယ်အဆင်ပြေတဲ့ ဆိုဒ်ကို ရွေးပြီးသွား ဒေါင်းလိုက်ယုံပါပဲ...
search ဒါမှမဟုတ် enter ခေါက်လိုက်တာနဲ့ ဒီလိုတွေကျ လာလိမ့်မယ်...

Notepad လေးသုံးပြီး ကလိကြည့်ရအောင်........

Notepad လေးသုံးပြီး ကလိကြည့်ရအောင်........

Sality-Computer-Virus-Managed-Anti-Virus.jpg      အခုပြောပြမှာက notepad လေးကိုသုံးပြီး အပြင်းပြေ သူငယ်ချင်းတွေကိုစ လို့ရတယ့် Virus အတုလေးတွေ လုပ်တယ့်နည်းပါ။ တစ်ကယ်ကို လွယ်ပါတယ် ပျော်စရာလည်း ကောင်းပါတယ်.... ဒါကိုမသိသေးတယ့် သူတွေဆိုရင်တော့ ဟီးဟီး ချွေးတွေပါတွေ ပျံသွားမယ် ကျွန်တော်တောင် ဟိုးကွန်ပျူတာ တတ်ခါစတုံးက တစ်ခေါက်ခံလိုက်ရသေးတယ် သင်တန်းက အစ်ကိုကြီးတွေ အနုနည်းနဲ့ ပညာပြကြတာလေ... ဒါပေမယ့် သိသွားပြီးတော့လည်း ရိုးသွားတာပါပဲ... သူ့ရဲ့ နည်းတွေ ပုံစံတွေကတော့ အများကြီး ရှိပါတယ် လောလောဆယ် တစ်ခုပဲ ပြောပြမယ်နော် ဒီတစ်ခေါက်တော် ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောသေးဘူး ကုဒ်ကလေးတွေပဲ ပေးလိုက်မယ်။
အရင်ဆုံး Start menu ကနေ Run ဆိုတယ့် Program လေးကို ဖွင့်လိုက်ပါ။
 
ပြီးရင် Run ဆိုတယ့် Box လေးထဲမှာ notepad လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
 
ဒါဆိုရင် notepad program လေးပွင့်လာပါလိမ့်မယ်
 
ပွင့်လာတယ့် Notepad လေးထဲကို အောက်က ကျွန်တော် ပေးထားတယ့် ကုဒ်လေးတွေကို ကူးထည့်လိုက်ပါ။
 
 
msgbox"ဘော်ဒါ..ဘာတွေကလိနေတာလည်း",10,"VIRUS"
msgbox"ဘာလို့အတင်းလိုက်ပိတ်နေတာလည်း OK ကိုနှိပ်မှပေါ့",10,"Do what I say"
msgbox"အဲဒီလိုလုပ်လိုက်တော့ ပိုဆိုးသွားပြီထင်တယ်",10,"VIRUS"
msgbox"မင်းကွန်ပျူတာလေးက တော်တော်ကောင်းတာပဲနော်",10,"VIRUS"
msgbox"ပြောရင်းနဲ့ တောင်စားချင်လာပြီ",10,"VIRUS"
msgbox"C:\windows\system32 ထဲဝင်သမလိုက်ရရင်တော့..အီဆိမ့်နေမှာပဲ",10,"VIRUS"
msgbox"ဘော်ဒါမင်းဘယ်လိုလုပ်မလည်း",10,"VIRUS"
msgbox"မင်းကွန်ပျူတာကို ကိုယ်တို့ Hacker တွေထိန်းချုပ်ထားပြီ",10,"VIRUS"
msgbox"ပိုက်ဆံငါးထောင်လောက် အကုန်ခံပြီး Window အသစ်တင်မလား",10,"VIRUS"
msgbox"ဒါမှမဟုတ်...ကိုယ်ကိုယ်တိုင်ရအောင်ပြင်မလား",10,"VIRUS"
msgbox"ဒါမှမဟုတ် မင်းကွန်ပြူတာလေး လုံးဝပြန်ဖွင့်လို့မရတော့တဲ့အထိပစ်ထားလိုက်မလား",10,"VIRUS"
msgbox"ကိုယ်အလွယ်ဆုံးနည်းကိုပြောပြမယ် မှားလို့တော့မရဘူးနော်",10,"VIRUS"
msgbox"ဒီ Virus ထပြီးသုံးနာရီအတွင်း အင်တာနက်ဆိုင်ကိုအမြန်ဆုံးသွားပါ",10,"VIRUS"
msgbox"ပြီးရင် kyokyosin@gmail.com ကိုဆက်သွယ်ပါ",10,"VIRUS"
msgbox"နာမည်၊ အသက်၊ နေရပ်လိပ်စာပါတယ့် စာတစ်စောင်ကိုပို့ပါ",10,"VIRUS"
msgbox"စာအောက်ဆုံးမှာ Virus ဆိုတာကိုရေးပေးပါ။",10,"VIRUS"
msgbox"နေရပ်လိပ်စာက မင်းရဲ့ ကွန်ပျူတာ IP အွန်လိုင်းဝင်ခွင့် ပြန်ဖွင့်ပေးဖို့အတွက်ဖြစ်တယ်",10,"VIRUS"
msgbox"နာမည် အသက် ကတော့ ကိုယ်တို့ Hecker အဖွဲ့မှာ မှတ်တမ်းတင်ဖို့ဖြစ်တယ်",10,"VIRUS"
msgbox"အောက်က Virus ဆိုတာကတော့ ဖြေဆေးပေးပါလို့ အဓိပ္ပါယ်သတ်မှတ်ထားတယ်",10,"VIRUS"
msgbox"ထပ်သတိပေးလိုက်မယ်နော် သုံးနာရီအတွင်းနော်",10,"VIRUS"
msgbox"ဒါမှမဟုတ်ရင်တော့",10,"VIRUS"
msgbox"ဘယ်လောက်တော်တော် ကယ်နိုင်မှာမဟုတ်ဘူး",10,"VIRUS"
msgbox"ကဲနောက်ဆုံး သတိပေးချက်နော်",10,"VIRUS"
msgbox"စပြီဗျာ ပြေးပေတော့ အင်တာနက်ဆိုင်ကို သုံးနာရီအတွင်းနော်",10,"VIRUS"
msgbox"အဟီး... ကြောက်သွားလား",10,"ပျော်စရာကြီး"
msgbox"စတာနော် ...သိလား ချစ်လို့...ချစ်လို့",10,"ပျော်စရာကြီး"
msgbox"စိတ်ဆိုးတော့နဲ့နော် မင်းကွန်ပျူတာလေးကိုလည်း ဘာမှလုပ်တော့ဘူး",10,"ပျော်စရာကြီး"
msgbox"စတာလို့ပြောတာကို သိပ်စိတ်မချသေးရင်",10,"ပျော်စရာကြီး"
msgbox"မင်းကွန်ပျူတာလေးကို Restart လုပ်လိုက်နော် သိလား",10,"ပျော်စရာကြီး"
msgbox"အားလုံးကောင်းသွားလိမ့်မယ်",10,"ပျော်စရာကြီး"
msgbox"ပြီးရင်ဒီလို သူများကိုစလို့ ရအောင် ဘယ်လိုလုပ်သလည်းဆိုတာ",10,"ပျော်စရာကြီး"
msgbox"www.lawonnyo.over-blog.com မှာအခမဲ့သင်ပေးနေတယ်သိလား",10,"ပျော်စရာကြီး"
msgbox"Blogger နာမည်က လဝန်းညို လိပ်စာက www.lawonnyo.over-blog.com",10,"ပျော်စရာကြီး"
msgbox"အားလုံးအခမဲ့နော် သိလား Google ကနေ လဝန်းညို ဆိုပြီးရှာလို့လည်းရပါတယ်",10,"ပျော်စရာကြီး"
msgbox"လိပ်စာကို တစ်ခေါက်ပြန်ပြောမယ်နော် www.lawonnyo.over-blog.com",10,"ပျော်စရာကြီး"
msgbox"ခုနက ငိုချင်သွားအောင်စမိတယ့်အတွက် တောင်းပန်ပါတယ်နော်",10,"ပျော်စရာကြီး"
msgbox"ကျွန်တော့ ဆိုဒ်လေး ကြော်ငြာချင်လို့ ကလိလိုက်တာသိလား",10,"ပျော်စရာကြီး"
msgbox"ငိုနဲ့တော့နော် တိတ်တော့....",10,"ပျော်စရာကြီး"
 
ဒီကုဒ်လေးတွေကို အားလုံး ကူးထည့်ပြီးပြီဆိုတာနဲ့ Menu bar က File ကိုသွားပြီး Save as ကလစ်ပေးလိုက်ပါ။
Save as window လေးပေါ်လာရင် အောက်ဆုံးက Save as type ဆိုတယ့် နေရာလေးမှာ သူ့ type ကို All file type ဖြစ်အောင် ပြောင်းပေးလိုက်ပါ။ ပြီးရင် အပေါ်က File name ကို ကိုယ်ကြိုက်တယ့် နာမည်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပေးထားတယ့်နာမည်ရဲ့ နောက်မှာတော့ .vbs ဆိုတာလေးထည့်ပေးရပါမယ် ဥပမာ ကိုယ်က File name နေရာမှာ Virus လို့ ပေးမယ်ဆိုရင် Virus.vbs ဆိုပြီးရိုက်ပေးရပါမယ် Funny လို့ပေးမယ်ဆိုရင်လည်း funny.vbs ဆိုပြီး ရိုက်ပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ save ဆိုတယ့် ခလုတ်ကလေးကိုမနှိပ်ခင်မှာ သူ့အောက်က Encoding ဆိုတယ့် Drop down menu လေးကို ထပ်ဖွင့်လိုက်ပါဦး ပြီးရင် ကျလာတဲ့ List လေးထဲက Unicode ဆိုတာလေးကို ရွေးပေးလိုက်ပါ။ ပြီးရင် save လုပ်လို့ ရပါပြီ.... save လုပ်ပြီးရင်တော့ ကိုယ်ခုနက သိမ်းထားတယ့် ဖိုင်လ် လေးကို သွားဖွင့်ကြည့်လိုက်ပါ... Virus အစစ်မဟုတ်ပါဘူး 100% အာမခံပါတယ် စက်အတွက်လည်း ဘာမှမထိခိုက်နိုင်ပါဘူး အစမ်းလေး run ကြည့်လိုက်ပါ ပြီးရင် သူငယ်ချင်းတွေကို ပေးပြီး စမ်းကြည့်ပါ မသိသေးသူတွေကတော့ တော်တော် ကို ခေါင်းနပမ်းကြီးသွားနိုင်ပါတယ် ပျော်စရာလည်းကောင်းမှာပါ... ကျွန်တော်ထပ်ပြောပါ့မယ် ကျွန်တော် အခုပေးတာက Virus အတုပါ စက်ကို ဘယ်နည်းနဲ့ မှ မထိခိုက်နိုင်ပါဘူး။ ဒီနည်းလေးစမ်းကြည့်ပြီးကြိုက်တယ်ဆိုရင် အောက်မှာ ရင်ထဲမှာရှိတာလေးပြောခဲ့ပေးပါ.... ဆိုတယ့် Link လေးမှာ Comment ပေးသွားနိုင်ပါတယ် ကြိုက်ကြတယ်ဆိုရင် ဒီVirus အတုလေးကို ဘယ်လိုလုပ်ရတယ်ဆိုတာနဲ့ နောက်ထပ် Virus အတုတစ်မျိုး ကိုလည်း တင်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် အပျော်ပေါ့နော့် ဒါမှမဟုတ်လည်း ဗဟုသုတ အဖြစ်ပေါ့.....
အားလုံးပျော်ရွှင်နိုင်ပါစေ။

