Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts

အိမ်မြေပိုင်ဆိုင်ခွင့်ရှိ နိုင်ငံခြားများ အား စင်ကာပူသားများ မကျေနပ်

 
PropertyGuru သုတေသနက ပြုလုပ်သော စစ်တမ်းလေ့လာချက်အရ ၆၆% သော စင်ကာပူသားများက နိုင်ငံခြားသားများစင်ကာပူတွင် အိမ်မြေ၀ယ်ယူခြင်းကို ဆန့်ကျင်ကြ ကြောင်း ဖေါ်ပြသည်။ အစိုးရ၏ နိုင်ငံခြားသား အား အရေးပေးသော ဥပဒေကြောင့် တိုင်းခြားသားများအိမ်မြေ ပိုင်ဆိုင်လာခြင်းကို လွန်ခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုဆန့်ကျင်လာကြကြောင်းသိရသည်။ သို့သော နိုင်ငံခြားသားများ အိမ်မြေပိုင် ဆိုင်ခြင်း ဆိုသော အယူအဆ သည် အမျိုးသား ရေး နိုင်ငံရေးရာများနှင့် ဆက်စပ်နေသည့် အရေး ကိစ္စဖြစ်သည်။ စင်ကာပူရှိ မြေယာပိုင်ဆိုင်မှုသည် ဂုဏ်သိက္ခာနှင့်သက်ဆိုင်နေ၍ စင်ကာပူ သားများသာ ရထိုက်သည်ဟု ယုံကြည်နေကြေသည်။ သို့သော အဆိုပါ နိုင်ငံခြားသားများက ပြည်တွင်း စီးပွားရေး တွင် တန်ဖိုးရှိ သော ရင်းနှီးမြုပ်နှံသူများဖြစ်နေ၍ ကိုယ်ပိုင် အိမ်ယာနှင့် မြေကို စင်ကာပူတွင်ပိုင်ဆိုင်လိုကြသည်။နိုင်ငံခြားသားများအနေဖြင့် စင်ကာပူ တရားရေး ၀န်ကြီးဌာန၏ ခွင့် မပြု သမျှ အိမ်မြေ ၀ယ်ယူခွင့်မရှိဟု သတ်မှတ်ထားသည်။ ၀ယ်လိုသောနိုင်ငံခြားသားများအနေနှင့် သတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီမှသာ တရားရေးဝန်ကြီးဌာနက ခွင်ပြုချက်ပေးပါသည်။ ၀ယ်ယူမည့် အိမ် မြေတွင် PR ရရှိထားသူများ သာ နေထိုင်ရခြင်း၊ ၀င်ငွေမြင့်မားခြင်း၊ သက်မွေးဝမ်းကြောင်းပညာ တက်မြောက်ခြင်း ၊ အလုပ်အကိုင်အတွေ့အကြုံရှိခြင်း၊ နှင့် ပုဂ္ဂလိက နှင့် အစိုးရ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသူဖြစ်ခြင်း စသော တင်းကျပ်သည့် စည်းကမ်းများကို ချမှတ်ထားသည်။ထို့ပြင် ၃နှစ်အတွင် တဆင့်ပြန်လည်ရောင်းချခြင်းမပြုရန် နှင့် စတုရန်းမီတာ ၁၅၀၀၀ထက် ကျော်လွန်ခြင်းမရှိရ ဟု သတ်မှတ်ထားသည်။သို့သော နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများကို အထူးဆွဲဆောင်ထားသော ဆန်တိုဆာ ပင်လယ်အော် ၌ သာ အထူးသတ်မှတ်များဖြင့် ဘန်ဂလို နှင့် မြေကွက်များကို ၀ယ်ယူခွင့်ပြုထားသည်။

Singapore ကွန်ဒိုများ ဘဏ်ချေးငွေဖြင့် ဝယ်လို့ရပြီ

 




စင်ကာပူနိုင်ငံရှိ အဆင့်မြင့် အိမ်ရာများအား မြန်မာကျောင်းသားမိဘ အချို့ ဝယ်ယူလာကြပြီး နှစ် ၃ဝ ဆပ်ရမည့်ချေးငွေကို အတိုးနှုန်း သက်သာစွာ စီစဉ်ပေးမည့်ဝန်ဆောင် မှုများ ပါဝင်လာကြောင်း စင်ကာပူ နိုင်ငံ ERA အေဂျင်စီမှ ဈေးကွက် ဒါရိုက်တာ မမေသူက ပြောသည်။

