Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

We are Singaporeans



လူမျိုး တစ်မျိုး နှင့် တစ်မျိုး ဘာသာ စကား မတူကြရာတွင် လူမျိုး တစ်ဦးက သူ၏ ဘာသာ စကား မဟုတ်သည့် အခြား ဘာသာ စကားကို ပြောသည့်အခါ အသံထွက် မပီသသည်မှာ ရီစရာ ဖြစ်ကြသည်။ တစ်ခါက ကြည့်ဖူးသည့် မော့(စ်) ၏ ဟာသဇာတ်လမ်း တစ်ခုဖြစ်သည့် “ဝီလိုဝီလို” တစ်ခန်းရပ် ပြဇာတ်တွင် တရုတ်လူမျိုးများ၏ မြန်မာစကား ဝဲသည့်ပုံစံအား ရီစရာ ဟာသလုပ် ပြထားသည်ကို တွေ့ရသည်။ ထို့အတူပင် မြန်မာ လူမျိုးများသည်လည်း မြန်မာအသံထွက်နှင့် တရုတ်လို ပြောမည်ဆိုလျှင် တရုတ်လူမျိုးများ အဖို့ ရီစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ထိုသို့ ဘာသာ စကား မတူသူ တစ်ယောက် အနေဖြင့် မိမိ ကိုယ်ပိုင် ဘာသာ စကားမဟုတ်ဘဲ အခြား ဘာသာ စကားကို ပြောသဖြင့် အသံထွက် မမှန်ဘဲ မှားယွင်းသဖြင့် ရီစရာ ဖြစ်ရသည်မှာ မည်သို့ တတ်နိုင်ပါမည်နည်း။ မိမိကိုယ်ပိုင် ဘာသာစကား ဖြစ်လျှက်နှင့် အသံဝဲပြီး မပီမှသာလျှင် စကားပီပီသသ မပြောတတ်သဖြင့် သရော်စရာ ကောင်းပေလိမ့်မည်။
စင်င်္ကာပူနိုင်ငံတွင် အင်္ဂလိပ်ဘာသာ စကားကို တရားဝင် ရုံးသုံးစကား အဖြစ် သတ်မှတ်ထားသည်။ စင်င်္ကာပူ လူမျိုးတို့မှာ လဲ အချင်းချင်း အင်္ဂလိပ်လို ပြောကြသည်။ သူတို့ကို တရုတ်ပြည်မကြီးက သက္ကရာဇ် ၂၀၀၀တွင် စင်င်္ကာပူသည် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်ကြသည်ဟု ဆိုသည့်အခါတွင် စင်င်္ကာပူက သူတို့သည် တရုတ်လူမျိုးများ မဟုတ်ကြဘဲ၊ စင်င်္ကာပူရီယံများ ဖြစ်ကြပြီး အင်္ဂလိပ်စကား ပြောသူများ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် သူတို့၏ အင်္ဂလိပ်အသံထွက် စကားပြောသည့်ပုံစံသည် အင်္ဂလိပ် သို့မဟုတ် အမေရိကန် လူမျိုးများအတွက် အလွန် ရီစရာ ဖြစ်နေသည်။ သြစတေးလျတွင် စင်င်္ကာပူလူမျိုးများ ရထားပေါ်၊ ဘစ်ကားပေါ်များတွင် အင်္ဂလိပ်လို ပြောနေကြလျှင် သြစတေးလျ လူမျိုး အချို့က ပြုံးစစနှင့် ကြည့်ခြင်းကို ခံကြရသည်။
ကိုယ့်ဘာသာ စကားအစစ်အမှန် မဟုတ်ဘဲ၊ အရှက်ကင်းမဲ့စွာ ကိုယ့်ဘာသာစကား လုပ်နေပြီး ပီပီသသ မှန်မှန် ကန်ကန်လည်း မပြောတတ်သည့် စင်င်္ကာပူ အင်္ဂလိပ်စကား၏ ရီစရာ အသုံးအနှုံးများကို အောက်တွင် ဖော်ပြထားသည့် အတိုင်း အင်္ဂလိပ်လူမျိုးတို့၏ လှောင်ပြောင် သရော်ခြင်းကို ခံနေရတော့သည်။

WHEN GIVING A CUSTOMER BAD NEWS
Britons: I’m sorry, sir, but we don’t seem to have the sweater you want in your size, but if you give me a moment, I can call the other outlets for you.
Singaporean: No stock!

RETURNING A CALL
Britons: Hello, this is John Smith. Did anyone call for me a few moments ago?
Singaporean: Hello, who call huh?

ASKING SOMEONE TO MAKE WAY
Britons: Excuse me, I would like to get by. Would you please make way?
Singaporean: S-kew me..