စာပေဟောပြောပွဲ နားထောင်ကြမယ်

Touchscreen guitar နဲ့ ဂစ်တာတီးသီချင်းဆိုကြရအောင်


ဂစ်တာကို အရူးအမူး နှစ်သက်စွဲလန်းသူများအတွက် Kitaraကို တွေ့ရခြင်းသည် အတော်လေး ကမောက်ကမနိုင်သော ခံစားမှုမျိုးနှင့် ကြုံရနိုင်ဖွယ်ရှိသည်။ Kitaraကို အသုံးပြုသော ဂစ်တာသမားအဖို့ ကြိုးညှိရသော ဒုက္ခမှ ကင်းဝေးမည်မှာမူ အသေအချာပင်ဖြစ်သည်။ iPhone၏ မျိုးဆက်တစ်ခုဟု တင်စားခံရသော Kitaraသည် ယနေ့ခေတ်တွင် အကြီးအကျယ် လူကြိုက်များနေသော Touchscreenနည်းပညာကို အသုံးပြုထားသည်။

Keyboardပုံစံ ဂစ်တာတွင် (၈)လက်မအရွယ် Touchscreenတစ်ခု ပါရှိပြီး ယင်းတွင် ထင်ဟပ်နေသော ကြိုးပုံများကို အသုံးပြုကာ သာမန်ဂစ်တာ တစ်လုံးကဲ့သို့ တီးခတ်နိုင်မည်ဖြစ်သည်။ Touchscreen၏ အာရုံခံစနစ်သည် တီးခတ်သူ၏ အားစိုက်မှု၊ လက်အရွေ့အလျားတို့အလိုက် အသံအနိမ့်အမြင့် စသည်တို့ကို သာမန်ဂစ်တာ တစ်လုံးကဲ့သို့ပင် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ သံစဉ်အဆွဲအငင်၊ အဖိအဖော့တို့ကိုလည်း ဂစ်တာတစ်လုံးကဲ့သို့ပင် တီးခတ်နိုင်မည်ဟုဆိုသည်။

Kitaraကို လက်တွေ့စမ်းသပ် တီးခတ်ပြီးနောက် အစောပိုင်း သုံးသပ်ချက်များအရ အများစုက နှစ်သက်လျက်ရှိကြသည်။ အချို့ကမူ Kitara၏ ဈေးနှုန်းပိုင်း ကြီးမြင့်မှုမျိုးကဲ့သို့ ပြဿနာအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။ MISAမှ ထုတ်လုပ်သည့် Kitaraသည် ဒေါ်လာ (၈၅၀)၀န်းကျင်မျှထိ ဈေးနှုန်းကြီးမြင့်ဖွယ် ရှိနေကြောင်း သိရသည်။

ဥရောပသို့ အာဖရိကန် လူကုန်ကူးမှု့များ၏ သားကောင်များ


နှစ်စဉ် အနောက် အာဖရိကနိုင်ငံများမှ ဥရောပသို့ သောင်းဂဏန်းနှင့် ရွှေ့ပြောင်း ဝင်ရောက်နေထိုင်လျှက် ရှိပါတယ်။ ဒါပေမယ့် မာဖီးယားဂိုဏ်းတွေက သူတို့ရဲ့မျှော်လင့်ချက်တွေအပေါ်မှာ အမြတ်ထုတ် နေကြတာကြောင့် အချို့ကတော့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ။ အီတလီ တောင်ပိုင်းမှာဆိုရင် နိုင်ဂျီးရီးယား မိန်းကလေးတွေ အများစုဟာ လိင်ကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရပါတယ်။

ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အစီရင်ခံစာ နှစ်စောင်မှာ သတင်းထောက် ဂျူလီယာနာရူးဖတ်စ်က အာဖရိကန် မိန်းကလေးများ ဒုစရိုက်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်သွားရမှုများ၊ ပြည့်တန်ဆာအဖြစ်
စေခိုင်းမှုများနှင့် လူကုန်ကူးမှုများ အကြောင်း စုံစမ်း တင်ပြခဲ့ပါတယ်။ အောက်မှာ ဖေါ်ပြမယ့် အကြောင်းအရာတွေကတော့ အီတလီနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ရုပ်ရှင်မှတ် တမ်းရိုက်ကူးရာမှာ ပါဝင်ခဲ့တဲ့ အီတလီ သတင်းစာဆရာ ချိုင်ရာ ကာပရီယိုက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒက်စထရာဗော်လ်တာနို ဆင်းရဲသားရပ်ကွက်တစ်ခုမှာ အသက် ၇ နှစ်သာရှိသေးတဲ့ မယ်ရီမော်ရက်ရဲ့ ဈာပနအခမ်းအနား ကျင်းပနေပါတယ်။ သူ့ကို စိတ်ဝေဒနာခံစားနေရတဲ့ ယောင်္ကျားတစ်ယောက်က သတ်သွားခြင်းဖြစ်ပါတယ်။ ကက်စယ်ဗော်လ်တာနိုမြို့မှာ တရားဝင် နေထိုင်တဲ့ မြို့သား ၂၅,၀၀၀ မှာ သုံးပုံတစ်ပုံက ဂါနာနဲ့ နိုင်ဂျီးရီးယား အများစု ပါဝင်တဲ့ အာဖရိကန်တွေဖြစ်ပါတယ်။

အဲဒီမြို့ငယ်လေးမှာရှိတဲ့ နိုင်ဂျီးရီးယန်း ဒုစရိုက်ဂိုဏ်းတွေအကြောင်း အယ်လ်ဂျာဇီယာသတင်းဌာနမှ သွားရောက်စုံစမ်းလေ့လာ ခဲ့ပါတယ်။ ၂၀၀၈ တုန်းက ကာဆာလဲဆီလို့ခေါ်တဲ့ လူမျိုးစု မာဖီးယားဂိုဏ်းက ဂါနာလူငယ်ခြောက်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အာဖရိကန်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ကက်ဆယ်လ်ဗော်တာနိုမြို့လေးကို မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့ ကြပါတယ်။

မယ်ရီရဲ့မိသားစုကတော့ မယ်ရီ့ဈာပနနေ့မှာ သူ့ရဲ့ ခေါင်းတလားကို စောင့်ရင်း ခေါင်းကလာတာ နောက်ကျနေတာနဲ့ အခြားပြဿနာတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ မယ်ရီ့ရဲ့အမေက နိုင်ဂျီးရီးယား အမျိုးသမီးဖြစ်ပြီး အီတလီကို လူကုန်ကူးခံခဲ့ ရသူဖြစ်ပြီး အဓမ္မလိင်ဖျော်ဖြေမှု ခိုင်းစေခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့သမီးရဲ့ဈာပနမှာ တုန်ယင်ခြောက်ခြားပြီး ဂဏာမငြိမ် ဖြစ်နေပါတယ်။ သူမက ငိုယိုနေပြီး သူမရဲ့မိတ်ဆွေတွေက နောက်ထပ် နိုင်ဂျီးရီးယား မိန်းမတစ်ယောက်ကို ယူသွားတဲ့ မယ်ရီ့အဖေကို ဒေါသဖြစ်နေကြပါတယ်။

နောက်ဆုံး မယ့်ရီ့ခေါင်းတလား ရောက်ရှိလာပြီး ယောင်္ကျားအုပ်စုက မွတ်စလင်ထုံးစံအတိုင်း အသုဘ အခမ်းအနားကို စတင်ပါတယ်။ နေပူကျဲတဲကြီးအောက်မှာပဲ အာဖရိကန် အသုဘအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

“ဒိုမီတီယာနာ လမ်းမကြီးက ကက်ဆယ်ဗော်တာနိုမြို့ကို ၂၈ ကီလိုမီတာလောက် ဖြတ်သွားပါတယ်။” မြို့ရဲစခန်းက စုံထောက်တစ်ဦးဖြစ်သူ စတက်ဖနို ရစ်ဆီယာဒီအီလိုက ပြောပြပါတယ်။ အဲဒီရဲစခန်းမှာတော့ ဒုစရိုက်အဖွဲ့က ကျူးလွန်တဲ့အမှုတွေ၊ ပြည်တော်ပြန် အမှုတွေ၊ လူသတ်မှုတွေအကြောင်း မှတ်တမ်း အစီရင်ခံစာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဖရိုဖရဲ ရုံးခန်းတစ်ခု ပဲဖြစ်ပါတယ်။
“အာဖရိကန် မာဖီးယားတွေရဲ့ လှုပ်ရှားမှုတွေက မြို့တစ်ခုလုံး ပျံ့နှံ့နေပါပြီ။” သူက လမ်းတစ်လျှောက်မှာ ဖေါက်သည် အလာကို စောင့်နေကြတဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေကို လိုက်လံ ပြသရင်း ပြောပြပါတယ်။

ကုလသမဂ္ဂ အနယ်နယ်ဆိုင်ရာ ရာဇဝတ်မှုနဲ့ တရားဥပဒေ စိုးမိုးရေး သုတေသနဌာန (UNICRI) ရဲ့မှတ်တမ်းများအရ အီတလီမှာ နိုင်ဂျီးရီးယား ပြည့်တန်ဆာ ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဘီနင်မြို့ကနေတစ်ဆင့် ဒိုမီတီယာနာ လမ်းမကြီးနဲ့ အဲဒီလမ်းမကြီး ဆိုက်ရောက်ရာ ကမ်းခြေလို ဥရောပမြို့တော်တွေ၊ ရာဇဝတ်မှု ဇုံတွေဆီကို လူကုန်ကူး ခံခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။
“နိုင်ဂျီးရီးယား ဒုစရိုက်သမားတွေက ကိုလံဘီယာ မာဖီးယားကနေ တရုတ်မာဖီးယားဂိုဏ်းတွေအထိ ဘယ်ဂိုဏ်း မှာမဆို အလုပ်လုပ်လို့ ရတယ်။

သူတို့အတွက် အလုပ်လုပ်ဖို့ လွယ်ကူနေတဲ့ နောက်တစ်ချက်က နေ့ရောညပါ ပြည့်တန်ဆာ လိုက်ရှာနေတဲ့ အီတလီဖေါက်သည် ဦးရေက အင်မတန်များတယ်။” နေပဲလ်စ်ဒေသ မာဖီးယား တိုက်ဖျက်ရေးက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျော်ဗန်နီကွန်ဇိုက ပြောပါတယ်။
“မာဖီးယား ဂိုဏ်းတွေ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်။ ဒေသ တစ်ခုလုံးကို သူတို့တွေ အုပ်စိုးမသွားခင် ကျွန်တော်တို့ တားဆီးရမယ်။” ကွန်ဇာက ဒီလိုပြောနေပေမယ့် သူ့ရဲ့စကားက မျှော်လင့်ချက်ရှိပုံတော့သိပ်မပေါ်ဘူး။

