Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Burma News. Show all posts
Showing posts with label Burma News. Show all posts

အာရှ (၇)နိုင်ငံ အသိအမှတ်ပြု အိုင်တီအင်ဂျင်နီယာ စာမေးပွဲ ကျင်းပမည်

အာရှတွင်း ၇ နိုင်ငံ အသိအမှတ်ပြု အိုင်တီအင်ဂျင်နီယာ AP စာမေးပွဲကို ပထမအကြိမ်အဖြစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။

၎င်းစာမေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဂျပန်နိုင်ငံ IDAအဖွဲ့နှင့် ပူးပေါင်း စစ်ဆေးခြင်း ဖြစ်ပြီး ပုံမှန် စစ်ဆေးသည့် စာမေးပွဲများ အစားတွင် ထပ်မံ ထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

”ပုံမှန်က (FE)နဲ့ IT Passport စာမေးပွဲနှစ်ခုပဲ စစ်ပေးတာ။ ဒီနှစ်မှ ဒါကိုထည့်ပေးတာ ဒေသတွင်း နိုင်ငံတွေနဲ့ တစ်ပြေးညီဖြစ်သွားအောင်လို့ပါ။ ဒီအတွက် သင်တန်း ပေးထားပြီးပါပြီ”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာရှနိုင်ငံများ အတွင်း အရည်အချင်းမီ အိုင်တီပညာရှင်များ ပေါ်ထွက်ရေးကို ရည်ရွယ်၍ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်းကာ ၂ဝဝ၅ ခုနှစ်မှစ၍ သတင်း အချက်အလက်နှင့် နည်းပညာ ကျွမ်းကျင်မှု စာမေးပွဲကောင်စီ ကိုဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလများတွင် တစ်ပြေးညီ ကျင်းပခဲ့ကြောင်း ထိုအဖွဲ့မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင် စစ်ဆေးမှုများကို မြန်မာနိုင်ငံမှ ပြုလုပ်ခဲ့သော်လည်း ကျောင်းသားများ အနေဖြင့် စိတ်ဝင်စားမှု မရှိခြင်း၊ လေ့လာမှတ်သား သင်ယူမှု အားနည်းခြင်း များကြောင့် အိုင်တီ စာမေးပွဲများ၏ ဝင်ရောက် ဖြေဆိုမှုနှုန်းနှင့် အောင်မြင်မှု နှုန်းများမှာ ဆက်တိုက် ကျဆင်းနေကြောင်း အိုင်တီ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

နိုင်ငံတစ်ကာရောက် မြန်မာမြန်မာဒုက္ခသည်တွေ မြန်မာပြည်ပြန်ဖို့အသင့်ဖြစ်နေ


စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးမယ်ဆိုရင် နိုင်ငံတစ်ကာရောက် မြန်မာမြန်မာဒုက္ခသည်တွေ အနေနဲ့ မြန်မာပြည်ပြန်ဖို့အသင့်ဖြစ်နေ ပါပြီလို့ United States Of America ရောက်ရှိနေတဲ့ ကိုဆွေလေးက ယခုလို ပြောပြပါတယ် " တစ်ကယ်သာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တစ်ကယ်ကျင့်သုံးပြီဆိုရင် နိုင်ငံရေးအကျင်းသားတွေချက်ချင်းလွှတ်ပေးပါ၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့အပစ်အခတ်ရပ်ပါ ၊ ဒီလိုဆိုရင်ကျွန်တော်တို့ နိုင်ငံတကာရောက် ဒုက္ခသည်တွေပြန်လာဖို့အသင့်ဖြစ်နေပါပြီလို့ပြောပါတယ်။

မလေးရှားက မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိ


သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှားဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့် ပါ ဝင်တဲ့ လုပ်ငန်းစဉ်တခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ ပါတယ်။ ဒီညွှန်ကြားချက်ရဲ့အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား တနေ့ထက်တနေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့ တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ်လာခဲ့တာပါ။

ဒီလိုဆောင်ရွက်လာစဉ်မှာပဲ ဒီစီမံချက်တွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ များပြားလှတဲ့ ဒုက္ခ သည်တွေလည်း အကျူံးဝင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒါ့အပြင် တ ရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို လက်ခံပြီး အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စား သောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ အားလုံးကိုလည်း ထိရောက်စွာနဲ့ အရေးယူသွားပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါသေးတယ်။ ဒီတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေး ထားတဲ့ လုပ်ငန်းပိုင်ရှင်တွေ အတော်များများက နေပြီးတော့ တရားဝင် အလုပ်သမားတွေအဖြစ် ဆောင်ရွက် စေဖို့ သူတို့တွေရဲ့အလုပ်သမား (ဒုက္ခသည်) တွေကို ကမ်းလှမ်းပြောဆိုလာပါတယ်။ တဆက်တည်းမှာပဲ ဒုက္ခ သည်အဖြစ်နဲ့ဆိုရင် ဘယ်လုပ်ငန်းခွင်မှာမှ လုပ်ကိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ အလုပ်ရှင်တွေက တသံ တည်း ထွက်ပေါ်လာတာပါ။