WHEN SOMEONE OFFERS TO PAY
Britons: Hey! Put your wallet away, this drink is on me.
Singaporean: No need lah.

WHEN ASKING FOR PERMISSION
Britons: Excuse me, but do you think it would be possible for me to enter through this door?
Singaporean: (pointing at the door) Can ah?

WHEN ENTERTAINING
Britons: Please make yourself right at home.
Singaporean: No need shy one lah!

WHEN DOUBTING SOMEONE
Britons: I don’t recall you giving me the money.
Singaporean: Where got?

WHEN DECLINING AN OFFER
Britons: I would prefer not to do that, if you don’t mind.
Singaporean: Don’t want lah.

IN DISAGREEING ON A TOPIC OF DISCUSSION
Britons: Err…Tom, I have to stop you there. I understand where you’re coming from, but I really have to disagree with what you said about the issue.
Singaporean: You mad ah?

WHEN ASKING SOMEONE TO LOWER THEIR VOICE
Britons: Excuse me, but could you please lower your voice? I’m trying to concentrate over here.
Singaporean: Shut up lah!

WHEN ASKING SOMEONE IF HE/SHE KNOWS YOU..
Britons: Excuse me, but I noticed you staring at me for sometime. Do I know you?
Singaporean: See what, see what?

WHEN ASSESSING A TIGHT SITUATION
Britons: We seem to be in a bit of a predicament at the moment..
Singaporean: Die lah!!

WHEN TRYING TO FIND OUT WHAT HAD HAPPENED
Britons: Will someone tell me what has just happened?
Singaporean: What happened ah? Why like that one lah?

WHEN SOMEONE DID SOMETHING WRONG
Britons: This isn’t the way to do it. Here, let me show you.
Singaporean: Like that also don’t know how to do!

အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ ၉၅၀


အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ နှင့် လဲ လှယ်
ရာတွင် ကျပ် ၉၅၀ ရရှိ စေရန် တရားဝင် သတ်မှတ် တော့ မည် ဟု ဘဏ္ဍာ ရေး နှင့် အခွန် ၀န်
ကြီး ဌာန မှ အမည် မဖော်လို သူ အကြီးတန်း အရာ ရှိ တစ်ဦးက ပြောကြားသည်။
တကယ်တမ်း တွင် မူ အမေရိကန် ဒေါ်လာ တန်ဖိုး ကျဆင်းနေခြင်း ကြောင့် သာ မြန်မာ ကျပ်
ငွေ တန်ဖိုးမာ နေခြင်း ဖြစ်ပြီး အမေရိကန် ငွေကြေး ဈေးနှုန်း ပြန်လည် မြင့် တက် ပါက မြန်
မာ ကျပ် ငွေ မှာ ၉၅၀ ထက်မက ပြုတ် ကျ အုံး မည် ဖြစ်သည်။
၂၀၀၆ ခုနှစ်က အမေရိကန် တစ်ဒေါ်လာ နှင့် လဲလှယ်ရာတွင် မြန်မာ ကျပ် ငွေ မှာ စံချိန် တင်
ဈေးတက် ခဲ့ ပြီး ၁၄၃၀ အထိ ဖြစ် ခဲ့ သည်။
ဒေါ်လာ ဈေးနှုန်း ကျဆင်း နေခြင်း ကြောင့် မြန်မာ နိုင်ငံ ၏ ပြည်ပ ပို့ ကုန် များ မှာ လည်း ထိ
ခိုက် လျှက် ရှိ ပြီး အချို့  ပို့ ကုန် ဈေးကွက် များ မှာ ရပ် နားထား ရသည်။
လတ်တလော ငွေကြေး ဈေးကွက် ဉ် အမေရိကန် တစ်ဒေါ်လာ မှာ မြန်မာ ကျပ်ငွေ ၇၅၀ ပေါက်
ဈေး ရှိ သည်။ FEC ဟု ခေါ် သည့် အမေရိကန် တစ်ဒေါ်လာ နှင့် ညီမျှ သည့် ငွေ စက္ကူ ကို မြန်မာ
နိုင်ငံ တော် ဗဟို ဘဏ်က ပြန် သိမ်းတော့ မည် ဟု သတင်း များ လည်း ထွက် ပေါ် နေသည်။
မြန်မာ ကျပ်ငွေ နှင့် နိုင်ငံခြား ငွေ လဲလှယ် နှုန်း ကို အကူအညီ ပေး ရန် အတွက် IMF မှ ကျွမ်း
ကျင် သူ များ မြန်မာ နိုင်ငံ သို့  စက်တင်ဘာ လ တွင် ရောက်ရှိ မည် ဖြစ်သည်။