အခုဆို အီတလီမှာ အမျိုးသမီး လူကုန်ကူးမှုတွေ၊ လိင်ကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ ပြောကြရင် အရင်က လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ နိုင်ဂျီးရီးယား အမျိုးသမီး အီဆိုကီအိုက်ပစ်တန်ယီကို နမူနာထားပြီး ပြောကြပါတယ်။ သူမကလည်း အဲဒီ နယ်ပယ်ထဲက အဖြစ်အပျက်တွေကို အားလုံးသိတယ်။ သူမက အောက်ပါအတိုင်း ပြောပြပါတယ်။
“ဒီနေ့ အီတလီမှာ `မာမီကြီး` တွေ အယောက် ၁၀,၀၀၀ လောက်ရှိတယ်။ တစ်ယောက်ချင်းစီမှာ အနည်းဆုံး ပျမ်းမျှ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လောက် ထိန်းထားတယ်။ သူတို့က `အစ်ကိုကြီး`တွေနဲ့ အလုပ်တွဲလုပ်တယ်။ အစ်ကိုကြီး တွေဆိုတာက `ဘေဘီလေး`တွေကို လိင်ဖျော်ရေး လောကထဲကို အဓမ္မ သွတ်သွင်းတဲ့ ကိုယ်တိုင်ကိုယ်ကျ လူကုန်ကူးသူတွေ လေ။”

`ဘေဘီလေး` တွေဆိုတာ ပြည့်တန်ဆာ အဖြစ် အဓမ္မစေခိုင်းဖို့ လူကုန်ကူးလာတဲ့ မိန်းကလေးတွေကိုခေါ်တဲ့ သူတို့လောကရဲ့ အသုံးအနှုန်းပါ။

အာဖရိကန် ဂျူဂျူး ထုံးတမ်းဓလေ့ဆိုင်ရာအစီအမံများ

ဒါပေမယ့် နိုင်ဂျီးရီးယား လူကုန်ကူးမှုတွေမှာ မူးယစ်ဆေးမှုတွေ၊ အောက်လမ်းပညာတွေပါ တစ်ခါတစ်ရံ ပူးတွဲပါလာတတ်ပါတယ်။
အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေဟာ အာဖရိကန် ဂျူဂျူးအောက်လမ်းနည်းပညာနဲ့ စီရင်ထားတဲ့ အစီအမံ ထုံးတမ်းစဉ်လာအရ ကျမ်းသစ္စာ ကျိန်ဆိုရပါသေးတယ်။ သူတို့ကို လူကုန်ကူး လာပေးတဲ့ အစ်ကိုကြီးတွေ၊ မာမီကြီးတွေအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို ကျေအောင်ဆပ်ပါ့မယ်။ ဆပ်ဖို့ ပျက်ကွက်ခဲ့ပါက အသေဆိုးနဲ့ သေပါစေ၊ ရူးပါစေ စသည်ဖြင့်။
“ဂျူဂျူးလို့ခေါ်တဲ့ အဲဒီမှော်အတတ်ဟာ အမှန်တော့ မကောင်းတာ မဟုတ်ဘူး။ အမှန်တရားကို စောင့်ရှောက်ဖို့ ကျင့်သုံး တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လက်ထဲရောက်တော့ တလွဲသုံးတာပဲ။ ပိုက်ဆံရ နေသ၍တော့ အဲဒီပိုက်ဆံ ဘယ်လိုရရ သူတို့ ဂရုမစိုက်ဘူး။ ဂျူဂျူးကိုတောင် ကျွန်ပြုတဲ့လုပ်ငန်းမှာ သူတို့ အသုံးချကြတယ်။” အီဆိုကီက ပြောရင်း စိတ်ဆိုးမာန်ဆိုးဖြစ်နေ သေးတယ်။

အချို့ကတော့ အဲဒီလို ငရဲတွင်းထဲမှာတောင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး တတ်နိုင်သမျှ ကယ်တင်နေကြပါသေးတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ယေရှုသခင်၏ မြင့်မြတ် သန့်ရှင်းသော နှလုံးသားဆိုတဲ့ အသင်းတော်က နိုင်ဂျီးရီးယား သီလရှင် စစ္စတာ အန်တိုနီယာ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၀ ခုနှစ်မှာ ကာဆာဆန်တာမာရီယာ ဒဲလ်အကော့ကလီယန်ဇာ လို့ခေါ်တဲ့ ရိပ်သာ တစ်ခုဖွင့်လှစ်ပြီး ဦးစီး လုပ်ကိုင်နေပါတယ်။ အဲဒီရိပ်သာမှာ အမျိုးသမီး ၇၀ ကျော် နဲ့ အဲဒီမှာမွေးတဲ့ ကလေး ၁၀ ယောက်ကို စောင့်ရှောက်ထားပါတယ်။

“ဆရာလေးတို့ကို ဘုန်းတော်ကြီး ကက်ပွာ၊ မွန်းစ်၊ ဘရူနို၊ စကက်တီနို တို့က ဒီအမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့အတွက် တာဝန်ပေးထားတာပါ။ သူတို့အားလုံးက ပြည့်တန်ဆာ ဖြစ်ဖူးသူတွေချည်းပါ။ သူတို့ဘဝတွေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် ဒီမှာသူတို့အတွက် နေရာရှိတယ်ဆိုတာ သူတို့သိကြပါတယ်။” လို့ စစ္စတာ အန်တိုနီယာက ပြောပြပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ အဲဒီရိပ်သာမှာ ၆ လကနေ တစ်နှစ်အထိ နေလို့ရပြီးတော့ နေထိုင်နေစဉ် အတွင်းမှာ စာပေသင်ကြားခြင်း၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆည်နိုင်အောင် လုပ်ကြရပါတယ်။ သီလရှင်တွေက ရောက်လာတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ဖြစ်စဉ်တွေကို ချရေးခိုင်းပြီး ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက သူတို့ကို ဒီဘဝရောက်အောင် လုပ်ခဲ့တယ် ဆိုတာတွေ ကို ပြောပြစေပါတယ်။

“ဂျူဂျူး ကျမ်းသစ္စာ ကျိန်ခဲ့တာ သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိပါဘူးဆိုတာကို သူတို့နားလည်အောင် ဆရာလေးတို့ ကြိုးစားပြီး ရှင်းပြရတယ်။”

ဒါပေမယ့် လမ်းမတွေပေါ်မှာ ပြည့်တန်ဆာ အလုပ်ကို ဆက်လက် လုပ်ကိုင်ရင်း အကြွေးဆပ်နေရသေးတဲ့ ၊ ဂျူဂျူး ကျမ်းစူးမှာကို ကြောက်ရွံ့နေတဲ့ မိန်းကလေးတွေ အများအပြား တွေ့နေရပါသေးတယ်။ အချို့ဆိုရင် ပြန်ဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅၈,၀၀၀ အထိ အောင်ရှိတယ်။ အကြွေးမပေးနိုင်ရင် သူတို့ပေါ်ကို၊ သူတို့ မိသားစုတွေအပေါ်ကို ဂျူဂျူးကျမ်းစူးမှာလည်း ကြောက်နေတယ်။

စုံစမ်းလေ့လာမှု ဒုတိယ အပိုင်းအဖြစ် ဂျူလီယာနာရူးဖတ်စ်ဟာ အီတလီကနေ နိုင်ဂျီးရီးယားမြို့တော် ဘင်နန်အထိ လိုက်လံပြီးတော့ စုံစမ်းခဲ့ပါတယ်။ ဘင်နန်မြို့ဆိုတာ အင်မတန် ဆင်းရဲတွင်းနစ်နေတဲ့ အမျိုးသမီးတွေအတွက် ဥရောပကို လူကုန်ကူးသန်း ပေးနေတဲ့နေရာဖြစ်ပါတယ်။
ဥရောပ ခရီးစဉ်ကုန်ကျငွေအတွက် အလွန်များပြားလှတဲ့ အကြွေးတွေကို လူကုန်ကူး ဒုစရိုက်ဂိုဏ်းတွေမှာ ဆပ်ကြရပါတယ်။ ဟိုကိုရောက်ရင် ဝင်ငွေကောင်းကောင်းရတဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရှိတယ်ဆိုတဲ့ မက်လုံးတွေနဲ့ လူကုန်ကူးသူတွေက မြှူဆွယ်ကြပါတယ်။ ပြီးတော့ သူတို့ကို ဂျူဂျူး သစ္စာဆိုခိုင်းပြီး အကြွေးပြန်ဆပ်ခိုင်းပါတော့တယ်။

ဥရောပမြေကို ခြေချမိကာမှ သူတို့အတွက် လုပ်စရာ အလုပ်ဆိုတာ ပြည့်တန်ဆာ အလုပ်ပဲရှိပြီး သူတို့ဟာ လိင်ကုန်ကူးခံခဲ့ရတယ် ဆိုတာသိကြရတယ်။ အဲဒီလို လူကုန်ကူးမှုမှာ ပါဝင်တဲ့ ဂျူဂျူးဘုန်းကြီးက သူဟာ လူ့အဖွဲ့အစည်းအတွက် အမှုတော် ဆောင်နေပါတယ် ဆိုတဲ့ အနေအထားနဲ့ ဂျူဂျူးဥပဒေသတွေကို လိုသလို ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်နေတာပါ။

ဒါပေမယ့် ဒီဂျူဂျူး ဓလေ့ဟာ လူကုန်ကူးမှုတွေမှာ လူကုန်ကူးခံရသူတွေကို ချည်နှောင်ဖို့ အသုံးပြုနေတဲ့ အနောက်အာဖရိက ရိုးရာဓလေ့တစ်ခုသာ မဟုတ်ပဲ ဧဝံဂလိ ခရစ်ယာန် တရားဟောဆရာတွေလည်း ပါဝင်တယ်ဆိုတာ ဂျူလီယာနာ သိရှိခဲ့ရပါတယ်။

ရည်ညွှန်း ။ အယ်လ်ဂျာဇီယားသတင်း People & Power ကဏ္ဍတွင်ထုတ်လွှင့်ခဲ့သည့် The Nigerian Connection သတင်းမှတ်တမ်းဆောင်းပါးကို ဆီလျော်စွာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Photoshop CS3 မြန်မာလို

Photoshop CS3 မြန်မာလို

Photoshop CS3 မြန်မာလိုစာအုပ်ပါ
ေ၇းသားသူ = ဦးအောင်နိုင်မော် (မျက်ပွင့်စာပေ )

PassWord>>> keekee

Photobucket

Download

Online ကနေ မြန်မာပြည်TV လိုင်းကြည့်ကြမယ်


အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး  တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။

DOWNLOAD TVU Player    (Downloads times 1454)