စင်ကာပူနိုင်ငံတွင် ယင်းကဲ့သို့ အိမ်ရာများ ဝယ်ယူလိုပါက နိုင်ငံသားဖြစ်ရန် မလိုသည့်အပြင် ပထမ အရစ်အနေဖြင့် တန်ဖိုး၏ ၂ဝ ရာ ခိုင်နှုန်းကို Far East ဆောက်လုပ်ရေးသို့ ပေးသွင်းရမည်ဖြစ်သည်။

ကျန်ရှိသော၈ဝရာခိုင်နှုန်းကိုအတိုးနှုန်း သက်သာစွာဖြင့် အများဆုံး နှစ် ၃ဝ အထိ ပြန်ဆပ်ရသော ချေးငွေရရှိရန် စင်ကာပူရှိ UOB ဘဏ်က စီစဉ်ပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

”ကျွန်မတို့ အေဂျင်စီက စင်ကာပူမှာရှိတဲ့ ရောင်းမယ့်အိမ်တွေကို iPad မှာ အကုန်ထည့်လာတယ်။ ဝယ်သူတွေ စင်ကာပူသားကြည့်စရာမလိုဘဲ ရွေးချယ်နိုင်အောင်ပါ။ ကွန်ဒိုတစ်ခုကို ကြိုက်ပြီဆို စကြည့် တဲ့အချိန်ကနေ UOB ဘဏ်ကနေ ချေးငွေရရှိဖို့အထိ တာဝန်ယူပေးပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ ERA အေဂျင်စီ၊ UOB ဘဏ်နှင့် Far East ဆောက်လုပ်ရေးတို့ ပူးပေါင်း၍ စင်ကာပူ နိုင်ငံမှ ထိပ်သီးအိမ်ရာရောင်းဝယ်ရေး ဈေးကွက် ဆွေးနွေးပွဲကို ၂ဝ၁၁ ခု၊ စက်တင်ဘာ ၃ ရက်တွင် ကုန် သည်ကြီးများဟိုတယ်၌ ကျင်းပခဲ့ ရာ ၄င်းအစီအစဉ်များအား ရှင်းလင်းခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ကွန်ဒိုများအား နိုင်ငံသားများအဖြစ် တရုတ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ မှ ကျောင်းသားမိဘအချို့ ဝယ်ယူမှုများရှိနေကြောင်းလည်း ၄င်းက ပြောသည်။ UOBဘဏ်မှ ငွေချေးရာတွင် မိမိ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုပြရန်မလိုဘဲ မည်သည့်လုပ်ငန်းလုပ်ကိုင်နေသည်ကိုသာ ပြရမည်ဖြစ်သည်။

ချေးယူထားသောငွေကို ၂ နှစ်အတွင်း ပြန်ဆပ်လိုက ဆပ်နိုင်ပြီး စင် ကာပူဒေါ်လာ ၂ သိန်းကိုမူ မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း ၄င်း က ထပ်လောင်းဆိုသည်။ ၄င်းကွန်ဒိုများ၏ အနိမ့်ဆုံး ဈေးမှာ စင်ကာပူဒေါ်လာ ၁ မီလျံ မှ အမြင့်ဆုံး ၃ဝ မီလျံအထိရှိ ကြောင်း သိရသည်။

”ကွန်ဒိုတစ်လုံးမှာ အခန်းတွေ အများကြီး ပါပါတယ်။ ဒီအခန်းတွေ ပေါ်မူတည်ပြီးတော့ စင်ကာပူအစိုးရက အခွန်ကောက်တယ်။ ကိုယ်ပိုင်နေရင် ၄ ရာခိုင်နှုန်း၊ အိမ်ငှား မယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း နှစ်စဉ် ပေးရပါတယ်” ဟု ၄င်းက ဆက် လက်ပြောသည်။

၎င်း အေဂျင်စီအနေဖြင့် အဆိုပါ ဆွေးနွေးပွဲမျိုးကို မြန်မာနိုင်ငံ၌ ၆ လ တစ်ကြိမ် ပြုလုပ်သွားရန်စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ဒေါ်ဥမ္မာတင်မောင် (ရန်ကုန်) ဝ၉ ၅၁၅၁၃၂၃ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

Singapore တွင် Foreign လုပ်သားများအတွက် လစာတိုးမြှင့် လိုက်သော်လည့်း မြန်မာအလုပ်သမားအများစု အကျိုးခံစားခွင့်မရရှိ