ဒီပြဿနာဟာ မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေနဲ့အတူ မြန်မာဒုက္ခသည် တော်တော်များ များကို ဂယက်ရိုက်ခတ်စေပါတယ်။ ဒီလို ဂယက်ရိုက်နေကြစဉ်မှာပဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ ကြေညာချက်တစောင် ဇူလိုင်လ (၇) ရက်နေ့မှာ ရေးသားထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာ “ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့်တွေ၊ ကုမ္ပဏီတွေကို အလုပ် လုပ်ခွင့် တရားဝင်ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ဖို့ စတာတွေအတွက် ပိုက်ဆံပေးစရာ မလိုတဲ့ အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင်ဆောင်ရွက်ရန် မလိုဘူး”လို့ ရေးသားဖော်ပြထားပါတယ်။

တဘက်မှာ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဆောင်ရွက်နေသလို အခြားတဘက်မှာလည်းပဲ တနေ့ထက်တနေ့ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေတွေကို လျှော့ချနိုင်ဖို့ မလေးရှားအစိုးရနဲ့ UNHCR ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခ သည် သတင်းရပ်ကွက်က ထွက်ပေါ်လာတာပါ။ ဒီနေရာမှာ တိုးပွားလာတဲ့ ဒုက္ခသည်ဦးရေကို လျှော့ချဖို့ ဆို တာကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ များပြားစွာသော ဒုက္ခသည်အမည်ခံသူတွေဟာ တကယ် တမ်းကြည့်မယ်ဆိုရင် ဒုက္ခသည်အစစ်အမှန် အရေအတွက်က အင်မတန်မှ နည်းပါးလွန်းပါတယ်။ အတုအ ယောင်နဲ့ ဟန်ဆောင်လိမ်လည်သူတွေ များလာတာကို UNHCR အနေနဲ့ သတိပြုမိနေခဲ့တာလည်း ကြာပါပြီ။ ဒီပြဿနာကို အကောင်းဆုံးသော ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းမှ ရတော့မယ်ဆိုပြီး နားလည် လက်ခံခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ UNHCR နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ လက်တွဲ ပြီးတော့ အော်ပရာဇီ (အထူးစီမံချက်) တွေနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ် ပါလိမ့်မယ်။

ဒီအခါမှာ မလေးရှားမှာရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ကို ကြံ့ကြံ့ခိုင်ပြီး ရင်မဆိုင်ရဲဘူး အလွယ်တကူ လက်လျှော့လိုက် မယ်ဆိုရင် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားမှာဖြစ်သလို နေဝင်ချိန်ရောက်ခဲ့ပြီလို့ ပြောလို့ရတဲ့ အခြေအနေနဲ ကြုံတွေ့လာရမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ မလေးရှားအစိုးရအနေနဲ့ သံတမန်ရေးရာအရရော UNHCR နဲ့ ဘယ်ပဋိ ညာဉ်စာချူပ်ကိုမှ ချူပ်ဆိုထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒုက္ခသည်တွေကို တရားမဝင် နိုင်ငံတွင်း ဝင် ရောက်သူဆိုတဲ့ အချက်နဲ့ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံရဲ့မူဝါဒ ပေါ် လစီကို ခန့်မှန်းရခက်နေပါတယ်။ တရားဝင်အားဖြင့် သံတမန်ရေးရာအရ လက်မှတ်ရေးထိုးထားခြင်း မရှိပေ မယ့် UNHCR ရုံးဟာ မြို့တော် ကွာလာလမ်ပူမှာ အခြေစိုက် ဖွင့်လှစ်ခွင့်ပေးထားတာရယ်၊ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ (၇၀) ရာခိုင်နှုန်းသော ဒုက္ခသည်တွေကို အမေရိကန်က တရားဝင်ခေါ်ယူနေတာတွေ၊ UN- HCR နဲ့ တရားဝင် လက်မှတ်ရေးထိုးထားတဲ့ သြစတြေးလျလို နိုင်ငံမျိုးက ဒုက္ခသည် (၈၀၀) ကို မလေးရှားမှာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် ရယူကြတာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ မလေးရှားအစိုး ရရဲ့ မြှုပ်ကွက်တွေပါ။

မလေးရှားနိုင်ငံမှာ တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့တွေရဲ့ ပျမ်းမျှ လ စာအဖြစ် တလကို (၈၀၀) ရင်းဂစ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့လစာဟာ တလကို ရင်းဂစ် (၁,၁၀၀) ကနေ (၁,၄၀၀) ရင်းဂစ်အထိ ရှိနေပါတယ်။ ဒီအချက်ကြောင့် မလေးရှားနိုင်ငံကို တရားဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အကုန်လုံးလိုလို အိုဗာစတေး အ ဖြစ်ခံပြီးတော့ ဒုက္ခသည် ခံယူလိုက်ကြတာလည်း ဖြစ်ပါတယ်။ နောက်တချက်က ရဲတွေ၊ Rela (ခေါ်) အရံရဲ တွေနဲ့ တွေတဲ့အခါ ပါ့စ်ပို့တ် ကိုင်ဆောင်ထားသူတွေထက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတမ်း ကိုင်ဆောင်ထားသူတွေက ပိုပြီးတော့ လွတ်မြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အများစုက ဒုက္ခသည်အဖြစ် ခံယူဖို့ စိတ်ဝင်စားလာကြတာပါ။

မလေးရှားနိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းကြီးတွေဟာ တရုတ်လူမျိုးတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပါပြီ။ ခုတကြိမ် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော အလုပ်သမားနေရာကို မြန်မာဒုက္ခသည်တွေက လွှမ်း မိုးသွားမလား ဆိုတာကလည်း နိုင်ငံသားတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အချက်တခုပါ။

မြန်မာဒုက္ခသည်တွေ အပါအဝင် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ အခြားသော နိုင်ငံခြားသား အတော်များများဟာလည်းပဲ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ထဲ မှာ ပါဝင်ဆောင်ရွက်မှု လုံးဝမရှိသလောက်ဖြစ်နေတာကြောင့် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက စိတ်ပျက် သလောက်ဖြစ်နေတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေထဲမှာ အရိပ်အမြွက်ချ ပြောကြားထားတာကို တွေ့နေ ရပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံရဲ့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ လူဦးရေ ခန့်မှန်းချက်ဟာ နှစ်သန်း ကျော်မျှ ရှိနေပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ငါးသိန်း အထက် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာရဲ့ အ စီရင်ခံစာတစောင်မှာ ရေးသားဖော်ပြပါရှိပါတယ်။ ဒီလို တိုးပွားလာတဲ့ ဒုက္ခသည် အမည်ခံသူတွေကို လျှော့ချ ဖို့ တခုတည်းသော နည်းလမ်းက မလေးရှားအစိုးရနဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်ခြင်းပါ။

နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း စီးပွားရေးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ သူတို့ တွေရဲ့လုပ်ငန်းခွင်မှာ မလေးရှားလူမျိုး အပါအဝင် အခြားလူမျိုးစုတွေကို အသုံးပြုရတာထက် မြန်မာအလုပ် သမားတွေကို ပိုပြီး သဘောတွေ့နေတာကြောင့် အလုပ်ရှင်တွေအနေနဲ့ အစိုးရရဲ့ပေါ်လစီအတိုင်း ဆောင်ရွက် သွားဖို့ဆိုတာ တကယ်တမ်းတော့ အရမ်းလွယ်ကူတာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန် မာဒုက္ခသည်တွေဟာ ဒုက္ခသည် အမည်ခံရုံသက်သက် မဟုတ်ဘဲ နိုင်ငံသားတွေ မလုပ်နိုင်ကြတဲ့ အောက်ခြေ သိမ်းလုပ်ငန်းနယ်ပယ်စုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီးတော့ နိုင်ငံရဲ့စီးပွားရေးကို ပံ့ပိုးပေးနေကြသူတွေပါ။ ဒါတွေကို အလုပ်ရှင်အသီးသီးကလည်း သိရှိပြီးသားပါ။ ဒါကြောင့်လည်း မြန်မာဒုက္ခသည်တွေအနေနဲ့ မလေး ရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်သင့် ပါတယ်။ အဲဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်ဆိုတဲ့ လူတန်းစားတရပ်အတွက် တ ဆစ်ချိုး အပြောင်းအလဲတခုကို ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ UNHCR နဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒုက္ခသည်ကိုယ်စားပြု ရုံးတွေနဲ့ သတင်းအချက်အ လက်ဖလှယ်မှုတွေ အမြဲရှိနေကြမယ်ဆိုရင် မလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တရပ်လုံးအတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေပါ ယခင်ကထက် ပိုမို ရရှိလာကြ ပါလိမ့်မယ်။ မြန်မာဒုက္ခသည်တွေအနေနဲ့ ဒီအချက်ကို အထူးသတိပြုစေလိုပါတယ်။ ။

မြန်မာသင်္ဘောသားများ နိုင်ငံတစ်ကာတွင် အနှိမ်ခံနေရ


မြန်မာနိုင်ငံ အခြေစိုက်သင်္ဘောလိုင်းအချို့၏ သင်္ဘောများတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသားများအား လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံသည့် ဖြစ်စဉ်များပိုမို ကြုံတွေ့လာရပြီး ခွဲခြားဆက်ဆံနေသည့် ကုမ္ပဏီမှာ ကိုရီးယားသင်္ဘောလိုင်း အချို့နှင့်ဂျပန်သင်္ဘောလိုင်း အချို့တို့ဖြစ်ကြောင်း သိရသည်။

ကိုရီးယားသင်္ဘောလိုင်း အချို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိသည့် လုပ်ငန်းပိုင်းများတွင် မြန်မာ သင်္ဘောသားများကိုသာ အဓိကပြုလုပ်စေခြင်းများအား လက်ရှိအချိန်တွင် ပိုမိုကြုံတွေ့လာရကြောင်း ယင်းသင်္ဘောလိုင်းများတွင် လုပ်ကိုင်ခဲ့သည့် သင်္ဘောသားများက ပြောပြခဲ့သည်။