DOWNLOAD FROM IFILE.it

Softwares Download

(၁)   Cyberlink Power Director 9+ Crack

        သူကတော့ ဗီဒီယိုဖိုင်များ၊ဓာတ်ပုံဖိုင်များကို Effect များ နောက်ခံသံစဉ်များဖြင့် ဆက်စပ်တည်းဖြတ်ပေးနိုင်သော
ပရော်ဖက်ရှင်နယ်အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပါတယ်။Full Version ပြုလုပ်နိုင်ရန် Crack ဖိုင်လေးပါထည့်သွင်း
ပေးထားပြီး Crack လုပ်နည်းအဆင့်ဆင့်အားလည်း လူတိုင်းသဘောပေါက်နိုင်စေရန် Notepad ကလေးဖြင့်မြန်မာလို
ရေးသားထည့်သွင်းပေးထားပါတယ်။မိမိဓာတ်ပုံလေးများအားကြိုက်နှစ်သက်ရာနောက်ခံသံစဉ်သီချင်းများဖြင့်တွဲဖက်၍
CD / DVD အဖြစ် အလိုရှိရာ Format အမျိုးဖြင့် ကူးယူသိမ်းဆည်းထားနိုင်ပါတယ်။မူရင်းဖိုင်ပမာဏ (၄၇၀)အမ်ဘီခန့် 
ရှိပြီး ယ္ခု ဒေါင်းလုပ်ဒါလေးဖြင့်တင်ပေးထားပါတယ်။ဒေါင်းယူရန်အတွက်အင်တာနက်ချိတ်ဆက်ထားရန်လို အပ်ပါ တယ်။ဒီနေရာလေးမှာယူလိုက်ပါ။အသုံးပြုနိုင်ရန်အခြေခံအားပုံတွင်ရှင်းပြထားပါတယ်။
(၂)   Cyberlink Power DVD-Lite 11 (44.8 MB)

        သူ့ ကိုတော့ အားလုံးသိကြမှာပါ Player များစွာရှိပေမဲ့ ကျွန်တော်ကတော့သူ့ ကိုတော်တော်သဘောကျပါတယ်
BlueRay ခွေများပါဖတ်နိုင်ပြီး ရုပ်ရှင်၊ ဗီဒီယို၊ ဓာတ်ပုံ၊သီချင်းများအားကြည်ရှုနားထောင်နိုင်ပြီး ရုပ်ထွက်အသံမှအစ
ကြည်လင်ပြတ်သားလျှက် 3D ကားများအား 3D အရသာအပြည့်အ၀ခံစားနိုင်စေမှာဖြစ်ပါတယ်။သဘောကျစမ်းသပ်
သုံးစွဲကြည့်လိုလျှင်ဖြင့် ဒီနေရာလေးမှာယူနိုင်ပါတယ်ခင်ဗျာ။
(၃)    Boilsoft Video Joiner V-6.56 B 146 + Serial (9.87 MB)

        သူကလေးကတော့ ကျွန်တော်တို့ အတွက် ဗီဒီယိုဖိုင်များအား တစ်ဖိုင်နှင့်တစ်ဖိုင်ဆက်စပ်ရာတွင် အသုံးပြုနိုင်
ပါတယ်။လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။အလိုရှိလျှင် ဒီနေရာလေးမှာယူနိုင်ပါတယ်။
(၄)   E Type Setup V1.7 (406.0 KB)
        ဒီကောင်လေးကတော့ မိမိကွန်ပျူတာတွင် အင်္ဂလိပ်စာရိုက်ရာ၌ စာလုံးပေါင်းမမှားစေရန် အထောက်အကူပေး
ပါတယ်။တော်တော်ကောင်းမွန်အသုံးတည့်လှပေမဲ့ မိမိနှင့်ချက်တင်ဝင်သူတိုင်းကို Auto Download ပေးနေသော
ကြောင့် ရှင်းပြရသည်က အလုပ်တစ်ခုလိုဖြစ်နေပါတယ်။ ဒီနေရာမှာယူလိုက်ပါ။
(၅)   Control Manager

        ဒီကောင်လေးကတော့နည်းပညာပိုင်းနွယ်သွားပါပြီ မိမိဒတ်စတော့ပေါ်တွင် ဖိုဒါအသစ်တစ်ခုတည်ဆောက်၍
Control Panel ဆန်ဆန် Software ရှော့ကပ် တစ်ခုအဖြစ်မှ ၀င်းဒိုးအတွင်းအလိုရှိရာသို့  အလွယ်တစ်ကူ ၀င်ရောက်
နိုင်ပါတယ်။အသုံးပြုပုံပြုလုပ်နည်းအား Notepad ဖြင့်ရေးသားထားပါတယ်။ ဒီနေရာလေးမှာယူပါ။
(၆)  I PHONE JAILBREAK အလွယ်လုပ်နည်း Notepad
(၇)  Keyboard Mouse ပြုလုပ်နည်း Notepad
(၈)  Share Email For Big File Links (Word File)
(၉)   Dropbox အလိုရှိသူများဒီနေရာလေးမှာ ယူပါ။

General softwares download

Flash Song လုပ်နည်းအသေးစိတ်
ဒေါင်းလုပ်ချရန်

Download

VeryPDF Software

ကျွန်တော်ဒီနေ့ PDF ဖိုင်တွေကို နက်ကနေ Free Download တွေချတဲ့အခါမှာ တစ်ခါတစ်လေ PDF ဖိုင်တွေမှာ Password တွေခံထားတာမျိုး ကြုံရတတ်ပါတယ်။ တစ်ချို့ Software တွေကျတော့လည်း Password ကိုကျော်လို့တော့ ရလိုက်တယ်။ ဒါပေမယ့် ကျော်ပီးလို့ ထွက်လာတဲ့ ဖိုင်ထဲက စာတွေကိုဖတ်လို့မရတာတွေ တစ်ခါတစ်လေ တွေ့ကြုံရတတ်ပါတယ်။ နောက်တစ်ခုက တစ်ခြားဆော့ဝဲ တစ်ခုခုနဲ့ PDF Pssword ကိုကျော်လိုက်တယ်။ ရလာတဲ့ PDF ကို Word ဖိုင်တွေပြောင်းတဲ့အခါ စာတွေက Word ပြောင်းလို့မရတာတွေ မပေါ်တာတွေ ဖြစ်တတ်ပါတယ်။ အယ့်လို အခြေအနေမျိုးတွေ ကြူံလာခဲ့ရင် ဒီ VeryPDF Software လေးကို သုံးကြည့်လိုက်ပါ။ PDF မှာရှိတဲ့ Password တွေကို တစ်ခါတည်းကျော်ပြီး Word ဖိုင်ပါ တစ်ခါတည်း ပြောင်းလို့ရစေပါတယ်။ အသုံးတည့်လို့ အသုံးလည်းလိုမယ်ထင်လို့ ဝေမျှလိုက်ပါတယ်။ အားလုံးအဆင်ပြေပါစေ။

အောက်က ပုံပေါ်ကို Click ပေးပြီ ဒေါင်းပါ။

 

Photoshop CS5


AdobePhotoshop CS5 လေးပါ။ သုံးဖူးတဲ့သုံးနေကျ သူငယ်ချင်းများအတွက်ရော မသုံးရသေးတဲ့ မသုံးဖူးတဲ့ သူငယ်ချင်းများအတွက်ပါ တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်ပါဘူး။ ဒါကြောင့်အသုံးပြူနည်း ကိုတော့မရှင်းပြတော့ပါဘူး။ အသုံးပြူနည်း လမ်းညွန်စာအုပ်လေးကိုတော့ စကားဝါမြေဆိုဒ်ကနေ ဒေါင်းပီး တင်ပေးလိုက်ပါတယ်။ လုပ်ချင်တဲ့ သူငယ်ချင်းများအတွက် အဆင်ပြေအောင်လို့ပါ။ ဘာကီးမှမတောင်းလို့ စိတ်ချလက်ချသုံးလို့ရအောင် တင်ပေးလိုက်တာပါ။ အားလုံးအဆင်ပြေကြပါစေ။

Part1

Part2

Part3

Part4

Part5

Part6

စာအုပ်
 

PDF Editor

PDF ဖိုင်တွေကို ဖတ်ရူရုံတင် မဟုတ်ဘဲ မိမိမှတ်သားချင်တာ တွေကိုပါ ထင်ထင်ရှားရှား မှတ်သားနိုင်ဖို့ အတွက် PDF Editor လေးပါ။ သူ့ရဲ့အဓိက အားသာချက်ကတော့ Adobe reader မရှိဘဲနဲ့ PDF ဖိုင်တွေကို ဖတ်နိုင်ပါတယ်။ မိမိစိတ်ကြိုက် ပြင်ဆင်တည်းဖြတ် နိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ Microsoft Word နဲ့ Paint Function နှစ်ခုစလုံးကို အသုံးပြူနိုင်တဲ့ သဘောပါ။ ဆော့ဝဲရမ်းပြီး အသုံးပြူလို့ ရသလို Portable အနေနဲ့လည်း အလွယ်တကူ အသုံးပြူလို့ရအောင် နှစ်မျိုးစလုံး ဝေမျှလိုက်ပါတယ်။ တကယ်လိုအပ်သလို အသုံးလည်းတည့်လို့ ဝေမျှလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

SETUP
PORTABLE

FastCopy ဆိုတာ


ကျွန်တော်ဒီနေ့ Files တွေကို copy လုပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်စေဖို့ Fastcopy ဆိုတဲ့ Software လေးတင်ပေးလိုက်ပါတယ်။ ပုံတွေကို Copy လုပ်တဲ့အခါ မသိသာပေမယ့် Movie တွေကို လုပ်တဲ့အခါမှာတော့ တော်တော်လေးသိသာပါတယ်။ အင်မတန်မှကို မြန်ဆန်ပါတယ်။ စက်ထဲမှာ Run ပြီး သုံးလို့ရသလို portable အနေနဲ့လည်း USB တွေထဲမှာ ထည့်ပြီး သုံးလို့လည်းရပါတယ်။ Right Click မှာ fastcopy ဆိုတဲ့ function လေးကို ထည့်ပြီးတော့ အသုံးပြူလို့လည်း ရပါတယ်။ Right Click မှာထည့်ချင်ရင်တော့ Option >> Shell Extension ကနေသွားပြီး install လုပ်ပေးလိုက်တာနဲ့ Right Click မှာFunction လေးပါလာဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် folder တွေကို တစ်ခါတည်း Fastcopy လုပ်နိုင်ပါတယ်။ Fastcopy ချင်ရင်တော့ Fastcopy ကိုသာ သုံးလိုက်ပါတော့ သူငယ်ချင်းတို့ရေ။ 32bit နဲ့ 64bit နှစ်မျိုးလုံးအတွက် တင်ပေးထားပါတယ်။

32 Download
64 Download

USB-Universal Serial Bus အကြောင်း


 

USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..
USB 1.0
USB 1.0 တွေဟာ ပထမဆုံး ထုတ်လုပ်မှုဖြစ်ပြီး အမြင့်ဆုံး transfer rate က 1.5Mbps ပဲရှိပါတယ်....အဲဒီတုန်းက keyboard,mouse ,joystick လောက်ပဲ အသုံးပြုခဲ့ကြပါတယ်..
USB 1.1
နောက်ထပ် USB 1.1 ပေါ်လာပါတယ်..transfer rate 12Mbps ရှိပြီး USB 1.0 ထက် ၈ဆ လောက်ပိုမြန်ပါ တယ်..ဒါအပြင် USB hubs အားလုံးမှာ support လုပ်ပါတယ်.. သူ့ ခေတ်သူ့  အခါနဲ့ တော့ အမြင့်ဆုံးလို့ တောင်ပြောလို့ ရပါတယ်
USB 2.0
2001 ခုနှစ်မှာ USB 2.0 ပေါ်လာပါတယ်..USB 2.0 ကတော့လက်ရှိတော်တော်များများ အသုံးပြုနေကြတဲ့ memory stick အပါအ၀င် cable standard တွေရော ဟာ USB 2.0 တွေဖြစ်ပါတယ်..အမြင့်ဆုံး transfer rate က 480Mbps ရှိပါတယ်..
USB 3.0
2008 ခု August လမှာ USB 3.0 ကို စတင်ပြီး Release လုပ်နိုင်ခဲ့ပါတယ် အခုဈေးကွက် အတွင်းကို USB 3.0 ရောက်ရှိနေပါပြီ.. သုံးလဲသုံးနေကြပါပြီ..transfer rate ကတော့ 4.8Gbps ရှိပါတယ်..အောက်က ဇယားမှာ USB 1.0, USB 2.0 ,USB 3.0 တို့ ကို ဖိုင် transfer လုပ်ရာမှာ အချိန်ကွာခြားပုံကိုဖော်ပြထားပါတယ်..