စင်ကာပူတွင်  နိုင်ငံခြားသား လုပ်သားများအတွက် လစာတိုးမြှင့် လိုက်သော်လည်း  အလုပ်လုပ်ကိုင်နေသည့် မြန်မာအများစု အကျိုးခံစားခွင့်မရရှိကြောင်း စင်ကာပူ  တွင် S-Pass ဖြင့် ၂ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့်  အင်ဂျင်နီယာအမျိုးသမီးတစ်ဦးက ပြောသည်။
’ကုမ္ပဏီသေးတွေကတော့  လုပ်ချင်တာလုပ်လို့ရတယ်။ လစာတွေက အစိုးသတ်မှတ်တဲ့အတိုင်း GIO အကောင့်ထဲကနေ  တရားဝင်ထည့်ပေးရတော့ တိုးပေးတဲ့အတိုင်း သူတို့ပေးပေမယ့်လည်း လစာထုတ်ပြီးရင်  ကုမ္ပဏီကို ပြန်လွှဲပေးရမှာပဲ’ဟု ၄င်းအမျိုးသမီးက ပြောသည်။ မြန်မာနိုင်ငံမှ  အမျိုးသမီးအမျိုးသားငယ်အများစုသ​ည် စင်ကာပူတွင် အလုပ်ရရှိရန်အတွက်  ဘွဲ့ရပညာတတ်အနေဖြင့် သွားရောက်ကာ S-Pass,Employment Pass တရားဝင်  အလုပ်လျှောက်ထားကြရာ အလုပ်ရရှိရေး လွယ်ကူစေရန် ကုမ္ပဏီများနှင့်  ညှိနှိုင်းသဘောတူ စာချုပ် ချုပ်ဆိုရာတွင် အစိုးရသတ်မှတ်နှုန်းထက်လျှော့၍  ရယူပြီး လုပ်ကိုင်ပါမည်ဟု ကတိပြုချုပ်ဆိုခဲ့မှုများသည် ၂ဝဝ၈  စီးပွားအပျက်ဂယက် နောက်ပိုင်းတွင် စတင်ခဲ့သည်ဟု စင်ကာပူရှိ  မြန်မာအများစုထံမှ သိရသည်။
”တစ်ဖက်ကအစိုးရက တိုးပေးတယ်ဆိုပေမယ့်လည်း  အချို့ကုမ္ပဏီတွေက တခြား တစ်ဖက်က အကျိုးခံစားခွင့်ကို  ပြန်လျှော့လိုက်တာရှိတယ်။ ဥပမာ – အချိန်ပိုကြေးတို့၊ အပိုဆုကြေးတို့ပေါ့။  များသောအားဖြင့်တော့ အလယ်အလတ်တန်းစား ကုမ္ပဏီတွေက အဲဒါတွေကိုလုပ်ကြတယ်”ဟု  Engineering ကုမ္ပဏီတစ်ခုတွင်လုပ်နေသည့် မြန်မာအင်ဂျင်နီယာ တစ်ဦးကသူ၏  အမြင်ကိုပြောသည်။
စင်ကာပူရောက် အသက် ၂၄  နှစ်အရွယ်ရှိစာရင်းကိုင်တစ်ဦးက​လည်း…”ဒီလကုန်စရမယ်လို့တော့  သိရတယ်။စင်ကာပူမှာ မေလမှာ ရွေးကောက်ပွဲရှိလို့ လစာတွေ တိုးမယ်လို့  ဆုံးဖြတ်ခဲ့တာ။ ”အဓိကကတော့ လစာတိုးတာထက် (Levy) အခွန်ပါလိုက်တိုးတော့  မြန်မာတွေအလုပ်ရဖို့ တော်တော်ခက်ခဲလာတယ်”ဟု လစာတိုးခြင်း အပေါ်  သုံးသပ်ပြောကြားသည်။
Spass ဖြင့် စင်ကာပူစားသောက်ဆိုင်တစ်ဆိုင်၌  Supervisorအဖြစ် လုပ်သက် ၂ နှစ်ရှိ အမျိုး သမီးကလည်း  ”အလုပ်လျှောက်တာရခဲ့တယ်။ Spass နဲ့ သတ် မှတ်ထားတာ ၁၈ဝဝ ဆိုပေမယ့် ၁၅ဝဝ နဲ့  လုပ်ဖို့ သဘောတူခဲ့တယ်။ GIO အကောင့်ထဲကို အစိုးရသတ်မှတ်နှုန်းအတိုင်း သူက  ၁၈ဝဝ ထည့် ပေး ပေမယ့် လစာထုတ်ပြီးတိုင်း သူ့ကို ၃ဝဝ ပြန်လွှဲပေးရတယ်။  အခုလစာတိုးပေမယ့်လည်း ဒီပုံအတိုင်းပဲ ကျွန်မတို့ ပြန်လွှဲပေးရမယ်လို့  သိထားတယ်”ဟု ပြောသည်။