“ကျွန်တော်က ကိုရီးယားသင်္ဘောလိုင်း တစ်ခုကနေ သင်္ဘောတက်သွားခဲ့တာပါ။ သင်္ဘောပေါ်မှာ မြန်မာလေးယောက်ပဲ ပါတယ်။ အရာရှိတွေနဲ့ ကျန်သင်္ဘောသားတွေက ကိုရီးယား တွေချည်းပဲ။ လုပ်ငန်းခွင်မှာ သူတို့ကျတော့ လက်အိတ်ကို ရာဘာလက်အိတ်ရော၊ ချည်သားလက်အိတ်ပါ နှစ်ထပ်သုံးတယ်။ ကျွန်တော့်ကျတော့ ဒီလို သုံးခွင့်မရှိဘူးလို့ ပြောတယ်။ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးတော့လည်း မသုံးရဘူး ပြောတယ်။ ကျွန်တော် သည်းမခံနိုင်လို့ ပြန်ဆင်းလာတာ သင်္ဘောပေါ်မှာ ၂၄ ရက် ကြာခဲ့ပါတယ်” ဟု ကိုရီးယား သင်္ဘောလိုင်းတစ်ခု၌ သင်္ဘောတက်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုမင်းမင်းစိုးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ အခြေစိုက် ကိုရီးယား သင်္ဘောကုမ္ပဏီများ၏ ဌာနေ ကိုယ်စားလှယ် အချို့မှာလည်း မိမိကုမ္ပဏီ မှ သင်္ဘောတင်ပေးလိုက်သော မြန်မာ သင်္ဘောသားများနှင့် ပတ်သက်၍ ဖြစ်ပွားလာသော ပြဿနာများအား တာဝန်ယူမှုမရှိခြင်း၊ မြန်မာ သင်္ဘောသားများ၏ ရပိုင်ခွင့်များ နှင့် ပတ်သက်၍လည်း တာဝန်ယူ တောင်းဆိုပေးနိုင်မှု မရှိခြင်း၊ သင်္ဘောကုမ္ပဏီ တာဝန်ရှိသူများက သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား သေဆုံးသည်ကိုပင် မိသားစုဝင်များအား အသိပေးခြင်း မရှိသည်အထိ ပြုလုပ်နေမှုအချို့လည်း ရှိနေကြောင်း သိရသည်။

“ကိုရီးယားနိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ မြန်မာသင်္ဘောသား တစ်ယောက် ရဲ့ အလောင်းပေါ်တာ တွေ့တယ်။ ဘယ်သင်္ဘောက ဘယ်သူဆိုတာလည်း သိကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ရောက်တော့ အဲဒီသင်္ဘော ကုမ္ပဏီက မိသားစုကို ဒီသင်္ဘောသားက ခုန်ဆင်းသွားတယ်၊ ပျောက်ဆုံးသွားတယ်လို့ ပြောထားတယ်လို့ သိရတယ်။ ကာယကံရှင် သင်္ဘောသား သေဆုံးတာကိုတောင် မိသားစုဝင်တွေကို အသိမပေးတဲ့ ဌာနေကိုယ်စားလှယ်ကို မိသားစုဝင် တွေက သက်ဆိုင်ရာအဆင့်ဆင့် ကို တိုင်ကြားမှုတွေ လုပ်ထားတယ်လို့ ကြားတယ်”ဟု ဇွန်လကနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် မြန်မာသင်္ဘောသားက ဆိုသည်။

“ဓာတ်ငွေ့သိုလှောင်ကန်ကို လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုတွေ မလုပ်ဘဲ မြန်မာသင်္ဘောသားကို ဆင်းခိုင်းတယ်၊၊ သူတို့လူမျိုး အချင်းချင်းကျတော့ မခိုင်းဘူး “ ဟု ကိုရီးယား သင်္ဘောလိုင်းတစ်ခုမှ ပြန်ရောက်လာသည့် ဦးခင်မောင်မြင့် ကဆိုပါသည်။

ပြည်တွင်းကနေ ပြည်ပကိုထွက်ခွါ အလုပ်ရှာမှု့တွင် မလေးရှား၊ ထိုင်း၊ စင်္ကာပူအများဆုံးဖြစ်နေ