USB connector တွေဟာ မတူညီပဲကွဲပြားမှုတွေရှိပါသေးတယ်..ဒါတွေကလည်း မတူညီတဲ့ device တွေကြောင့် မတူညီတဲ့ connector ခေါင်းတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်..

Connector အမျိုးအစား
Type A
Type A connector ဟာ common connector ဖြစ်ပြီး computer တွေမှာပါတဲ့ USB port ဟာ Type A connector တွေဖြစ်ပါတယ်..
Type B
Type B connector ကိုအများအားဖြင့် printer မှာသုံးလေ့ရှိပါတယ်..
Mini USB
Mini USB ကို တော်တော်များများတွေ့ ဖူးမှာပါ သူက digital camera နဲ့  mobile device တွေမှာ အသုံးပြု တယ်လေ..
Micro USB
Mini USB နဲ့ တူတူပါပဲ ဒါပေမဲ့ micro USB ကခေါင်းပိုသေးသွားတယ် compact ဖြစ်တဲ့ camera နဲ့  compact ဖြစ်တဲ့ mobile device တွေမှာအသုံးပြုပါတယ်..

Ubuntu အကြောင်း


Ubuntu ဆိုတာဘာလဲ။
Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို “တဦးနဲ့ တဦး စာနာထောက်ထားခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ Mark Shuttleworth ဆိုတဲ့ တောင်အာဖရိကသား တစ် ယောက်ရဲ့ Canonical Ltd ကနေ Free Cost & Freedom ပေးထားတဲ့ Ubuntu OS လို့ သိကြပါတယ်။ DEBIAN Linux OS ပေါ်မှာ အခြေခံပြီး Euro အခြေစိုက် Canonical ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ အမြဲတမ်း အခမဲ့ပေး မယ်လို့လဲ အာမခံထားပါတယ်။ အိမ်သုံး၊ ရုံးသုံးကနေ Server တွေအထိ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ မျိုးကွဲတွေ အနေနဲ့ အခြေခံအားဖြင့် Kbuntu(KDE), Xubuntu (Xfce), Ebuntu(Education) ဆိုတာတွေ ရှိနိုင်ပြီး Multimedia Professional သမားတွေအတွက် Tools တွေ အစုံထည့် ပေးထားတဲ့  Ubuntu-Studio Edition, ဘာသာရေးနဲ့ ကိုက်ညီ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ Ubuntu ME(Muslim Edition),Ubuntu CE(Christian Edition), MythTV ကနေ ထုတ်တော့ mythbuntu, Google ကနေ Green OS ဆိုပြီးထုတ်တော့ gOS အဲလို မူကွဲပေါင်းများစွာ ရှိပါတယ်။ ကိုယ်နဲ့ အဆင်ပြေတာကို သုံးရုံပါပဲ။
Debian Linux Base, (FOSS) Free and Open Source Software.

အခမဲ့ ပေးထားတော့ ရေရှည်စိတ်ချရပါ့မလား၊ သူတို့ ကကော ဘယ်ဝင်ငွေနဲ့ရပ်တည်လဲ။
Canonical ကတော့ Customer Engineering Services, Support, Certification နဲ့ Training စတာတွေနဲ့ ရပ်တည်ပါတယ်။ Application တွေ ရေးဆွဲပေးခြင်းနဲ့ အသစ်ထွက်တဲ့ အခမဲ့ Application တွေကို အမြန်ဆုံး အရောက်ပို့တာတို့ ရှိပါတယ်။ အဲဒါတွေကလည်း Ubuntu အပေါ်မှာ မှီခိုနေတာတွေဆိုတော့ ရေရှည်အတွက် စိတ်ချရပါတယ်။ Ubuntu အတွက် ရံပုံငွေအနေနဲ့ကတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ KeyChange, ကော်ဖီခွက် တွေကနေ T-Shirt, ခရီးဆောင်အိတ်, ဦးထုတ် စတာတွေ အထိ မျိုးစုံရောင်းပါတယ်။

Ubuntu Software တင်ဖို့ ခက်ခဲလား။
Windows တစ်ခု တင်တာလောက်တောင် မခက်ခဲ ပါဘူး။ Wubi နဲ့တင်ရင် Forum တစ်ခုမှာ Login လုပ်ရတာ လောက် လွယ်ပါတယ်။

Ubuntu တင်ဖို့အတွက် Partition ထပ်ပိုင်းရင် Data ပျောက်ဆုံးတာတွေ ဖြစ်မသွားနိုင်ဘူးလား။ Windows နဲ့ Ubuntu တွဲတင်လို့ရလား။ ရရင်ရော လွယ်ပါ့မလာ။
Windows မှာတောင် Partition ကို မကိုင်တွယ် တတ်ရင်တော့ ခင်ဗျားရဲ့ Data တွေကို Services သမားနဲ့ ပြန်ရှာရမှာပါပဲ။ ဒါပေမယ့် Ubuntu မှာ အဲဒါကို ရှောင်ရှား နိုင်မယ့်နည်းလမ်းတွေ ပါလာပါတယ်။ Ubuntu Install DVD နဲ့ဖြစ်စေ CD နဲ့ဖြစ်စေ လွယ်လွယ်လေး တင်လို့ရနိုင်ပါ တယ်။ လိုအပ်တဲ့ Partition ကို Free Space ကနေ Side Bar လေး ဘယ်ညာရွေ့ရုံနဲ့တင်ယူမလား ရတယ်။ Free Space တွေကပဲ ချိန်ညှိယူသွားတာဖြစ်လို့ ဘာ Data မှ မပျောက်စေရဘူး။ DVD နဲ့တင်ရင် Software တွေ အစုံအလင်ပါနိုင်ပေမယ့် CD နဲ့တင်ရင်တော့ WUBI ကို အသုံးပြုနိုင်လို့ ပိုလွယ်ကူပါလိမ့်မယ်။ Partition မပိုင်းပဲ Folder လေးတစ်ခုထဲမှာတင် Ubuntu တင်မလား Wubi ကို သုံးရုံပဲလေ။ Windows ရဲ့ Installer တစ်ခုတင်တာ လောက်တောင် မခက်စေရဘူး။ နောက်တစ်ခါ boot တက် ရင် Windows နဲ့ Ubuntu ကြိုက်ရာရွေးသုံးလို့ရပြီလေ။

Wubi ဆိုတာဘာလဲ။ ဆိုက်ဘယ်လောက်ရှိလဲ။ သူ့ကို သုံးရင် ဘယ်လောက်ပေးရလဲ။
Wubi ဆိုတာ Windows User တွေအတွက် Ubuntu Installer လေးပါ။ ဆိုက်ကတော့ 1.5 MB ရှိပါ လိမ့်မယ်။ Ubuntu CD မှာဆို တစ်ခါတည်းပါလာပါတယ်။  သူ့ဆိုက်မှာ ရေးထားတာတွေ့ရင် ခင်ဗျား ပိုသဘောကျ သွားနိုင်ပါတယ်။ Wubi ကို Run လိုက်ပါ၊ Username နဲ့ Password ကိုဖြည့်ပါ။ Install ကိုနှိပ်ပြီးရင်တော့ Coffee သောက်ပြီး Ubuntu သုံးဖို့ စောင့်နေရုံပါပဲတဲ့။ သူပြောတာ မှန်ပါတယ်ဗျာ။ အရမ်းကို လွယ်ကူပါတယ်။ သူက ခင်ဗျား ရဲ့ Harddisk ပေါ်မှာ 5 GB လောက် Folder လေးတစ်ခုပဲ တင်ထားမှာ Ubuntu ကို မလိုချင်တော့ရင် Windows ရဲ့ Add & Remove Software ဒါမှမဟုတ် Ubuntu ဆိုတဲ့ Folder အောက်က Uninstall ကနေပြန်ပြီး Uninstall လုပ်လိုက်ရုံပဲ။

Ubuntu တင်ပြီးမှ မကြိုက်တော့ရင် ပြန်ဖြုတ်ရ ခက်မလား။ Partition၊ Data တွေ ပျောက်နိုင်လား။
Wubi သုံးပြီးတော့ Ubuntu ကို Install လုပ်ထား တယ်ဆိုရင်တော့ Wubi ကို Unistall လုပ်လိုက်ရုံပဲ၊ Partition မပိုင်းထားတဲ့အတွက် ဘာမှမပြောင်းလဲ မသွား ပါဘူး။ အပျက်အစီး မဖြစ်နိုင်ပါဘူး။
Ubuntu တင်ဖို့ ဘာတွေလိုလဲ။
Windows မှာနေရာအလွတ် 5GB လောက် ကျန် နေသေးရင် Ubuntu ကို တင်နိုင်ပါတယ်။
RAM 256 MB, HDD 5 GB ဆိုရင် Ubuntu ကို တင်လို့ ရပါပြီ။ Xubuntu ဆိုရင် RAM 128 MB ရှိရင် တင်လို့ ရပါတယ်။ ကြိုက်မကြိုက် CD နဲ့အရင် Live လေးကြည့်ပြီး စမ်းလိုက်ပါဦး။ အခွေထည့်ထားပြီး Boot တက်ရင် Ubuntu ကို Office Tool တွေ Internet Tools တွေ သုံးလို့ ရနေပြီဗျ။ သဘောကျမှ မိမိ Computer ထဲကို install လုပ် မယ်ဆိုလည်း ဖြစ်ပါတယ်။ အဲဒီ Live Function လေးကို အသုံးပြုပြီး Windows မတက်တော့တဲ့ စက်တွေက Data တွေကို Recover ပြန်ဆယ်လို့ ရပါတယ်။

Windows နဲ့ Ubuntu ဘာတွေ ကွာသလဲ။
ပထမဆုံးကတော့ Price ပါ။
Windows ကို $ 300 လောက်ပေးရင် One User အတွက် ရပါတယ်။ စက်တစ်လုံးစာပဲပေါ့။
Ubuntu ကတော့ CD အခွေ နှစ်ရာမှာရင်  £ 135.32 ပေးရပါတယ်။
အခွေနှစ်ဆယ်အထိကတော့ အခမဲ့ မှာနိုင်ပါ တယ်။ 20 ကနေ 100 အထိက £ 80.85 ပေးရပါမယ်။
ပါဝင်တဲ့ Application တွေလဲ Ubuntu မှာက အခမဲ့ပါ။
လွန်ခဲ့တဲ့ သုံးနှစ်က စစ်တမ်းအရ Virus ကတော့ Windows မှာ ရှိတာ 2000 ဆိုရင် Linux မှာ 1 ။
အသုံးပြုရလွယ်ကူမှုကတော့ windows သုံးနေကျ လူတွေအနေနဲ့ နည်းနည်းစိမ်းသလိုရှိပေမယ့် GUI ကတော့ Design တူတူထားရင် Windows Vista တွေ Windows7 တွေနဲ့ နှိုင်းယှဉ်ပြရာမှာ Microsoft ရဲ့ Windows တွေက Process နဲ့ Memory ပိုလိုအပ်တယ်။ Design ပိုင်းမှာ ဘယ် လောက်သာတယ် လှတယ်လို့ပြောပြော အသုံးပြုနေဆဲ ဖြစ်တဲ့ အသားကျပြီးသား Windows XP ရဲ့နေရာနဲ့တော့ သွားယှဉ်လို့ ရမှာမဟုတ်ဘူး။ DTP သမားတွေအတွက် ကတော့ XP က လောလောဆယ် အဆင်ပြေဆုံး ဖြစ်နေ တယ်လေ။

