Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Malaysia News. Show all posts
Showing posts with label Malaysia News. Show all posts

UNHCR မှ မိမိနိုင်ငံသို့ ပြန်ပို့မည့်အရေး ဖယ်ရှား အတည်ပြုချက်ပေး


မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မလေးရှားရောက် ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ပြောဆိုသည်မှာ UNHCR အသိအမှတ်ပြု စာရွက်နှင့် ကဒ် ကိုင်ဆောင်သူ အားလုံးသည် မလေးရှားလ၀က 6P - စီမံကိန်းတွင် ဝင်ရောက် ဆောင်ရွက်လျှင် နေရပ်သို့ လုံးဝ ပြန်ပို့လိမ့်မည် မဟုတ်ကြောင်း ယနေ့ Free Malaysia Today သတင်းမှ အတိအလင်း ထုတ်ပြန် ကြေညာထားသည်။

ပစ်တလင်းဂျာယာ ။ ။ UNHCR မှ ဒုက္ခသည်များ 6P လက်ဗွေနှိပ် မှတ်ပုံတင်အပြီး နေရပ်သို့ပြန်ပို့မည်ကို ကြောက်ရွံ့နေကြသဖြင့် မလေးရှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ UNHCR သို့ ပေးပို့စာဖြင့် ထောက်ခံ အတည်ပြု လိုက်ပါသည်။

မလေးရှားအစိုးရမှလည်း UNHCR မှ အသိအမှတ်ပြုထားသော စာရွက်နှင့် ကဒ် ကိုင်ဆောင်သည့် ဒုက္ခသည် အားလုံးကို နဂိုရှိရင်းစွဲ အနေအထားတိုင်း ဆက်လက်နေထိုင်ခွင့် ပြုရန် ထပ်လောင်း အတည်ပြု ပြောဆိုသွားပါသည်။

ဒုက္ခသည်များအတွက် သတင်းကောင်း...

တရားမဝင်လုပ်သားများအတွက် 6P- စီမံကိန်း ဆောင်ရွက်နေသော်လည်း တရားဝင် လုပ်သား အားလုံးအတွက်လည်း ၎င်းစီမံကိန်းအတိုင်း များမကြာမီ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာထားပါသည်။

အထက်ဖေါ်ပြပါ ဒုက္ခသည်များနှင့် သက်ဆိုင်သည့် 6P - စီမံကိန်းအတွက်လည်း မလေးရှားအစိုးရနှင့် ၎င်း၏ ဝန်ကြီးဌာနများ ဖြစ်ကြသော ပြည်ထဲရေး၊ လ၀ကနှင့် ရဲတပ်ဖွဲ့ တို့အား ပြည်တွင်းပြည်ပ မီဒီယာများမှ တရားမဝင်လုပ်သားနှင့် ဒုက္ခသည် များအတွက် သီးခြားကဏ္ဍ ခွဲထုတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ထိုးနှက် ခံခဲ့ရသည်။

UNHCR မှ Yante က “ဒီကိစ္စဟာ UNHCR နှင့် မလေးရှား အစိုးရအကြား သိသာထင်ရှားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း” ထုတ်ဖေါ်ပြောဆိုသွားပါသည်။

Yante မှ ဥပဒေ စိုးမိုးရေး သက်ဆိုင်ရာ ရဲအရာရှိများမှ မည်သူ မည်ဝါဖြစ်ကြောင်း သတ်မှတ် ခွဲခြားခံရသည့် ဒုက္ခသည်တို့အား ပိုမိုအားဖြည့် အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ထပ်လောင်း ပြောဆိုသွားပါသည်။

ဒုက္ခသည်တို့အား တရားဝင် အလုပ် လုပ်ပိုင်ခွင့်နှင့် ၎င်းနှင့် သက်ဆိုင်သည့် သဘောတူညီချက် များကိုလည်း UNHCR နှင့် မလေးရှား အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မူ လိုအပ်နေသေးကြောင်း ဖြည့်စွက်ပြောဆို သွားပါသည်။

မှတ်ချက်။ ။ ဤသတင်းအား ယနေ့ Free Malaysia Today သတင်း ကြီးမှ အတိအလင်း ထုတ်ပြန် ကြေညာသွားပါသည်။ သို့ပါသော်လည်း UNHCR မှ UN ကဒ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအနေဖြင့် မိမိနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဆက်သွယ်၍ သေချာသည့် အချေအနေ တစ်ရပ်ကိုသာ စောင့်ကြည့်နေသင့်ကြောင်း ဒုက္ခသည်များအတွက် 6P လက်ဗွေနှိပ် မှတ်ပုံတင်ကာလသည် စက်တင်ဘာလလယ် အထိ အကျုံးဝင်နေဦးမည်ဖြစ်ပြီး သင့်လက်ထဲတွင် သတ်မှတ်ရက်စွဲထက် ကျော်လွန်နေသော UN ကဒ်ကိုင်ဆောင်ထားမိနေပါက UNHCR ရုံးသို့သာ သွားရောက် သက်တမ်း တိုးမြှင့်သင့်ကြောင်း ပြောကြားလိုပါသည်။ မလေးရှားနိုင်ငံတွင် ဒုက္ခသည်များကို လက်မခံလိုသဖြင့် အဆိုပါ 6P လက်ဗွေနှိပ် မှတ်ပုံတင်ရေးသို့ သွတ်သွင်းနေခြင်းသာဖြစ်ပြီး UNHCR မှလည်း ၎င်းကာလအတွင်း ဒုက္ခသည်များ 6P လက်ဗွေနှိပ်မှတ်ပုံတင်ရန် မလေးရှား လ.ဝ.က မှ စီစဉ်ပေးနေပြီဟုသာ ဖော်ပြပြီး UNHCR ကိုယ်တိုင် အတည်ပြုချက်ပေးရန်မူ ဆိုင်းငံ့ထားခဲ့သည်။

မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိတ်ရောဂါခံစားရနေ



မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိုးရိမ်မှု၊ စိတ်ဓါတ် ကျခြင်း ၊စိတ်ဖိစီးမှုစသော စိတ်ရောဂါလက္ခဏာများ ခံစားနေရကြောင်း မလေးရှားနိုင်ငံ NGO တစ်ခုက ဆိုသည်။ ယင်းပမာဏသည် သာမန် လူဦးရေနှင့်နှိုင်းယှဉ်လျှင် ၃ဆမျှ များပြား နေကြောင်း Health Equity and Initiatives HEI ဒါရိုက်တာ ဒေါက်တာ Xavier Pereira က ပြောသည်။ ၄င်းလေ့လာချက်အား အသက် ၁၈နှစ်မှ ၇၀နှစ်အကြား ဒုက္ခသည် အဖြစ်လျှောက်ထားသူ ၁၀၇၄ ဦးအား စစ်ဆေးမေးမြန်းချက်များ အပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “အမျိုးသားရောအမျိုးသမီးပါ ခံစားနေရပါတယ်။။ အထူးသဖြင့် အလုပ်လက်မဲ့ တွေ လူကုန်ကူးခံရသူတွေ၊ အဓမ္မ အလုပ်စေခိုင်းခံရသူတွေ ဖြစ်ကြတယ် ”ဟု လူကုန် ကူး မှုတိုက် ဖျက်ရေး၊အမျိုးသား ညှို့နှိုင်းဆွေးနွေးပွဲတွင်၎င်းကပြောကြားခဲ့သည်။ thestar

မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်


ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။
ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။

ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။

သတင်းပေးပို့ရာတွင် အသုံးပြု ဖြည့်သွင်းရသော ပုံစံစာရွက်တွင် Pulang Ke Negara Asal ဆိုသော စကားရပ်ကား ဒုက္ခသည်များ အကြား စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါ စကားရပ်ကို မြန်မာဘာသာပြန်လျှင် “မူရင်းနိုင်ငံသို့
ပြန်ပို့ပါမည်” ဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။

ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။


မလေးရှားတွင် မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိသွားသူပင်ချည်း မဟုတ်ဘဲ အခြားနိုင်ငံများမှလည်း ဒုက္ခသည်
အဖြစ် အသိအမှတ်ပြုရေး ကြိုးပမ်းနေသူ နိုင်ငံခြားသား အရေအတွက်မှာ လူ ၅ဝ,ဝဝဝ ခန့်ရှိမည်ဟု အန်ဒီကာ အဘ် ဝါဟဘ် က ခန့်မှန်းသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိများနှင့် တနင်္လာနေ့တွင် ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

မလေးရှားက ၁၉၅၁ ခု ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ နားလည်မှုစာချုပ်နှင့် နောက်ဆွဲတွဲ သဘောတူညီမှုများကို လက်မှတ်မထိုးထားပေ။ မလေးရှားတွင် မြန်မာ၊ အာဖကန်နစ္စတန်၊ အီရတ်၊ ဆိုမားလီးယားတို့မှ ဒုက္ခသည်များ အဓိကရှိနေပြီး စုစုပေါင်း ၉ဝ,ဝဝဝ ဦး ကျော်မှ ၉ဝ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှဖြစ်ပြီး ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊
ရှမ်း၊ ကချင်၊ ရိုဟင်ဂျာတို့ ပါဝင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံး-မလေးရှားက ထုတ်ပြန်ထားသည်။

အသိအမှတ်ပြု ဒုက္ခသည်များထက် ပူပန်မှုပိုနေရသူများကတော့ တရားဝင် စာရွက်စာတမ်း အထောက်အထား
မရှိဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလာရန် ကြိုးပမ်းနေသူများဖြစ်သည်။ သြဂုတ် ၁ ရက်မှစ၍ မလေးအစိုးရက တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်အရ လူစာရင်းကောက်ယူမှု လုပ်နေရာ ဒုက္ခသည်လျှောက်လိုသူတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

နောက်ဆုံးရက် ထုတ်ပြန်ထားခြင်းမရှိသော စာရင်းကောက်ယူမှုပြီးစီးချိန်တွင် သူတို့အတွက် UNHCRမှ ဒုက္ခသည် အဖြစ် စိစစ်မှု စတင်မလုပ်နိုင်သေးလျှင် တရားမဝင် နေထိုင်မှုဖြစ်သောကြောင့် မလေးရှားအစိုးရက ဖမ်းဆီးပြန်ပို့မှု
ဖြစ်လာမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

“ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား ဘာမှမရှိဘူး။ အောက်တိုဘာ နိုဝင်ဘာ
လောက်ဆိုရင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ထင်ပါတယ်။ အဲဒီ လူတွေကို အကုန်ဖမ်းမှာပဲ။ တချို့ ကို လဝက ဥပဒေနဲ့ အပြစ်ပေးမယ်၊ တချို့ကို မူလနိုင်ငံတွေ ပြန်ပို့နိုင်တယ်” ဟု မစ္စတာ အန်ဒီကာ အဘ် ဝါဟဘ် က ပြောသည်။