မြန်မာနိုင်ငံသားများ  ပြည်ပသို့ လေကြောင်း ခရီးစဉ်များဖြင့် လိုက်ပါမှုတွင် ထိုင်း၊ စင်ကာပူနှင့်  မလေးရှားနိုင်ငံတို့က ထိပ်ဆုံး၌ရှိနေကြောင်းနှင့် စင်ကာပူ၊ မလေးရှား  နိုင်ငံခရီးစဉ်များ၌ မြန်မာနိုင်ငံသား များက နိုင်ငံခြားသားထက်  ဦးရေနှစ်ဆခန့်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး  ဌာနမှ ထုတ်ပြန်ထားသော စာရင်း ဇယားများအရ သတင်းရရှိပါသည်။
အဆိုပါဌာနမှ  ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်ထားသော စာရင်းဇယားများအရ ဘန်ကောက်-  ရန်ကုန်ခရီးစဉ်တွင် ခရီးသွားစုစု ပေါင်း ၂၈၀၃၉၈ ဦးလိုက်ပါခဲ့ရာ၌  နိုင်ငံခြားသားဦးရေမှာ ၁၇၃၄၈၅ ဦး၊ မြန်မာနိုင်ငံသားဦးရေမှာ ၁၀၆၉၁၃  ဦးရှိခဲ့သည်။
ထို့အတူ စင်ကာပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား  ၁၃၅၅၆၆ ဦး လိုက်ပါခဲ့ရာတွင် နိုင်ငံခြားသား ဦးရေ ၃၆၇၀၀ ဦးပါဝင်ခဲ့ပြီး  မြန်မာနိုင်ငံသား ၉၈၈၆၆ ဦးပါဝင်ခဲ့သည်။ ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ဖြင့်  စုစုပေါင်း ၆၉၃၆၁ ဦးလိုက်ပါခဲ့သည့်အနက် နိုင်ငံခြားသားဦးရေ ၂၄၂၀၉  ဦးနှင့် မြန်မာနိုင်ငံသား ၄၅၁၅၂ ဦးအသီးသီးရှိခဲ့ကာ စင် ကာပူ၊  မလေးရှားနိုင်ငံ ခရီးစဉ်များသည် မြန်မာနိုင်ငံသား ဦးရေက  နိုင်ငံခြားသားဦးရေထက် နှစ်ဆမှ သုံးဆခန့် ရှိနေသည်ဟု ဟိုတယ်နှင့်  ခရီးသွားရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းဇယားများအရ သိရှိရသည်။
“ပြည်တွင်းကနေ  ပြည်ပကိုသွားတာ တိုးတက်နေပါတယ်”ဟု မြန်မာခရီးသွားဈေးကွက် မြှင့်တင်ရေး  ကော်မတီမှ ဥက္ကဋ္ဌဒေါက်တာ အောင်မြတ်ကျော်က ပြောကြားသည်။
၂၀၀၆  ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းအချို့မှ  ပြည်ပအလည်အပတ် ခရီးစဉ်များကို စတင်စီစဉ်ပေးမှုရှိခဲ့သည်။ ထို့နောက်  ခရီးသွားကုမ္ပဏီ များမှလည်း ပြည်ပအလည်အပတ် ခရီးစဉ်များကို  စီစဉ်ပေးမှုရှိခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်မှာ မြန်မာ  လူမျိုးများအကြား သွားလာလည် ပတ်ရန် စိတ်ဝင်စားမှု အရှိဆုံးခရီးစဉ်  ဖြစ်လာခဲ့သည်။
၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ လာရောက်သည့်  နိုင်ငံခြားသား ခရီးသွားဦးရေမှာ အကြောင်းကြောင်းကြောင့်  လျော့ကျခဲ့သော်လည်း ယင်းအချိန်တွင် နိုင်ငံသားများ စင်ကာပူ နိုင်ငံသို့  Visit Visa  ဖြင့်သော်လည်း ကောင်း၊ ပညာသင်အဖြစ်သော် လည်းကောင်း သွားရောက်မှု  ပိုမိုလာခဲ့သည်။ မလေးရှားနိုင်ငံမှာလည်း Visit Visa  ဖြင့်  သွားရောက်မှုများအပြင် အလုပ်အကိုင် အခွင့်အလမ်း များအတွက် နယ်ဒေသအသီးသီးမှ  လူငယ်လူရွယ် အများစုရွေးချယ်ရာ နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာလူငယ်များ  ပြည်ပသို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထွက်ခွာမှုတွင် စင်ကာပူ၊ မလေးရှား  နိုင်ငံများသည် ထိပ်ဆုံးတွင်ရှိနေပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င်  အခြားသောနိုင်ငံများ သို့ပါ သွားရောက်မှုများရှိနေသည်။  ထိုင်းနိုင်ငံသို့လည်း ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စသည် တို့မှ  တိုင်းရင်းသားများ နယ်စပ်မှ တစ်ဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသည်ဟု  သိရှိရသည်။

ဝီကီလိ ၀က်ဆိုက်က အကုန်ဖွင့်ချလိုက်ပြီ၊ မြန်မာပြည်အကြောင်း အများအပြား ပါဝင်

ဝီကီလိ ၀က်ဆိုက်က အမေရိကန်တို့၏ လျှို့ဝှက်ကြေးနန်း ၂ သိန်းခွဲကျော်ကို သောကြောနေ့က အများပြည်သူကြည့်ရှုနိုင်ရန် အင်တာနက်တွင် ဖော်ပြလိုက်သည်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက ၀ါရှင်တန် နိုင်ငံခြားရေးဌာနထံပေးပို့သည့်စာအများအပြားလည်း ပါဝင်ရာ မာတိကာပင်လျှင် ၃၈ မျက်နှာရှိကြောင်း တွေ့ရသည်။

၂၀၀၂ မှ ၂၀၁၀ ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ထောင်နှင့်ချီသော မြန်မာပြည်ဆိုင်ရာ သတင်းအချက်အလက်များ ဖြစ်သည်။ ၂၀၀၂ ရှေ့ပိုင်း လျှို့ဝှက်စာများလည်း အနည်းငယ် ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီး၊ ညွှန်ချုပ်စသည့် အစိုးရပိုင်းဆိုင်ရာတို့နှင့် တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းများ၊ သံရုံးဝန်ထမ်းတို့ ရရှိသည့် သတင်းများ၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ သတင်းများ ပါဝင်သည်။