Ubuntu မှာကော Virus မရှိဘူးလား။
တကယ်တော့ Linux ရဲ့ လုံခြုံရေးစနစ်ကြောင့် Virus နဲ့ Trojan တွေဟာ Ubuntu မှာ အလုပ်မလုပ် နိုင်ပါဘူး။
ခက်ခဲတဲ့ အဆင့်တော်တော်များများကို User ကနေ သေသေချာချာ ပြုလုပ်ပေးရင်တောင် Virus Run ဖို့ မလွယ်ကူပါဘူး။ Windows နဲ့ယှဉ်ပြရရင် User အနေနဲ့ Admin လို Root User, Group လို Signin User, နောက် Everyone လို Other User ဆိုပြီး သုံးမျိုးခွဲထားပါတယ်။ လုံခြုံရေးအနေနဲ့ Read, Write, Execute ဆိုပြီး သုံးခုမှာ Other User အနေနဲ့ Read လောက်ပဲ ရပါလိမ့်မယ်။ Setting တစ်ခုခုလေးချိန်းရင်တောင် Password တောင်းပါ လိမ့်မယ်။ System ကို ပြောင်းလဲမယ်ဆိုရင်တော့ Root User အနေနဲ့မှသာ လုပ်ဆောင်နိုင်မှာပါ။ Ubuntu ကတော့ Default Root ကို Disable လုပ်ထားပါတယ်။ အားသာတာ တစ်ခုက Windows Virus တွေက Ubuntu (Linux) မှာ Platform မတူတဲ့အတွက် အလုပ်မလုပ်ပါဘူး။ Linux အတွက် Virus က သပ်သပ်ရေးရတာပါ။
   Microsoft က ထုတ်တဲ့ Windows တိုင်းကတော့ အပြင်ကနေ (Web Browser ကနေပြီးတော့ပဲ ဖြစ်ဖြစ်) Run နိုင်အောင် လုပ်ထားတာပါ။ Web Pages တွေကနေ Active လုပ်တာ Install လုပ်တာ အဆင်ပြေအောင်ပါ။ လက်ရှိအခြေအနေမှာတော့ Email တွေ IM Client (eg. mIRC) တွေ Browser တွေကနေတစ်ဆင့် Virus တွေ Trojan တွေ Malware တွေဟာ လွယ်လွယ်ကူကူနဲ့ Run တော့တာပဲ။ နေရာတစ်နေရာကနေ ပုန်းပြီး အလုပ်လုပ် ပါတယ်။ တချို့မေးတေ၊ွ Web တွေက Download ဆွဲမှ Install လုပ်မှ ဖြစ်တာပါ။ တချို့ Web တွေကတော့ Browser ကနေ ဖွင့်လိုက်တာနဲ့ အလုပ် စလုပ်တော့တာ ပါပဲ။ Click လုပ်ပေးစရာတောင် မလိုပါဘူး။
အဲဒါဆိုရင် Linux (Ubuntu) က လုံးဝစိတ်ချရလား မေးပါလိမ့်မယ်။ အဲဒီလိုတော့လဲ မဟုတ်သေးပါဘူး။ ကိုယ်တိုင်က Root account ကို မလိုပဲသုံးပြီး တွေ့သမျှ install မလုပ်ဖို့ Click မလုပ်ဖို့ လိုပါတယ်။ (Root User နဲ့ဆိုရင် ဘာမှ ပြန်မမေးတော့ဘူး။ User ခိုင်းတဲ့အတိုင်း လုပ်ပေးပါလိမ့်မယ်။)

ဒီလိုဆို Ubuntu အတွက် Anti-Virus Software မရှိဘူးပေါ့ ဟုတ်လား။
Kaspersky, Panda, Vexira Antivirus, RAV Antivirus, Trend Micro, Sophos တို့ကို အသုံးပြုနိုင်ပါ တယ်။ BitDefender ဆိုရင် အခမဲ့ Version အပြင် 7.0 ကို 1 year license အခမဲ့ပေးနေပါတယ်။ နာမည်ကြီးတာ ကတော့ Clamav ဆိုတဲ့ Anti-Virus ရှိပါတယ် FOSS ပါပဲ။ သူက Windows အတွက် Software လဲထုတ်ပေးပါတယ်။
http://www.clamav.net
နောက် firewall အတွက်  Firestarter ကို သုံးနိုင်ပါ တယ်။ အခြားခြားသော Software တွေလဲ ရှိပါသေး တယ်။ ဒါတွေကတော့ အကောင်းဆုံးလို့ မဲပေးခံရတဲ့ Software လေးတွေပါ။

Ubuntu မှာ သုံးဖို့ Software တွေက ဈေးကြီး နိုင်လား။ ဘာ Software ပါမလဲ။
အကုန်လုံးနီးပါး GPL FOSS တွေပါပဲ။ အခမဲ့ ပေးထားတာတွေပါ။ Microsoft ရဲ့ $ 700 တန် Office လိုမျိုး အလုပ်လုပ်တဲ့ Open Office ပါပါတယ်။ MS Office မှာ မပါတဲ့ PDF အဖြစ်တောင် တိုက်ရိုက် Save လုပ်နိုင်ပါ လိမ့်မယ်။ $ 700 တန် Photoshop လိုမျိုး GIMP ပါလာ ပါတယ်။ Movie Player တွေ Internet သုံးဖို့ Firefox Browser ပါမယ်။ Gtalk, Yahoo, AIM, MSN, QQ စတဲ့ IM တွေ သုံးဖို့က Pidgin ပါမယ်။
CD နဲ့ သွင်းရင်တောင် အဲဒါတွေပါပြီးသား ဖြစ်နေ မှာပါ။ လိုချင်တာရှိသေးရင် Internet က Download ဆွဲပြီး တော့ဖြစ်စေ LRC(Linux Resource Center) မှာ အခွေသွား ကူးပြီးတော့ဖြစ်စေ ရယူနိုင်ပါတယ်။
Ubuntu မှာ Driver တွေကိုရှာရခက်မလား။
အရမ်းကြီး ရှားပါးနေတဲ့ Driver တွေ မဟုတ်ခဲ့ရင် အလွယ်တကူပါပြီးသား ဖြစ်ပါတယ်။  Windows မှာ သီးသန့်ထပ်တင်ပေးရတဲ့ Audio Driver တွေ Graphic Driver တွေ Ubuntu မှာ တစ်ခါတည်းပါပြီးသားပါ။  Audio/Video Code ပဲထည့်ပေးရမှာပါ။ Ubuntu တက် တာနဲ့ Audio ပါ တန်းတက်လာပါလိမ့်မယ်။ mp4 player တွေ Mobile Phone တွေဆိုရင် Windows က USB အနေ နဲ့ပဲ သိပေမယ့် Ubuntu မှာက Phone/Firmware Model ကိုပါ သိပါတယ်။ Printer Scanner တွေလဲ Autodetect သိပါတယ်။ ဘာမှ သိပ်ထွေထွေထူးထူး တင်ပေးစရာ မရှိ ပါဘူး။ Internet ချိတ်ဆက်ထားမယ်ဆိုရင် အလို အလျောက် Driver Update လုပ်ပေးသွားဦးမှာပါ။

Windows Application exe ဖိုင်တွေ Ubuntu မှာ RUN နိုင်မလား။
ရနိုင်ပါတယ်။ Wine Installer ဆိုတာ ရှိပါတယ်။ Windows Emulator ဆိုပါတော့။ IE တို့ Photoshop တို့ ကနေ တချို့ ဂိမ်းတွေအထိ ရပါတယ်။ Half-Life2, Day of Defeat, Call of Duty, Star War စတာတွေကို အကောင်းဆုံး Platinum List ထဲမှာ တွေ့ရပါတယ်။ Final Fantasy XI, Counter-Strike, Command & Conquer 3, Command & Conquer 3 စတာတွေလည်း အသုံးပြုလို့ ရနိုင်ပါတယ်။ exe တွေ့တိုင်း အကုန်လုံးတော့ အဆင် မပြေသေးပါဘူး။ လောလောဆယ်တော့ exe application ပေါင်း ၇၈၀၀ ကျော် အသုံးပြုနိုင်ပါတယ်။
Ubuntu မှာ Myanmar fonts သုံးလို့ရမရ။
Ubuntu မှာ Win fonts, CE fonts နဲ့ Unicode fonts တွေ။ ဥပမာ Myanmar2, Myanmar3, Zawgyi-One, Myazedi စတာတွေ အသုံးပြုနိုင်ပါတယ်။

Network layer 3 ရဲ့  addressing and routing အကြောင်း

Compuer စက်တစ်လုံး ကနေပို့ချင်တဲ့စက်ကို data packet တွေပို့ဖို့ computer စက်တိုင်းက network layer address လို့ခေါ်တဲ့ ip address လိုအပ် ပါတယ်။ ဒီလို data packet တွေပို့တဲ့အခါမှာ router တွေက routing protocol တွေသုံးပြီး routing table ကတဆင့် လက်ခံမယ့် စက်ကိုကောင်းကောင်း မွန်မွန် ရောက်သွားအောင်လုပ် ဆောင်ပေးပါတယ်။ ဒီ routing protocol က ဘယ်လို route လုပ်ရလဲဆိုတာ လေ့လာပြီး router ရဲ့ routing tableထဲကို route လုပ်ရတဲ့လမ်းကြောင်းကို ထည့်ပေးပါတယ်။ ဥပမာဆိုရင် IP က routing protocol ဖြစ်ရင် IP packet တွေကို ဘယ်လို route လုပ်တယ်ဆိုတာ ဖော်ပြပါတယ်။ RIP (Routing Information Protocol) နဲ့ route လမ်းကြောင်း ကို လေ့လာရင် RIP က routing protocol ဖြစ်ပါတယ်။
IP address သတ်မှတ်တဲ့နေရာမှာလည်း ip version 4 နဲ့ ip version 6 ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ အခုကတော့ ip version 4 သုံးတဲ့ network မှာ ip protocol က route လုပ်ပုံကို ပြောပြပါမယ်။ မတူညီတဲ့ network နှစ်ခု ချိတ်မယ်ဆိုရင် router တစ်ခုစီတိုင်းရဲ့ routing table မှာ route လုပ်ရမယ့် လမ်းကြောင်းကို ကြေငြာရပါတယ်။ ဒါကို advertise လုပ်တယ်လို့ခေါ်ပါတယ်။ အဲဒီတော့ network ကြီးပေါ်မှာ router တွေ အများကြီးရှိနေပါတယ်။ router တစ်ခုစီတိုင်းကို နီးစပ်ရာ router တွေက advertise လုပ်ရပါတယ်။ ဒါကြောင့် traffic တွေများပါတယ်။ routing table ကို ပို့နေရလို့ bandwidth ကျပ်ပါတယ်။ ပို့ရတဲ့အချိန်ကြာပါတယ်။ ဒီ traffic တွေကို route လုပ်နိုင်ဖို့ router ရဲ့ CPU cycles ကို ပိုသုံးရပါတယ်။
ဒါကြောင့် route လမ်းကြောင်းများများ ကြေငြာ ရလေလေ packet size ကြီးလေလေ ဖြစ်ပါတယ်။ packet size ကြီးလို့ update လုပ်တဲ့အခါ bandwidth များများယူရပါတယ်။ band width မှာ advertise လုပ်တဲ့ data မှားတဲ့အတွက် ပို့ရမယ့် data packet အတွက် ရနိုင်တဲ့ bandwidth နည်းသွား ပါတယ်။
 
