မိမိဝက်ဆိုက်ကို တစ်နေ့ ဘယ်နှစ်ယောက်လာကြည့်ကျလဲ ၊ ဘယ်ပို့စ်ကို ပိုစိတ်ဝင်စားကျလဲဆိုတာကို သိချင်ရင်။

မိမိဝက်ဆိုက်ကို တစ်နေ့ ဘယ်နှစ်ယောက်လာကြည့်ကျလဲ ၊ ဘယ်ပို့စ်ကို ပိုစိတ်ဝင်စားကျလဲဆိုတာကို သိချင်ကျမှာပါ … စီးပွါးရေးအတွက်နဲ့ ထောင်ထားတဲ့ဆိုက်ဆိုလျှင်လဲ customer က ဘယ်ပစ္စည်းကိုဖြင့်အများဆုံး ကြည့်ကျလဲ ၊ ဘယ်ဟာကတော့ ၀ယ်လိုအားတက်နိုင်တယ် စသဖြင့် သိချင်လျှင် အောက်ပါနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ် …
အဲဒါကတော့ Google ကပေးထားတဲ့ Google Analytics ဆိုတဲ့ feature ပါပဲ ..
လုပ်နည်းကတော့ အရင်ဆုံး Google Analytics မှာ Sign up လုပ်ရပါမယ် ..
https://www.google.com/analytics/ အဲဒီမှာ Signup လုပ်ပါ အစီအစဉ်အတိုင်းလုပ်လိုက်ပါ … တစ်ခုပဲပြောစရာရှိတယ် ..
Website’s URL တောင်းရင် မိမိရဲ့ ဆိုက်နာမည်(ဒါမှမဟုတ်ကြည့်ချင်တဲ့ဆိုက်)ကိုထည့်ပေးရမှာဖြစ်ပါတယ် ..
ကျန်တာက မခက်ပါဘူး .. signup လုပ်ပြီးနောက် မိမိအား ကုတ်ပေးပါလိမ့်မည် .. အဲဒီကုတ်အား tag မတိုင်ခင်ထည့်ရပါမယ် .. wordpress မှာဆို header.php မှာရှိပါတယ် …
ထည့်ပြီးပါက https://www.google.com/analytics အဲဒီနေရာကနေ စောစောက အကောင့်ဖောက်ထားတဲ့ ဟာနဲ့ ၀င်လိုက်ပါ .. ဒီလိုတွေ့ ရပါမယ်


အဲဒီမှာ မိမိထည့်ထားတာ active ဖြစ်မဖြစ်ကို Tracking Unknown အောက်က Check Status နှိပ်ပြီးစစ်နိုင်ပါတယ် .. သူပြောတာကတော့ active ဖြစ်ရန် ၂၄ နာရီစောင့်ရတယ်လို့ ပြောပါတယ် .. active မဖြစ်သေးရင် စောင့်ပါ .. active ဖြစ်ပြီးဆိုရင်တော့ ရပါပြီး .. မိမိဆိုက်ကို ဘယ်နှစ်ကြိမ်လာကြည့်ကျသလဲ .. ဘယ်ပို့စ်ကိုဖြင့် လူကြိုက်အများဆုံးလဲ စသဖြင့် ကြည့်ရှုနိုင်ပါတယ် …


ကျန်တဲ့ feature တွေအများကြီး ရှိပါသေးတယ် .. မိမိဘာသာဆက်လက်ကလိကျပါ .. ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Thankyou for visiting my site.