ဗုံးကွဲမှု၊ ဗိုလ်ချုပ်ကြီးတို့နှင့်နီးစပ်သည့်လုပ်ငန်းရှင်များ၊ အစိုးရ ခေါင်းဆောင်များ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၊ သူပုန်အဖွဲ့များ၏ အရေးပါသော လှုပ်ရှားမှုများလည်း ပါဝင်သည်။

အချက်အလက် မှတ်တမ်းများ၏ အဆုံးတွင် သံမှူး သို့မဟုတ် နိုင်ငံရေးဌာနတာဝန်ခံ၏ သုံးသပ်ချက်များကို တွေ့ရသည်။

NLD ခေါင်းဆောင်တို့ကို "NLDမှဦးလေးများ" ဟု ဖော်ပြလေ့ ရှိသည်။

ဝီကီလိသည် တရားမ၀င်သည့်နည်းလမ်းများဖြင့် ၎င်းတို့ ရယူထားသည့် အမေရိကန်သံရုံး၏ အတွင်းရေး သတင်းများကို ၂၀၀၉ အောက်တိုဘာလက စတင်ပြီး ဖွင့်ချခဲ့သည်။

သောကြာနေ့က ၀ီကီလိ၏ ထပ်မံ ဖွင့်ချမှုကို အမေရိကန်အစိုးရက ရှုတ်ချလိုက်သည်။ ယခင်က ၀ီကီလိပူးပေါင်းဆောင်ရွက်ခဲ့သည့် သတင်းဌာနကြီးများကလည်း ကန့်ကွက်လိုက်သည်။

The Guardian သတင်းစာကြောင့် အချက်အလက်အားလုံးကို ကြည့်ရှုနိုင်သည့် password ခေါ် ကွန်ပျူတာ လျှို့ဝှက်သင်္ကေတ ပေါက်ကြားသွားသဖြင့် လူတိုင်းကြည့်ရှုနိုင်ရန် ဖွင့်ချလိုက်ခြင်းဖြစ်သည်ဟု ၀ီကီလိက ပြန်လည် တုံ့ပြန်ထားသည်။

ဖွင့်ချလိုက်သည့် လျှို့ဝှက်အတွင်းရေးအများအပြားတွင် အမေရိကန်သံရုံးများကို ဆက်သွယ်သတင်းပေးသူတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များလည်း ပါဝင်နေသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးနှင့် ဆက်သွယ်နေသူများ၊ သတင်းပေးသူများ၏ အချက်အလက်များလည်း ပါဝင်သည်။

ဝီကီလိတွင် တွေ့ရသည့် အစီရင်ခံစာများတွင် UWSA ခေါ် ၀ တိုင်းရင်းသား သူပုန်အဖွဲ့၏ ကိုယ်စားလှယ် ဦးစိုးသန်းနှင့် တွေ့ဆုံစကားပြောမှုလည်း ပါဝင်သည်။

အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသည့် UWSA တွင် တပ်သားအင်အား သုံးသောင်းဝန်းကျင်ရှိပြီး အရံတပ်သား တသောင်းရှိကြောင်း၊
မြေပြင်မှ ဝေဟင်ပစ် လက်နက်များကို ၂၀၀၅ ခုနှစ်ကတည်းက ရုရှမှ ရရှိထားကြောင်း စသည့် ဦးစိုးသန်း၏ ပြောဆိုချက်ကို စာတစောင်တွင် ဖော်ပြထားသည်။

အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ မှတ်တမ်းများအရ UWSA သည် လက်နက်၊ စစ်ရေးသင်တန်း၊ စစ်ရေးဆိုင်ရာ အကြံပေးချက်တို့ကို တရုတ်ပြည်မှ ရသည်ဟုလည်း ထိုစာတွင် မှတ်ချက်ပြုထားသည်။

မန္တလေးတက္ကသိုလ်တွင် ပညာသင်ခဲ့သော ဦးစိုးသန်းက တရုတ်နိုင်ငံတွင်လည်း လေ့ကျင့်သင်ယူမှု ရှိခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးတို့၏လုပ်ငန်းရှင်များအကြောင်းလည်း အမေရိကန်သံရုံးက အထူး ဦးစားပေး စောင့်ကြည့်နေကြောင်းတွေ့ရသည်။ စာတစောင်တွင် လုပ်ငန်းရှင် ဦးတေဇ အခြေအနေ ပျက်နေပြီး တခြားသော ဧရာမလုပ်ငန်းရှင်ကြီးများ ပေါ်ထွက်လာပြီဟု ဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်သက်သည့် ဦးတေဇ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဟု သတင်းရသည်ဟုလည်း စာတစောင်တွင် ရေးထားသည်။

အမေရိကန်သံရုံးနှင့် ပုံမှန် အဆက်အသွယ် ရှိသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပါဝင်ကြောင်း အစီရင်ခံစာများအရ သိရသည်။

ဦးတင်ဦး အကျယ်ချုပ်ကျနေစဉ် ဇနီးဖြစ်သူ ဒေါက်တာ တင်မိုးဝေက ကြုံတွေ့နေရသည့် အခြေအနေများကို သံရုံးသို့ ပြောကြားခဲ့သည်။ "NLD က ဦးတင်ဦးမိသားစုကို လစဉ် ကျပ် ငါးထောင် (၄ဒေါ်လာခန့်) ထောက်ပံ့သည်။
ဂျပန်တွင်နေထိုင်သော သားဖြစ်သူက ဦးတင်ဦး လိုအပ်သည့် ဆေးဝါးများ ပေးပို့နိုင်ရန် သံရုံးက ကူညီစေလိုသည်" ဟု ဒေါက်တာတင်မိုးဝေက ပြောဆိုသည်ဟု ဖော်ပြထားသည်။