တကယ်လို့ ဒီလို နီးစပ်ရာ router တွေကို advertise လုပ်တဲ့အခါမှာ network တစ်ခုခုက ကျနေရင်၊ ပျက်နေရင်ပျက်နေတဲ့ ဒီ route လမ်းကြောင်း ကို ဖယ်ပြီး ကျန်တဲ့ router တွေရှိနေကြောင်းကို router တိုင်းက နီးစပ်ရာ router တွေဆီကို update ဖြစ်တဲ့ routing table ကို network တစ်ခုလုံး အပေါ်မှာ တက်လိုက်ဆင်းလိုက် advertise လုပ်ရပါတယ်။ ဒီလိုလုပ်ဆောင် ချက်ကို route flapping လို့ ခေါ်ပါတယ်။ routing table ကို up to date ဖြစ်အောင် ပြောင်းလဲမှုတွေကို advertise လုပ်ရင် စက္ကန့်အနည်းငယ်လောက်တော့ ဒီ network က ကျသွား နိုင်ပါတယ်။
route summarization ကတော့ route flapping ကြောင့်ဖြစ်တဲ့ traffic ပိတ်ဆို့ကြန့်ကြာမှုကို ဖြေရှင်းနိုင်ပါတယ်။ route summarization ကို superneting လို့လည်း ခေါ်ပါတယ်။ Supernetting က host အတွက် မစဉ်း စားဘဲ net ကိုပဲ စဉ်းစားပါတယ်။

ဥပမာ      192.168.64.0  /  24 ဆိုရင်
                  ip               mask ဖြစ်ပါတယ်။
             192.168.64 . 0   မှာလည်း
                   net      host  ဖြစ်ပါတယ်။
router R1 ရဲ့ network 4 ခုအတွက်ဆိုရင် 192.168.64.0= 11000000.10101000.01000000.00000000
192.168.65.0= 11000000.10101000.01000001.00000000
192.168.66.0= 11000000.10101000.01000010.00000000
192.168.67.0= 11000000.10101000.01000011.00000000
ဘုံပါတဲ့ bit တွေက 11000000.10101000.010000×× . ×××××××××
                                    192.      168 .     64       . ×××××××××
ဒါကြောင့် router R1ရဲ့ network 4 ခု အတွက် route summarized လုပ်လိုက်ရင် router R1 က router R4 ကို network 4 ခု စာလုံးအတွက် 192.168.64.0/22 ရှိတဲ့ routing line တစ်ကြောင်းကိုပဲ ပို့ဖို့လိုတဲ့အတွက် data transter လုပ်နိုင်တဲ့ bandwidth ပိုကျယ်လာပါတယ်။ ဒီလိုနည်းနဲ့ Router R2 ရဲ့ network 4 ခုအတွက်လည်း 192.168.68.0/22 ဆိုတဲ့ routing line ကို ရပါတယ်။
Router R3 အတွက်လည်း 192.168.72.0/22 ဆိုတဲ့ route ကို ရပါ တယ်။ ဒီ router 3 ခုက Router R4 ကို advertise လုပ်တဲ့အခါ Router R4 ကလည်း route summarization ပြုလုပ်ပါတယ်။ အဲဒီအခါမှာ -
192.168.64/22 = 11000000.10101000.01000000.00000000
192.168.68.0/22 = 11000000.10101000.01000001.00000000
192.168.72.0/22 = 11000000.10101000.01000010.00000000
ဘုံပါတဲ့ bit တွေက 11000000.10101000.0100××××.×××××××××
                                    192.      168 .     64      .×××××××××
ဒါကြောင့် router R4ရဲ့route summarized က 192.168.64.0/20 ဖြစ်ပါတယ်။
ဒီလို route summarize လုပ်ပြီး traffic ကျသွားအောင် ပြုလုပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ဆိုရင် ဒီလို route summarization လုပ်ဖို့ Classless routing protocol တွေဖြစ်တဲ့ RIPV 2,OSPF, EIGRP,IS-IS နဲ့ BGP တို့ကို router တွေက သုံးရပါမယ်။ Summarized address တွေရဖို့ bit တွေကို high order bit ဆီကို 1 bit ချင်းစီးလျော့ပြီး address ကို assign လုပ်ရပါမယ်။ ဒါကို hierarchical fashion လို့ ခေါ်ပါတယ်။
network layer(layer 3) မှာ traffic ကျပ်နေရင် route flapping ဖြစ်နေရင် route summarization နဲ့ ဖြေရှင်းနိုင်ပါကြောင်း knowledge sharing လုပ်လိုက်ပါတယ်။