မြောက်ကိုရီးယား က ဟက်ကာ ၃၀၀၀ ကျော် မွေးထုတ် နိုင်ခဲ့



မြောက်ကိုရီးယား နိုင်ငံ က ကွန်ပျူတော တွေ ကို ဖောက်ထွင်း ၀င်ရောက် မွှေနှောက် ပြီး အချက်
အလက် တွေ ယူကာ ဖျက် ဆီး သွား တတ်တဲ့ ကွန်ပျူတာ ဟက် ကာတွေ ကို မွေးထုတ် နေပြီး
အခုဆို ရင် ကမ္ဘာ့ အဆင့် မှီ ဟက်ကာ ၃၀၀၀ လောက် ရှိတယ် လို့  မြောက်ကိုရီးယား ကနေ တောင်
ကိုရီးယား နိုင်ငံ ကို  ဘက်ပြောင်း ခိုလှုံ လာတဲ့ ကွန်ပျုတာ စောရ သမား နှစ်ဦး က အယ်(လ) ဂျာဇီး
ယား သတင်း ဌာန ကို ပြောပါတယ်။
နိုင်ငံ ရဲ့  ပညာ ရေး စနစ် က တော့ ဓားမ နောက် ပိတ် ခွေ ဖြစ်နေပေမယ့် ကွန်ပျူ တာ ထူး ချွန်သူ
တွေ ကို တော့ ငယ်ငယ် ကတည်း ကျောင်း တွေ ကနေ လေ့ လာ စုံစမ်း ပြီး ငယ်စဉ် ကတည်းက
သင်ကြား ပေး ခဲ့တာ လို့  ဆိုပါတယ်။
တောင်ကိုရီးယား သို့ ထွက် ပြေးလာသူများ အနက် ကင်ဟွမ်ကောင်း သည် မြောက်ကိုရီးယား အ
စိုးရ၏ လှို့ ဝှက် ဆိုင် ဘာ တိုက် ခိုက် ရေး အထူး ယူနစ် ဖြစ် သည့် Unit 121 တွင် တာဝန်ထမ်းဆောင်
မည့် သူများ ကို လေ့ကျင့် သင်ကြားပေး ရသည့် တက္ကသိုလ် ပါမောက္ခ တစ်ဦး ဖြစ်ပြီး ကိုယ်တိုင် လည်း
ဆိုင် ဘာ တိုက် ခဲ့ ရေး သမား တစ်ဦး ဖြစ်သည်။
ကင်က မြောက် ကို ရီးယား အစိုး ရ ၏ ဟက် ကာ စုဆောင်း ပုံ ကို ပြောပြရာတွင် နိုင်ငံ တ၀ှမ်း ရှိ
အထက်တန်း ၊ အလယ်တန်း ကျောင်း များ မှ ကွန်ပျူတာ၊သင်္ချာ နှင့် စနစ်စီမံ မှု ဆိုင်ရာ  ထူးချွန်
သည့် ကျောင်းသား များ ကို စုဆောင်း ပြီး Kim Il Sung University, Kim Chaek University of
Technology နှင့်Hamheung College စသည့် မြောက် ကို ရီးယား ရှိ ထင် ရှား သော ကျောင်းများ
တွင် အစိုးရ စရိတ် ဖြင့် ပညာ သင်ကြားပေး ပြီး ထူးချွန်မှု ရှိသည့် ကျောင်းသား များ ကို တရုတ် နှင့်
ရုရှား တို့  တွင် ပညာ သင်ယူစေသည် ဟု ထုတ် ဖော်ပြောကြား ခဲ့သည်။
Unit 121 သည် မြောက် ကို ရီးယား အစိုး ရက အထူး အခွင့် ရေး ပေး ခံထား ရသည့် အဖွဲ့ ဖြစ် ပြီး
လတ် တလော ဆိုင် ဘာ တိုက် ခိုက် မှု များ အတွက် တာဝန် ရှိ သည် ဟု သူက ထုတ် ဖော် ပြော
ကြား ခဲ့သည်။
မြောက်ကိုရီးယား မှ ဆိုင် ဘာ တိုက် ခိုက်မှု ကျွမ်းကျင် သူများ သည့် အခြား နိုင်ငံများ သို့  နှစ်စဉ်
ထွက်ပြေး ခို လှုံကြပြီး  အသက် ၆၂ နှစ် ရှိ ကင် သည် လည်း ထွက် ဘက် ပြောင်း ခိုလှုံ သူများ ထဲ
မှ အဆင့် မြင့် ဆုံး သူ တစ်ဦး ဖြစ်သည်။
သူက မြောက် ကို ရီးယား အစိုးရ ကို စွန့် ခွာ လာရ သည့် အကြောင်း ကို အယ်(လ)ဂျာဇီးယား ရုပ်
သံ ကို ပြောပြ ချက် များ ကို အောက် တွင် ထုတ် နှုတ် ဖော်ပြထားသည်။
“First, cybermilitary strength is cost effective. With the North’s deteriorating economic
situation, it cannot compete with South Korea or the US in building conventional military
army, naval or air forces.
“Grooming prodigies, deploying them, setting up internet, buying programmes, and providing
conditions for them to operate in China or another third country is considerably cheaper than
buying new weapons or fighter jets which cost hundreds of millions of dollars,” Kim said.
“Second, North Korea is extremely confident of its software development capabilities, as
cracking passwords within a secured system and finding patches within networks are all
based on mathematical capabilities.
“Third, cyberstrength provides higher utility than any other naval, air, or army force. A state
may possess tens of thousands of foot soldiers or hundreds of jets - but rarely would be able to
use them, “especially in this day and age”.
“But cybermanpower – once you have that established you can steal any classifed information
from enemy states, incapacitate their servers and cause social panic through psychological
warfare. It’s high in utility in terms of creating different types of confusion and chaos – and
that is cyberwarfare’s biggest merit,” said Kim.
“Fourth, cyber warfare is asymmetrically advantageous for the North. None of its servers are
yet connected to the internet, which makes it immune to cyberattacks. But South Korea and
other enemy countries, or any other country for that matter, will undergo major chaos if their
computer system were to crash. For this very reason North Korea is fascinated with cyberwarfare.”
“Finally, North Korea has recognised the internet’s inherent weakness from its very inception
in the mid-1990s. It realised that, as long as it maintained an attack network, it could easily
hack into strategic targets with considerable speed. That’s why they were driven to aggressively
engage China in military exchanges to quickly build up a cyberforce of 500 hackers.