စင်ကာပူအစိုးရသည် ယခုလ ၁ ရက်မှစပြီး  စည်းမျဉ်းအသစ်ကို စတင်ခဲ့ရာ Spass အတွက် အခြေခံလစာ ၁၈ဝဝ မှ ၂ဝဝဝ သို့  လည်းကောင်း၊ EP အမျိုးအစား များဖြစ်သည့် Q1, P2,နှင့် P1 အတွက် ဒေါ်လာ ၂၈ဝဝ၊  ၄ဝဝဝ နှင့် ၈ဝဝဝ အထိ အသီးသီး တိုးမြှင့်သွားမည်ဖြစ်ကြောင်း  အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Gan Kim Yoongက ပါလီမန်တွင်  ပြောကြားသွားခဲ့ကြောင်း စင်ကာပူသတင်းစာများက ဖော်ပြသည်။
ထိုလစာတိုးမှုနှင့်ပတ်သက်၍လည်း  စင်ကာပူရောက် မြန်မာ ကွန်ပျူ တာပညာရှင်တစ်ဦးကလည်း  ”စရိတ်စကတွေကြီးထွားလာလို့ တိုးပေးတာလည်းဖြစ်နိုင်တယ်။  အိမ်သုံးရေမီးစရိတ်တွေကလည်း အရင်ကထက်နှုန်းထားတွေ ပိုပြီး တက်လာတယ်။ အဲဒီ  စရိတ်စကကြီးလာတာကြောင့် တချို့ကုမ္ပဏီတွေက အခြေခံလစာကို  တိုးပေးလာတာဖြစ်မှာပါ။ ဒါပေမဲ့ အကုန်လုံးတော့ တိုးတယ်လို့ မထင်မိပါ  ဘူး”ဟုသူ့အမြင်ကိုပြောသည်။လစာတိုးမြှင့်လိုက်သည့် စည်း  မျဉ်းသစ်နှင့်ပတ်သက်၍ နိုင်ငံခြား သားအလုပ်သမားဝန်ထမ်းများနှင့်  ပြည်တွင်းကျွမ်းကျင်အလုပ်သမား ဝန်ထမ်းများအကြား အလုပ်ရရှိမှုအတွက်  ယှဉ်ပြိုင်မှုများရှိလာမည်ကို စင်ကာပူအစိုးရသစ်အနေဖြင့်  ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာတွင် နိုင်ငံခြားသား ကျွမ်းကျင်သူများကို မူ  တံခါးပိတ်၍ မဖြစ်နိုင်ကြောင်း ၄င်းတို့က သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု  စင်ကာပူသတင်းစာတို့က ဖော်ပြသည်။
”နိုင်ငံခြားသား အလုပ်သမား  နည်းသွားအောင် အစိုးရအနေနဲ့ လောလောဆယ်လုပ်ပြတာပေါ့။  နိုင်ငံခြားသားခန့်မယ်ဆိုရင်Spa​ss, Employment Passလျှောက်မယ်ဆိုရင်  လစာရင်း ပိုပေးရမယ်ဆိုပြီး သတ်မှတ် တဲ့ သဘောကတော့ အလုပ်ရှင်ဘက်က  တိုးမပေးချင်ရင် နိုင်ငံခြားသား ခန့်တာနည်းသွားမယ်လို့ တွက်ပြီး  လုပ်လိုက်ပုံရပါတယ်။ အစိုးရအနေနဲ့ သတင်းစာတွေမှာ နိုင်ငံသား ပထမဆိုတဲ့  မူဝါဒတွေ ပေါ်ပေါ် ထင်ထင် ပြောဆိုရေးသားလာတာ သတိထားမိပါတယ်” ဟု စင်ကာ ပူရောက်  ကွန်ပျူတာပညာရှင်က အစိုးရ၏ မူဝါဒပေါ်တွင် သုံးသပ် ပြောကြားခဲ့သည်။