Wireless LAN Networking အကြောင်း

Wireless LAN Networking ဆိုတာ နေရာဒေသ တစ်ခုအတွင်းက computer တွေက ရင်းမြစ်တွေကို တပြိုင်နက်တည်း wire ကြိုးနဲ့ချိတ်ဆက်မထားဘဲ ရယူ သုံးစွဲနိုင်တဲ့ network ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီရင်း မြစ်တွေထဲမှာ ကြီးမားကျယ်ပြန့်တဲ့ broadband Internet ဆက်သွယ်ရေးတွေ၊ network မှာ ဝေမျှသုံးစွဲနေတဲ့ Printers တွေ၊ database ထဲက data file တွေအပြင် အသံ file နဲ့ ၊ုပ်သံ file တွေ streaming audio နဲ့ video file တွေပါဝင်ပါတယ်။ wireless network ကြိုးမဲ့ကွန်ယက် စနစ်က သမ၊ိုးကျကြိုးနဲ့ ဆက်သွယ်မှုဖြစ်တဲ့ IOBASE-T network ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း လုပ်ဆောင် ပေးနိုင်ပါတယ်။
ကြိုးမဲ့ကွန်ယက်ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ IEEE က 802.11 standard အဖြစ်စံသတ်မှတ်ခဲ့ပါတယ်။ 802.11 ရဲ့ စံသတ်မှတ်ချက် (၄) မျိုးရှိပါတယ်။
(1) 802.11
radio frequency လှိုင်း 2.4 GHz အတွင်း Phase shift keying (PSK) modulation ကို သုံးပြီး data ကို 1 Mbps ကနေ 2 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ IEEE ရဲ့ မူရင်းစံသတ်မှတ်ချက်ဖြစ်ပါတယ်။
802.11a
data 6Mbps နှုန်း၊ 12 Mps နှုန်း၊ 24 Mbps နှုန်းနဲ့ radio လှိုင်း 5 ကနေ 6GHz အတွင်းမှာ မြန်တဲ့ serial information signal တွေကို နည်းနည်းနှေးတဲ့ signal အဖြစ် ခွဲချပြီး မတူတဲ့ frequency လှိုင်းတွေက တဆင့်တပြိုင် နက်တည်းပို့လွှတ်နိုင်တဲ့ Orthogonal frequency Division Multi plexing (OFDM) modulation ကို သုံးပြီး အလုပ်လုပ် တဲ့အတွက်ကြောင့် data ကို အမြင့်ဆုံး 54 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ 802.11a ကို WiFi 5 လို့လည်း လူသိ များပါတယ်။
(3) 802.11b
Complementary Code Keying (CCK) modulation ကို သုံးတဲ့ 802.11bm data rate 11 Mbps ကိုလှိုင်း 2.4 GHz အတွင်းမှာ ပို့လွှတ်ပေးပြီး Wi Fi လို့လည်း ထင်ရှားပါတယ်။
(4) 802.11g
802.11 စံသတ်မှတ်ချက်ရဲ့ မူကြမ်းအဆင့်ပဲရှိ သေးတဲ့ 802.11g က သတ်မှတ်ထားတဲ့ အကွာအဝေးမှာ data 54 Mbps နှုန်းနဲ့ လှိုင်း 2.4GHz အတွင်းပို့လွှတ်ပေး နိုင်ပါတယ်။
ဒီ standard အားလုံးက path လမ်းကြောင်းကို ခွဲဝေသုံးစွဲပေးတဲ့ Carrier Sense Multiple Access with Collision Avoidance ဖြစ်တဲ့ CSMA/CA Ethernet protocol ကို အခြေခံထားပါတယ်။ ကြိုးမဲ့ကွန်ယက်နည်း ပညာတွေအကြောင်း ပြောပါမယ်။ WLAN နည်းပညာ (၄) မျိုးရှိပါတယ်။
(1) Narrowband
Narrowband နည်းပညာဆိုတဲ့အတိုင်း data ပို့ဖို့ 64 kbps အတွင်းရှိတဲ့ radio လှိုင်းကို သုံးပါတယ်။
(2) Spread Spectrum
Spread Spectrum ကို အစကစစ်တပ်မှာ သုံးဖို့ တီထွင်ခဲ့ပေမယ့် ပိုမယ့် data signal ရဲ့ လှိုင်းကို အဆက် မပြတ် ပြောင်းလဲနိုင်ဖို့ Spread Spectrum နည်းပညာက bandwidth များများသုံးနိုင်အောင် ဆောင်ရွက်ပေးပါ တယ်။ narrowband ထက် bandwidth ပိုများပြီး data ပို့လွှတ်မှုမှာလည်း စိတ်ချလုံခြုံပြီး လွယ်ကူပါတယ်။
(3) Frequency Hopping Spread Spectrum (FHSS)
FHSS က data ပို့တဲ့ computer နဲ့လက်ခံမယ့် computer ရဲ့ လှိုင်းပြောင်းလဲမှုတွေအတွက် ချိန်သားကိုက် လုပ်ဆောင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီ hopping လှိုင်း၊ frequency က အချိန်တစ်ခုရောက်တိုင်း လှိုင်းတစ် ခုကနေတစ်ခုကို ပုံသေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ frequency လှိုင်းမပြောင်းခင်မှာ data ကို ပို့တာ ဖြစ်ပါတယ်။
(4) Direct Sepence Spread Spectrum (DSSS)
ဒီနည်းပညာက FHSS ထက် bandwidth ပိုကြီးပြီး စိတ်ချလုံခြုံမှုကို ပိုပြီးဦးစားပေးထားပါတယ်။ ပို့မယ့် data ကို အစိတ်အပိုင်းလေးတွေ ဖြစ်အောင်ခွဲချလိုက်ပြီး frequency channel လှိုင်းလမ်းကြောင်းပေါ်ကနေ data ပို့ တာဖြစ်ပါတယ်။ ပို့မယ့် bit pattern တစ်ခုစီကို ထုတ်လုပ် ပါတယ်။ data bit တွေ ပျက်စီးသွားရင်တောင်မှ chipping code ကြောင့် data signal ကို ပြန်ပို့စရာမလိုဘဲ ပြန်လည်ရရှိနိုင်ပါတယ်။
802.11 စံသတ်မှတ်ချက်က operational ပုံစံနှစ် မျိုးသတ်မှတ်ထားပါတယ်။ ad hoc (peer-to-peer) ပုံစံနဲ့ infra structure ပုံစံတို့ဖြစ်ပါတယ်။
Ad-hoc ပုံစံမှာ 802.11 network interface cards တွေပဲပါဝင်ပြီး access point မသုံးဘဲ network ထဲမှာ computer တွေက တစ်လုံးနဲ့တစ်လုံးတိုက်၊ိုက်ချိတ်ပြီး ဆက်သွယ်တာဖြစ်ပါတယ်။ ဒီပုံစံမျိုးနဲ့ ဆက်သွယ်မှုကို Independent Basic Service Set (IBSS) ဒါမှမဟုတ် peer-to-peer ပုံစံလို့ခေါ်ပါတယ်။
Infrastructure ပုံစံမှာ wire less access points နဲ့ 802.11 network interface card တွေနဲ့ဖွဲ့စည်းထားပါ တယ်။ ဒီပုံစံမှာ access point က base station ပုံစံနဲ့ network မှာရှိတဲ့ computer တွေကို access point ကနေ တဆင့်ဆက်သွယ်ပေးတာဖြစ်ပါတယ်။ ဒီ access point က wireless range ကို တိုးပေးနိုင်ပါတယ်။ wireless users တွေ များလာတာကိုလည်း လုပ်ပေးနိုင်ပါတယ်။ ဒီ netwok ရဲ့ လုံခြုံမှုကိုလည်း လုပ်ဆောင်ပေးပါတယ်။ wireless network မှာ access point တစ်ခုပဲ သုံးရင် Basic Service Set (BSS) လို့ ခေါ်ပြီး network မှာ access point တစ်ခုထက်မကချိတ်ပြီး ဆက်သွယ်ထားရင်တော Extended Service Set (ESS) လို့ ခေါ်ပါတယ်။
802.11 စံသတ်မှတ်ချက်မှာ roaming capabilities လို့ခေါ်တဲ့ client computer က ချိတ်ဆက်ဖို့ signal အား နည်းနေရင်မတူညီတဲ့ လှိုင်းလမ်းကြောင်း channel တွေ ပေါ်မှာရှိတဲ့ access point တွေကို အားကောင်းတဲ့ signal ရအောင် ချိတ်ဆက်ယူတဲ့ စွမ်းရည်ပါဝင်ပါတယ်။
ကြိုးမဲ့ကွန်ယက်မှာပါဝင်တဲ့ ပစ၊ည်းတွေက computer 3 လုံးအထက် ကြိုးမဲ့ချိတ်တဲ့အခါမှ လိုအပ်မယ့် access point, ပေ ၁၀၀၀ အတွင်းအကာအကွယ်မရှိတဲ့ နေရာမှာ ad-hoc network ပုံစံနဲ့ ဆက်သွယ်မယ့် computer တွေအတွက် PC Card နဲ့ PCI Adapter၊ internet connection ကို ဝေခွဲသုံးစွဲဖို့ router တို့ပဲဖြစ်ပါတယ်။
ကြိုးမဲ့ကွန်ယက်မှာ ပတ်ဝန်းကျင်အနေအထားတွေ ကြောင့်လည်း လုပ်ဆောင်ချက်တွေ ကွာခြားနိုင်ပါတယ်။
(၁) ကြိုးမဲ့ကွန်ယက်မှာ ပါဝင်တဲ့ပစ၊ည်းတွေရဲ့ အကွာ အဝေး (ဒီအကွာအဝေးက accesspoint နဲ့ NIC card ရဲ့ အကွာအဝေး ဖြစ်ပါတယ်။)
(၂) သုံးတဲ့ပစ၊ည်းတွေရဲ့ power အနေအထား(WLAN မှာ device တော်တော်များများဟာ cellular phon-e/walkie-talkie ထက် အဆပေါင်းများစွာ နည်းတဲ့ 30 mWပဲ ထုတ်ပါတယ်။)
(၃) အဆောက်အဦးတွေ၊ အိမ်တွေမှာရှိတဲ့ ပစ၊ည်း ကိရိ ယာတွေ (ဥပမာအားဖြင့် သစ်သား၊ သတ၊ု)
(၄) radio frequency interference ရဲ့ အကျိုးသက် ရောက်မှု
(၅) Antenna အမျိုးအစားနဲ့ထားတဲ့နေရာ စတာတွေ ကြောင့် လုပ်ဆောင်နိုင်စွမ်းတွေ ကွာခြားပါတယ်။
ကြိုးနဲ့ဆက်သွယ်တဲ့ ကွန်ယက်ပဲဖြစ်ဖြစ် ကြိုးမဲ့ ဆက်သွယ်တဲ့ကွန်ယက်ပဲဖြစ်ဖြစ် လုံခြုံရေးက အရေးကြီး ပါတယ်။ ကြိုးမဲ့ users တွေက security builtin ပါပြီးသား Wireless Equavalent Privacy (WEP) ကို သုံးပြီး မိမိတို့ ကွန်ယက်ကို အတော်အသင့်ကာကွယ်နိုင်ပါတယ်။ WEP မှာ 64 bit နဲ့ 128 bit encryption ကို သုံးထားပါတယ်။ default password တွေကို မကြာခဏပြောင်းလဲဖို့လိုပါ တယ်။ Access point တချို့ကို access လုပ်ခွင့်ရှိတဲ့ MAC (Media Access Control) ကို ကန့်သတ်ချက်ထားရပါမယ်။ IP address တွေကို dynamically ချပေးနေတဲ့ DHCP protocol ကို ပိတ်ထားဖို့လိုပါတယ်။ default သုံးထားတဲ့ ip address တွေရဲ့ subnet ကိုလည်းပြောင်းပေးရပါမယ်။ လုံခြုံမှုအရှိဆုံးကတော့ access point ကို သက်ဆိုင်ရာ LAN မှာ မထားဘဲ firewall မှာဒါမှမဟုတ် DMZ (demilitarized zone) မှာ ထားတာဖြစ်ပါတယ်။ VPN (Virtual Private Network) ကို သုံးဖို့လည်းလိုအပ်ပါတယ်။ ဒါတွေ က ကြိုးမဲ့ကွန်ယက်လုံခြုံရေးရှိဖို့လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်တွေ ဖြစ်ပါတယ်။

IP Address သိကောင်းစရာ


အင်တာနက်ချိတ်ဆက် အသုံးပြုရာမှာဖြစ်ဖြစ် ကွန်ရက်ချိတ်ဆက်ရာမှာဖြစ်ဖြစ် Internet Protocol (IP) လို့ခေါ်တဲ့ နံပါတ်တစ်ခုခု လိုအပ်ပါတယ်။ ဒီနံပါတ်တွေဟာ တစ်ခုနဲ့ တစ်ခု တူညီလို့ မရပါဘူး။ တူညီခဲ့လို့ရှိရင် နံပါတ်တွေတစ်ခုနဲ့ တစ်ခုတိုက်ပြီး ဆက်သွယ်လို့ မရတော့ပါ။ ဒါကို IP Conflict လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် တယ်လီဖုန်းနံပါတ်နှစ်ခု တိုက်သွားတဲ့သဘော ဖြစ်ပါတယ်။

ယခင်က အသုံးပြုခဲ့တဲ့ အင်တာနက်နံပါတ်(IP) အမျိုးအစားက Internet Protocol Version 4 ဖြစ်ပါတယ်။ ဒါကို IPV4 လို့ခေါ်ပါတယ်။ IPV4 အမျိုးအစားဟာ 32Bit အမျိုးအစားဖြစ်ပါတယ်။ Zero ကနေ 255 အထိ ပါဝင်ပြီး နံပါတ်တစ်ခုမှာ အစက် (Dot) လေးတွေနဲ့ခြားကာ ပါဒလေးခုရှိပါတယ်။ ဥပမာအားဖြင့်- 255.255.255.255 ဖြစ်ပါတယ်။ ဆယ်လီစိတ်ဂဏာန်း 255 ကို ဒွိစုံကိန်းစနစ် (Binary) အဖြစ်ပြောင်းကြည့်မယ်ဆိုရင် 255 (Dec)=11111111 (binary) နဲ့ ညီတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အောက်ပါအတိုင်း အင်တာနက်နံပါတ်ကို တွေ့မြင်နိုင်ပါတယ်။

Decimal  255.255.255.255

Binary     11111111.11111111.11111111.11111111 (32 Bit)

ဒါကြောင့် Binary တန်ဖိုး တစ် ၃၂ လုံးကို ဆယ်လီစိတ်စနစ်နဲ့ ပြောင်းကြည့်မယ်ဆိုရင် 4,294,967,296 တန်ဖိုး ရရှိမှာ ဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက်နိုင်မယ့်နံပါတ် သိန်းပေါင်း (၄,၃၀၀) နီးပါး ရှိပါတယ်။ ဆိုလိုတာက ကွန်ပျူတာအလုံး သိန်းပေါင်း ၄,၃၀၀  နီးပါးချိတ်ဆက်နိုင်မယ်လို့ ပြောတာဖြစ်ပါတယ်။ IPV4 မှာ အသုံးပြုချိတ်ဆက်နိုင်မယ့် အတန်းအစား A,B,C,D,E ဆိုပြီး ငါးမျိုးခွဲခြားထားပါတယ်။ ဥပမာအားဖြင့် Class C အမျိုးအစားတစ်ခုကို ဖော်ပြလိုက်ပါတယ်။

စမှတ် Start Address 192.0.0.0 မှ
ဆုံးမှတ် End Address 223.255.255.255
စုစုပေါင်း အရေအတွက် 2,097,152 ဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ အင်တာနက်ချိတ်အသုံးပြုတဲ့ နိုင်ငံတွေများလာတဲ့အတွက် ထပ်မံတိုးချဲ့ဖို့ Internet Protocol Version 6 (IPV6) ကို ၁၉၉၅ ခုနှစ်လောက်မှာ တီထွင်ခဲ့ပါတယ်။ IPV6 ဟာ 128 Bit ရှိပြီး ကွန်ပျူတာအလုံးပေါင်း (3.403 x 1038) အထိ အသုံးပြုနိုင်ပါတယ်။ IPV6 ရဲ့ အင်တာနက်နံပါတ်တွေကို ဖော်ပြရာမှာ ဆယ်လီစိတ်ကိန်းစနစ်ကို အသုံးမပြုဘဲ ဆဌမကိန်းစဉ် (Hexadecimal) နဲ့ ဖော်ပြမှာဖြစ်ပါတယ်။

ဥပမာ- 2001:0D8B:AC10:BAA1:0000:0000:0000:0000 ဖြစ်ပါတယ်။

တချို့နိုင်ငံကြီးတွေမှာ IPV4 ကို အသုံးမပြုတော့ဘဲ IPV6 ကို စတင်သုံးစွဲနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတာကတော့ IPV4 ဖြစ်ပါကြောင်း အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။