တရုတ်၏ ဟက်ကာ တိုက်ခိုက်မှု အား FBI က စုံစမ်းပြီ




ဒယ်နီယလ် ကိန်း၊                   ၊ဗုဒ္ဓဟူးနေ့က ဂူဂယ်မှ Gmail သုံးစွဲသူ တရုတ်နိုင်ငံရေးလှုပ်ရှားသူများ၊
အမေရိကန်နှင့် အာရှနိုင်ငံအချို့မှ အစိုးရအရာရှိများ၊ အမေရိကန် သမ္မအိမ်ဖြူတော် မှ ၀န်ထမ်းများ
၏ Gmail Password များကိုရယူရန် နှင့် ၄င်းတို့၏ Email Account  များကို စောင့်ကြည့်ရန်အတွက်
ထိုးဖောက်လာသည့် ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုတခုကို ထောက်လှမ်း သိရှိခဲ့ပြီး ဟန့်တားခဲ့ရသည်။ ဂူဂယ်လ်ကုမ္ပဏီမှ ဆိုင်ဘာသူလျှိုတိုက်ခိုက်မှု၏ အဓိကပစ်မှတ်သည် အာရှတိုက်နိုင်ငံအချို့၏ အစိုးရအရာရှိများ
၊ အမေရိကန်အရပ်ဘက်နှင့်စစ်ဘက်မှ ထိပ်တန်းအရာရှိများနှင့်ဂျာနယ်လစ်များ၏ Gmail Account များဖြစ်
သည်ဟု ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှခါတိုင်းလိုပင်ြ
ငင်းပယ်လိုက်သည်။ ဂူဂယ်လ်
ကုမ္ပဏီမှ တရုတ်အစိုးရကို တိုက်ရိုက်မစွပ်စွဲသော်လည်း ဤတိုက်ခိုက်မှုသည် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်
နယ်၏မြို့တော်ဖြစ်သည့် ကျီနန်မြို့ မှဖြစ်သည်ကိုဖေါ်ထုတ်ခဲ့သည်။
ဂူဂယ်မှ ထိုးဖောက်တိုက်ခိုက်ခံခဲ့ရသည့် Gmail User များနှင့် သက်ဆိုင်ရာအစိုးရများသို့ အသိပေးအကြောင်း
ကြားခဲ့သည်။
အိမ်ဖြူတော်မှ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး အစီရင်ခံစာများအရ စုံစမ်းစစ်ဆေးနေကြောင်းနှင့်
အမေရိကန်အစိုးရအရာရှိများ၏ Gmail A­ccount 
များ ထိုးဖောက်ခံရခြင်းမရှိဟုယုံကြည်ကြောင်း ပြောကြား
ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI)
မှ ယခုဖြစ်ရပ်အား စုံစမ်းစစ်ဆေးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