ဦးတင်ဦးက စာ အလွန်ဖတ်ပြီး National Geographic နှင့် Irrawaddy မဂဇင်းတို့ကို ကြိုက်နှစ်သက်သည်ဟုလည်း သူက ပြောကြောင်း စာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်



ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ထက် ဧရာဝတီမြစ်ကို အမှီပြုနေတဲ့ ဆန်စပါး စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပြင် ဒေသခံတွေရဲ့ လူမှုရေးကိစ္စ အ၀၀ကို ထိခိုက်စေမယ့်ကိန်း ပိုပြီး များနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူတွေက ပြောကြပါတယ်။ မြန်မာအစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြောင့် နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ လုပ်ကြံ ပြောဆိုချက်တွေပဲ ဖြစ်တယ်၊ ဒီစီမံကိန်းဟာ နိုင်ငံအတွက် စိုးရိမ်စရာ မရှိတဲ့ စီမံကိန်း ဖြစ်တယ်လို့ အခုရက်ပိုင်းတွေအတွင်း အစိုးရ သတင်းစာတွေမှာ တုံ့ပြန် ရေးသားထားတာကို တွေ့ရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံ လက်မှုကဏ္ဍကနေ စက်မှုကဏ္ဍကို အသွင်ကူးပြောင်းရေးအတွက် အဓိက လိုအပ်ချက် ဖြစ်တာမို့ ဧရာဝတီမြစ်ဆုံ၊ မေခ မေလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၈ ခုနဲ့ ပြည်သူလူထုအကျိုး လုပ်ဆောင်နေတာ ဖြစ်သလို ဒီစီမံကိန်းတွေဟာ မြစ်ကြောင်းဆိုင်ရာ ထိခိုက်မှုတွေထက် ကောင်းကျိုးတွေကို ပိုပြီး ရစေတယ်လို့ အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းတွေ ချမှတ်ရာမှာ ပြည်သူလူထု ပါဝင်ဆုံးဖြတ်တာမျိုး မတွေ့ရဘဲ မြစ်ကြောင်းတလျှောက်က ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး တွေ့နေရတယ်လို့ Burma River Network မြန်မာနိုင်ငံ မြစ်ကြောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၁ ဖွဲ့ ပါဝင်တဲ့ ကွန်ရက်အဖွဲ့က မအားနန်က ပြောပါတယ်။
“ဒီစီမံကိန်းတွေမှာ ပြည်သူလူထုတွေရဲ့ ပါဝင် ဆုံးဖြတ်ချက်တွေ မရှိဘူး။ မြစ်ဆုံနေရာ ကချင်ပြည်နယ်မှာ ဆိုးကျိုးတွေ ဖြစ်နေသလို အခုအချိန် မြစ်ဆုံမှာ ရေထုညစ်ညမ်းမှု ဖြစ်နေတယ်။ ဒီ မြစ်ဆုံရေကာတာ ဆောက်မယ်ဆိုတော့ ရွှေ့ပြောင်းရတဲ့ နေရာတွေကို ပြန်လည် နေရာချထားပေးတဲ့ အောင်မြေသာ စံပြကျေးရွာလို့ ပြောတယ်။ တကယ်တမ်း ကျမတို့ တွေ့နေရတာကတော့ ဒုက္ခသည်စခန်းနဲ့ အတူတူပဲ။ သူတို့ရဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူတို့ သေသေချာချာ ရေရေရာရာ မသိဘူး။ နောက်တချက်အနေနဲ့ တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုမှု အပေါ်မှာပဲ မူတည်ပြီးတော့ ဒီရေကို အဖွင့်အပိတ်လုပ်မှာ ဖြစ်တဲ့အတွက် ဒါက မြစ်အောက်ဘက်မှာလည်း စိုးရိမ်စရာ အများကြီးရှိတယ်။”
အခုလို လူမှုရေး၊ စီးပွားရေးသာ မကဘဲ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာမို့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေအတွက် EIA ခေါ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မယ့် တိုင်းတာတွက်ချက်ပြီး ဥပဒေစည်းကမ်း စနစ်တကျ ချမှတ်ဖို့ လိုအပ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပါတယ်။
“Dam တခုဆောက်ရင် Dam အထက်မှာ ရေလွှမ်းမိုးမယ်။ ရေလွှမ်းမိုးရင် ရွာတွေ၊ မြို့တွေ ရေမြုပ်မယ်။ တောတွေလည်း ကုန်မယ်။ အကယ်၍ လူတွေလည်း ရွှေ့ပြောင်းရမယ်။ Dam ရဲ့ အောက်ကျတော့ ရေက မြန်မြန်ဆန်ဆန်ရတာ ရှိမယ်။ အခန့်မသင့်လို့ Dam ကြီး ပြိုကျသွားရင် အောက်ကလူတွေလည်း ရေဘေးဒုက္ခရောက်မယ်။ ရေ Quality ကိုလည်း အများကြီးကို ထိခိုက်သွားမယ်။