အမှန်မှာ ပြည်တွင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားဖော်ထုတ်ဖမ်းဆီးရန်လည်းကောင်း၊ နည်းပ
ညာနှင့်စီးပွားရေးအရ အနောက်နိုင်ငံများနှင့်မယှဉ်နိုင်သည့်အတွက် တရုတ်အစိုးရနှင့်တရုတ်စစ်ဘက်မှ
အဓိကပံ့ပိုးမှုပေးသည့် တရုတ်ဟက်ကာများအား  နိုင်ငံတကာရှိအစိုးရများနှင့်ကုမ္ပဏီကြီးများ၏ သတင်း
အချက်အလက် မှတ်တမ်းများ၊ အစိုးရအရာရှိများနှင့်စစ်ဘက်အရာရှိများ၊ ကုမ္ပဏီကြီးများ၏အရာရှိများ၊
ပြည်တွင်းပြည်ပဂျာနယ်လစ်များ၊ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်သည့် တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ
စသူတို့၏ အီးမေးလ်အကောင့်များကို ဦးတည်၍တိုက်ခိုက်စေပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊
ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် Email Password များ
ကို ခိုးယူလေ့ရှိသည်။ တချီတွင်
ဂျာမနီအစိုးရ၏ သတင်းအချက်အလက်များ ခိုးယူရန်အတွက် တရုတ်မှဆိုင်ဘာသူလျှိုတိုက်ခိုက်မှုလုပ်ခဲ့ရာ
အလွန်ဒေါသထွက်သွားသည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်မှ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်အား ချက်ချင်းဖုန်းဆက်၍ ပြစ်တင်ကန့်ကွက်ခဲ့သည်အထိဖြစ်ခဲ့ဘူးသည်။
တရုတ်နိုင်ငံ၏သူလျှိုများမှအမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက်သတင်းအချက်အလက်ခိုးယူမှုများကို အရှိန်မြှင့်
လုပ်ဆောင်လာကာ ယင်းအချက်အလက်တို့အား တရုတ်စစ်ရေးနှင့်စီးပွားရေးတည်ဆောက်ရာတွင် အသုံးပြုနေခြင်းနှင့်
ပတ်သက်၍ အမေရိကန်အကြံပေးပညာရှင်အဖွဲ့တစ်ခုဖြစ်သော
အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ
ပြန်လည်စိစစ်ရေးကော်မရှင်
(US-China Economic and Security Review Commission) မှ ၂၀၀၉ ခုနှစ် နိုဝင်
ဘာလတွင် ထုတ်ပြန်သောအစီရင်ခံစာ၌ှ သတိပေးခဲ့ဘူးသည်။



အဆိုပါသတိပေးအစီရင်ခံစာတွင် တရုတ်ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုသည် ပိုမိုပြင်းထန်၍ အဆင့်မြင့်လာနေကြောင်း
ကို ဖေါ်ပြထားခဲ့သည်။ တရုတ်နိုင်ငံသည်၎င်း၏ သူလျှိုလုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းကှို လမ်းကြောင်းပြောင်း
လာနေကြောင်း ၎င်းအကြံပေးအဖွဲ့၏ဥက္ကဌ ကယ်ရိုလင်းဘာသိုလိုမြူ
(ယခင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးအရာရှိ နှင့် အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေး
ဆိုင်ရာ ကော်မတီအဖွဲ့ဝင်)
မှတရားဝင်ပြောကြားခဲ့သည်။



အမေရိကန်စစ်ဘက်အထက်တန်းအရာရှိ ဗိုလ်မှူးကြီးဂေရီမက်အလမ် မှ ၂၀၀၈ ခုနှစ် အတွင်း အမေရိကန်ကာကွယ်ရေး
ဝန်ကြီးဌာန၏ ကွန်ယက်စနစ်အတွင်းသို့နှောင့်ယှက် ထိုးဖောက်မှု အကြိမ်ပေါင်း ၅၄၆၄၀ ခန့်ရှိခဲ့၍ ၂၀၀၇ ခုနှစ်နှင့်နှိင်း
ယှဉ်လျှင် ၂၀% မြင့်တက်လာ၍ယခုနှစ် (၂၀၀၉) တွင် အလားတူဖြစ်ရပ်မျိုး ၆၀% ထပ်မံ မြင့်တက်လာမည်ဟု မျှော်လင့်
ရကြောင်း ၎င်းအကြံပေးအဖွဲ့အား အသိပေးပြော ကြား ခဲ့သည်။ ၎င်းသတိပေးအစီရင်ခံစာတွင် ဤထိုးဖောက်မှုများအားလုံးသည် တရုတ်နိုင်ငံမှမဟုတ်သော်လည်း အဓိကလက်သည်မှာ တရုတ်နိုင်ငံဖြစ်ကြောင်း ရှင်းလင်းစွာဖေါ်ပြထား၍၊ တရုတ်၏အာကာသဆိုင်ရာနည်းပညာပိုင်းကို တိုးတက်မှူရရှိစေခဲ့သည့် နည်းပညာသူလျှိုမှု  ၂ ခု ကိုလည်း ဖေါ်ထုတ်ထားသည်။

အမေရိကန်ပြည်ထောင်စုလွှတ်တော် အားတင်ပြခဲ့သည့် စာမျက်နှာ (၃၆၇) ပါ ၎င်းအစီရင်ခံစာတွင် ကျယ်ပြန့်၍ယုံကြည်စိတ်
ချရသည့် မှုခင်းဆိုင်ရာအထောက်အထားအချက်အလက်များမှ ယင်းဆိုင်ဘာသူလျှိုတိုက်ခိုက်မြှု
ဖစ်ရပ်များတွင် တရုတ်အစိုးရ၏ပါဝင်ပတ်သက်နေမှုကို အခိုင်အမာဖေါ်ပြနေကြောင်း ဤအကြံပေးပညာရှင်အဖွဲ့မှထောက်ပြထားခဲ့သည်။ ဝါရှင်တန်အခြေစိုက်တရုတ်သံရုံး၏ပြောရေးဆိုခွင့်ရှိသူ ၀မ်ပေါင်းတောင် မှမူ ဤသတိပေးအစီရင်ခံစာပါ သူလျှိုလုပ်ငန်း
လုပ်ဆောင်မှု များနှင့်ပတ်သက်၍ အခြေအမြစ်မရှိပဲ၊ မခိုင်မာသည့် အကြောင်းမဲ့စွပ်စွဲမှုများသာ ဖြစ်သည်ဟုပြော၍ ထုံးစံ
အတိုင်းငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစဉ်ကာလသတင်းအချက်အလက်ခိုးယူအမြတ်ထုတ်မှုများသည် အဓိကအားဖြင့် အမေရိကန်နိုင်ငံရှိ စစ်ရေးပစ်မှတ်များ၊  ပြည်ပရောက်တရုတ်အတိုက်အခံအဖွဲ့အစည်းများ နှင့်သက်ဆိုင်သော ထောက်လှမ်းရေးဆိုင်ရာသတင်း
အချက်အလက်များ ပေါ်တွင် အာရုံထားလေ့ရှိကြောင်းနှင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်စစ်ဖြစ်လျှင် အမေရိကန်တပ်များ ဒေ
သတွင်း ဝင်ရောက်လာခြင်းမှ ပိတ်ဆို့ဟန့်တားနိုင်ရန်ရည်ရွယ်၍ တရုတ်ရေတပ် (PLAN) အား တိုးချဲ့တည်ဆောက်နေကြောင်း
တို့ကိုလည်း ၎င်းတွင်ဖေါ်ပြထားသည်။ အဓိကအမေရိကန်နိုင်ငံရေးပါတီကြီးနှစ်ခုမှ အကြံပေးပညာရှင်အဖွဲ့ဝင် (၁၂) ဦး ဖြင့်ဖွဲ့ထားသောအဆိုပါကော်မရှင်အား ကြီးထွားနေသော အမေရိကန်-တရုတ် ကုန်သွယ်ရေးမှ ဖြစ်ပေါ်လာမည့် နိုင်ငံရေး
သက်ရောက်မှုများအား အသေးစိတ်စိစစ်ရန်အတွက် ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးနှင့်စီးပွားရေးကိစ္စရပ်များ၊ နည်းပညာများ၊ သယံဇာတနှင့်တွင်းထွက်ပစ္စည်းများနှင့်ပတ်သက်၍ ၄င်း၏အကျိုးစီးပွားကို
သာရှေးရှု၍
ဂုဏ်သိက္ခာကိုအလေးမထားပဲ တကိုယ်ကောင်းဆန်ဆန်နိမ့်ကျစွာ ပြုမူဆောင်ရွက်လေ့ရှိသည့်အတွက် တရုတ်နိုင်
ငံအား
ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ အစရှိသည့် ဒီမိုကရေစီထွန်းကားသောနိုင်ငံများ၊ ယုတ်စွအဆုံး ၄င်း၏လက်အောက်ခံဒေသများဖြစ်သည့် ဟောင်ကောင်၊ မကာအို၊ တိဘက်၊ စင်ကျန်၊ မွန်ဂိုးလီးယားအစရှိသည့်ဒေသများမှပင်လိုလားခြင်းမရှိကြပါ။ မြန်မာနိုင်ငံတွင်လည်း မြန်မာပြည်သူများမှ နှစ်မြို့ခြင်းမရှိကြပဲ ယခုချိန်တွင် တရုတ်ရေတပ်သင်္ဘော
များဆိုက်ရောက်လာနေပြီး တရုတ်ကုမ္ပဏီလုံခြုံရေးအကြောင်းပြပြီး တရုတ်စစ်တပ်များပင် ၀င်ရောက်တပ်စွဲတော့မည်
အထိဖြစ်လာနေပြီဖြစ်ပါသည်။  မြန်မာ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများကိုဆက်စပ်၍ ပုလဲသွယ်မဟာဗျူဟာ
(String of Pearls Strategy) ဖြင့် အိန္ဒိယသမုဒ္ဒရာတွင်း
ရေကြောင်းစိုးမိုးမှုရယူရန်ကြိုးပမ်းခြင်း၊ တောင်တရုတ်ပင်လယ်ကို ၄င်းပိုင်နက်ဟုသတ်မှတ်ထားပြီး စပရက်တ်လီကျွန်းများနှင့် ပါရာဆယ်ကျွန်းများကို လက်အုပ်ကြီးအုပ်၍ မြေအောက်သယံဇာ
တများကိုရယူရန်ကြိုးစားနေခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ပဋ္ဋိပက္ခအသွင်ဆောင်နေ၍ ကြိုကြားကြိုကြား တိုက်ပွဲငယ်များဖြစ်ပွားခဲ့ရာမှ ဒေသတွင်းနိုင်ငံများမှ တရုတ်ရေတပ်၏ အန္တရာယ်ကို ကာကွယ်ရန်အတွက်
သြစတြေးလျနှင့်
အိန္ဒိယအပါအ၀င် အရှေ့တောင်အာရှနိုင်ငံအချို့မှ
၎င်းတို့၏ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် အပြိုင်အဆိုင်အားထုတ်လာခဲ့ကြ
ရပြီဖြစ်သည်။
Daniel Kane
Ref: China Rejects Gmail Spying Claims, China Steps up Cyber-spying on US