“ငါးတွေဘာတွေလည်း ဥလို့ရှိရင် အညာတက်ဥတာ။ Dam ကြီးဆောက်တော့ ငါးတွေဘာတွေ မျိုးတုံးကုန်မယ်။ အကုန်လုံး ပင်လယ်ထဲထိအောင် မြစ်ညာရော၊ မြစ်ကျေရော အကုန်ဒုက္ခရောက်ပြီ။ EIA လုပ်တဲ့ သဘောတရားက အဲဒါတွေပဲ။ သဘာ၀၀န်းကျင်နဲ့ ပတ်သက်ပြီးတော့ Dam တွေ ဆောက်လို့ရှိရင် သူ့ရဲ့ Standard တွေ၊ သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ သူများနိုင်ငံတွေမှာ ဒါတွေက ဥပဒေ ထုတ်ပြီးသား။”
ဧရာဝတီမြစ်ကြောင်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်ပြီး မလုပ်သင့်ဘူးလို့ EIA လေ့လာမှုတွေကနေ ပြောထားကြောင်း သိရတယ်လို့ မအားနန်က ပြောပါတယ်။
“အရင်ကလုပ်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ EIA Report ကျမတို့တွေ့တယ်။ အဲဒီ EIA Report မှာ တရုတ်ပညာရှင်တွေနဲ့ မြန်မာက လေ့လာသုံးသပ်မှု လုပ်ထားတဲ့ နေရာမှာ ပညာရှင်တွေကိုယ်တိုင် ဒီ မြစ်ဆုံ ရေကာတာကို မဆောက်ဖို့ တိုက်တွန်းထားတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဆိုးကျိုးတွေကို ဂရုစိုက်မယ်ဆိုရင် ဧရာဝတီ ရေကာတာကြီးကို မဆောက်ဖို့ ဆိုပြီး သူတို့က အတိအလင်း ပြောထားတဲ့ဟာ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါကိုလည်း သူတို့ ဘယ်တော့မှ ထုတ်ဖော် ပြောတာ မရှိဘူး။ ဒီလို ဖြန့်ဝေတာတွေ မရှိဘူး။”
လျှပ်စစ်ကဏ္ဍနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ထိခိုက်မှုဆိုင်ရာ ဘက်ပေါင်းစုံ လေ့လာဖို့ လိုအပ်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုမျိုး ဖြစ်အောင် ကြိုးစားဖို့ လိုတာပါ။
“ကျောက်မီးသွေးသုံးတာ အဆိုးဆုံးပဲ။ ကျောက်မီးသွေးထက် ဒီဇယ်၊ ဓာတ်ဆီက သက်သာတယ်။ ဒီဇယ်၊ ဓာတ်ဆီထက် ဂက်စ်က သက်သာတယ်။ ဂက်စ်ထက် ရေအားလျှပ်စစ်က သက်သာတယ်။ ဒါမှန်တယ်။ သို့သော်လည်း အဲဒါလုပ်တဲ့အတွက် လူတွေရော၊ သဘာ၀၀န်းကျင်ရော ပျက်စီးတာတွေလည်း ထည့်စဉ်းစားရမယ်။ အဲဒါတွေ မစဉ်းစားဘဲလုပ်တာ အဓိပ္ပာယ်မရှိတဲ့ တိုးတက်မှု ခေါ်တယ်။”
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံသားတွေထက် အိမ်နီးချင်း တရုတ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမှာမို့ မြန်မာ့နောင်ရေးအတွက် ရပ်ဆိုင်းပစ်ဖို့ လိုအပ်ပါတယ်။
“မြစ်ဆုံက ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ယူနန်က လျှပ်စစ်လိုင်းကနေ တဆင့် တရုတ်ပြည်ကို တင်ပို့မယ်လို့ CPI ကုမ္ပဏီက သတင်းတခုမှာ ရေးထားတယ်။ တကယ်တမ်း ရေကာတာဆောက်မယ့် အချိန်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေ ဒီဒေသခံ ပြည်သူလူထုတွေဆီ ရောက်တယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေက လျှပ်စစ်ဓာတ်အားလည်း မရဘူး။ ဒီကနေ အကျိုးအမြတ် ဘာမှလည်း မရဘူး။ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့ဟာတွေလည်း အများကြီးဖြစ်တယ်။ ဒေသခံ ပြည်သူလူထုတွေ ပါဝင်ဆုံးဖြတ်မှု မရှိတဲ့၊ ပြီးတော့ မြန်မာနိုင်ငံ တခုလုံး အနာဂတ်တွေမှာ ဆိုးကျိုးဖြစ်စေမယ့် ဒီလို ကြီးမားတဲ့ ရေကာတာကြီးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေကို တောင်းဆိုချင်တယ်။”
မြစ်ဆုံ ရေအားစီမံကိန်းကို ဆက်ပြီး မလုပ်ဖို့အတွက် မြန်မာအစိုးရကိုသာမက တရုတ်အစိုးရကိုပါ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းမျိုးစုံက တောင်းဆိုမှုတွေ အပြင်းအထန် လုပ်ဆောင်နေတာပါ။