ပြည်တော်ဝင် လိုသူများ လိုက်နာရမည့် စည်းကမ်း ချက် များ ကို မကြာခင် ထုတ်ပြန်မည် ဟု ဆို (ဗီဒီယို)


 ပထမ ဦးဆုံး ပြန်လာ သူ ဆယ်ဦး ကို
ငွေကျပ် သိန်းတစ်ထောင်၊ ဆဲလ်ဖုန်း တစ်လုံး၊ မော်တော်ကား ပါမစ် နှင့် အခြား ခံစား ခွင့် များ
ပေး မည် ဟု သတင်း ရရှိ သည်။

၁၉၉၈ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံ များ တွင် ရောက်ရှိ နေသည့်
မြန်မာ နိုင်ငံသားများ ပြစ်မှု ကျုးလွန် ခဲ့ခြင်း မရှိ လျှင် မြန်မာ နိုင်ငံ တွင်း မှာ ပြန်လည် အခြေချ
နေထိုင် ခွင့် ပြုမှာ ဖြစ်ကြောင်း ဒီနေ့ နေ ပြည်တော်မှာ စီးပွားရေး လုပ်ငန်း ရှင် တွေ နဲ့  တွေ့ 
ဆုံ ရာမှာ ပြောကြား ခဲ့ ပါတယ်။
အခုလို ပြည်ပရောက် မြန်မာ နိုင်သား တွေ ပြည်တွင်း ပြန်ဝင် နိုင် ဖို့  ဖိတ်ခေါ်တာ ဟာ နိုင်ငံ တော်
တိုးတက်ရေး မှာ အတူ တကွ ပါဝင် နိုင်ဖို့ အတွက် လို့  ဆိုပါတယ်။ သူ့ ရဲ့  ပြောဆိုချက် ကို မြန်မာ့
ရုပ်မြင်သံကြားက ထုတ်လွှင့် သွား ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် အခု လို ပြည်ပရောက် မြန်မာ တွေ ပြန်လာ ဖို့  ဖိတ် ခေါ်တာ ဟာ မြန်မာနဲ့  အိမ်
နီးချင်း နိုင်ငံ အိန္ဒိယ မှာလူထု လှုပ်ရှား မှု တွေ စတင် ချိန် မှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ခွင့်လွှတ်လောက်တဲ့ ပြစ်ဒဏ် ဆိုရင် လျှော့ပေါ့ ပေးမှာ ဖြစ်ပြီး အရမ်းဆိုးရွား
တဲ့ ပြစ်ဒဏ် ဆိုရင် တော့ အချို့ အ၀က် ကို ကျခံ ရမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သူက ပြောကြား
ရာမှာ အချင်းချင်း မညီညွတ်မှု ကြောင့် အရင် က အိမ် နီးချင်း နိုင်ငံ တွေ ထက် ပိုပြီး ကြွယ်ဝ သွား
ခဲ့ ပေမယ့် အခု တော့ ကျော်ဖြတ် သွား ခဲ့ ပါပြီ လို့  ပြောခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့  ဒီနေ့  ပြောဆိုမှု ကို နိုင်ငံ ရေး အရ ဝေဖန်မှု တွေ ရှိ နေပြီး ဥပဒေ ကြောင်း
အရ လည်း တရား မ၀င် ဘူး လို့  ပြောဆိုကြပါတယ်။

သမ္မတ ဦးသန်းစိန် ၏ မိန့် ခွန်း နှင့် ပတ်သက်ပြီး ဥပဒေ ပညာရပ် ဖြင့် အသက်မွေး ၀မ်းကျောင်း ပြု
ခဲ့ ဖူးသည့် နိုင်ငံ ရေး အကျဉ်းသား တစ်ဦးက ” သူပြောတာ တရား မ၀င်ဘူးလေ၊ ဒါလွတ်ငြိမ်း ချမ်း
သာခွင့် လည်း မဟုတ် ဘူး ပိုပြီး တော့ တရားဝင် ဖြစ် အောင် လွှတ်တော် က နေ အတည် ပြုပေး
ဖို့ လိုတယ်၊ သမ္မတ လွှတ်တော် ကို ကျော်ကျော် ပြီး လုပ်နေတယ် ဆိုတာ အရမ်း မလေး စားရာ
ရောက်တယ် ” လို့  ပြောပါတယ်။

ဒီနေ့ သမ္မတ ရဲ့  မိန့် ခွန်း ကို ဖိတ်ကြား ထား တဲ့ သတင်း ထောက် တွေ တက် ရောက် နိုင်ပေမယ့်
မေးခွန်း မေးမြန်း ခွင့် တော့ မရ ခဲ့ ပါဘူး။

ဒီနေ့ တွေ့ ဆုံ မှု မှာ ယခင်က ကန့် သတ် မှု တွေ လုပ်ခြင်း ခံထားရတဲ့ နာရေး ကူညီမှု အသင်း နဲ့  နာ
ဂစ် ဒေသ မှာ အကူအညီပေး နေတဲ့ အဖွဲ့  အစည်း တစ်ချို့  လို မျိုး ပါဝင်ပါတယ်။

ဒီတွေ့ ဆုံ ပွဲ ကို တက်ရောက် ခဲ့ သူ တစ်ဦးက တော့ ရာထူးက နှုတ်ထွက် ဖို့  ဖိအား ပေး ခံ နေရတယ်
လို့  သတင်း ထွက် နေတဲ့ ပြန်ကြားရေး နဲ့  ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း ကို လည်း တွေ့ ခဲ့တယ်
လို့  ဆိုပါတယ်။

ကနဦး ကတော့ ဒီနေ့  တွေ့ ဆုံ မှု မှာ ဒေါ်အောင်ဆန်း စုကြည် ကို ပါ ဖိတ်ကြား မယ် လို့  သတင်း
တွေ ထွက်ပေါ် ခဲ့ ပေမယ့် တရား ၀င် ဖိတ်ကြား ခဲ့ ခြင်း မရှိ ပါဘူး။

ပူတာအို အကျဉ်းထောင် မှာ အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းဇော် ရဲ့  မိသား စု
ဝင် တစ်ဦးက တော့ ” နိုင်ငံ ရေး အကျဉ်းသား တွေ ကို ပြန်လွှတ် ပေးတဲ့ သတင်း မျိုး ကို ပဲ မျှော်လင့်
တောင့် တ နေတယ် ” လို့  ပြော ပါတယ်။

၁၉၆၂ ခုနှစ် က နိုင်ငံ တော် အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း ဟာ အထွေထွေ လွတ်ငြိမ်း
ချမ်းသာ ခွင့် ကို တရား ၀င် ထုတ် ပြီး ကြေငြာ ကာ တောထဲ ရောက် နေတဲ့ သူ တွေ ကို ပြန် လည်
ဝင်ရောက် ဖို့  ခွင့် ပြု ခဲ့ ပေမယ့် နောက် ပိုင်း မှာ အကြောင်း အမျိုး မျိုး နဲ့  ပဲ ဖမ်းဆီး ခဲ့ ပါတယ်။

ယခင် မြန်မာ စစ်အစိုးရ ရဲ့  မတရား မှု တွေ ကြောင့် နိုင်ငံရေး၊ စီးပွား ရေး နဲ့  လူမှု ရေး အရ အပြင်
အများ အကျိုး သယ်ပိုး တဲ့ အတွက် ပါ ပြည်ပ ကို ရှောင်တိမ်း လာတဲ့ သူတွေ ရှိ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ကြေငြာချက် ကို ပြည်ပ ရောက် နေတဲ့ နိုင်ငံ ရေး အင်အား စု တွေ က ဝေ
ဖန်ကြပါတယ်။