We are Singaporeans



လူမျိုး တစ်မျိုး နှင့် တစ်မျိုး ဘာသာ စကား မတူကြရာတွင် လူမျိုး တစ်ဦးက သူ၏ ဘာသာ စကား မဟုတ်သည့် အခြား ဘာသာ စကားကို ပြောသည့်အခါ အသံထွက် မပီသသည်မှာ ရီစရာ ဖြစ်ကြသည်။ တစ်ခါက ကြည့်ဖူးသည့် မော့(စ်) ၏ ဟာသဇာတ်လမ်း တစ်ခုဖြစ်သည့် “ဝီလိုဝီလို” တစ်ခန်းရပ် ပြဇာတ်တွင် တရုတ်လူမျိုးများ၏ မြန်မာစကား ဝဲသည့်ပုံစံအား ရီစရာ ဟာသလုပ် ပြထားသည်ကို တွေ့ရသည်။ ထို့အတူပင် မြန်မာ လူမျိုးများသည်လည်း မြန်မာအသံထွက်နှင့် တရုတ်လို ပြောမည်ဆိုလျှင် တရုတ်လူမျိုးများ အဖို့ ရီစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ထိုသို့ ဘာသာ စကား မတူသူ တစ်ယောက် အနေဖြင့် မိမိ ကိုယ်ပိုင် ဘာသာ စကားမဟုတ်ဘဲ အခြား ဘာသာ စကားကို ပြောသဖြင့် အသံထွက် မမှန်ဘဲ မှားယွင်းသဖြင့် ရီစရာ ဖြစ်ရသည်မှာ မည်သို့ တတ်နိုင်ပါမည်နည်း။ မိမိကိုယ်ပိုင် ဘာသာစကား ဖြစ်လျှက်နှင့် အသံဝဲပြီး မပီမှသာလျှင် စကားပီပီသသ မပြောတတ်သဖြင့် သရော်စရာ ကောင်းပေလိမ့်မည်။
စင်င်္ကာပူနိုင်ငံတွင် အင်္ဂလိပ်ဘာသာ စကားကို တရားဝင် ရုံးသုံးစကား အဖြစ် သတ်မှတ်ထားသည်။ စင်င်္ကာပူ လူမျိုးတို့မှာ လဲ အချင်းချင်း အင်္ဂလိပ်လို ပြောကြသည်။ သူတို့ကို တရုတ်ပြည်မကြီးက သက္ကရာဇ် ၂၀၀၀တွင် စင်င်္ကာပူသည် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်ကြသည်ဟု ဆိုသည့်အခါတွင် စင်င်္ကာပူက သူတို့သည် တရုတ်လူမျိုးများ မဟုတ်ကြဘဲ၊ စင်င်္ကာပူရီယံများ ဖြစ်ကြပြီး အင်္ဂလိပ်စကား ပြောသူများ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် သူတို့၏ အင်္ဂလိပ်အသံထွက် စကားပြောသည့်ပုံစံသည် အင်္ဂလိပ် သို့မဟုတ် အမေရိကန် လူမျိုးများအတွက် အလွန် ရီစရာ ဖြစ်နေသည်။ သြစတေးလျတွင် စင်င်္ကာပူလူမျိုးများ ရထားပေါ်၊ ဘစ်ကားပေါ်များတွင် အင်္ဂလိပ်လို ပြောနေကြလျှင် သြစတေးလျ လူမျိုး အချို့က ပြုံးစစနှင့် ကြည့်ခြင်းကို ခံကြရသည်။
ကိုယ့်ဘာသာ စကားအစစ်အမှန် မဟုတ်ဘဲ၊ အရှက်ကင်းမဲ့စွာ ကိုယ့်ဘာသာစကား လုပ်နေပြီး ပီပီသသ မှန်မှန် ကန်ကန်လည်း မပြောတတ်သည့် စင်င်္ကာပူ အင်္ဂလိပ်စကား၏ ရီစရာ အသုံးအနှုံးများကို အောက်တွင် ဖော်ပြထားသည့် အတိုင်း အင်္ဂလိပ်လူမျိုးတို့၏ လှောင်ပြောင် သရော်ခြင်းကို ခံနေရတော့သည်။

WHEN GIVING A CUSTOMER BAD NEWS
Britons: I’m sorry, sir, but we don’t seem to have the sweater you want in your size, but if you give me a moment, I can call the other outlets for you.
Singaporean: No stock!

RETURNING A CALL
Britons: Hello, this is John Smith. Did anyone call for me a few moments ago?
Singaporean: Hello, who call huh?

ASKING SOMEONE TO MAKE WAY
Britons: Excuse me, I would like to get by. Would you please make way?
Singaporean: S-kew me..

WHEN SOMEONE OFFERS TO PAY
Britons: Hey! Put your wallet away, this drink is on me.
Singaporean: No need lah.

WHEN ASKING FOR PERMISSION
Britons: Excuse me, but do you think it would be possible for me to enter through this door?
Singaporean: (pointing at the door) Can ah?

WHEN ENTERTAINING
Britons: Please make yourself right at home.
Singaporean: No need shy one lah!

WHEN DOUBTING SOMEONE
Britons: I don’t recall you giving me the money.
Singaporean: Where got?

WHEN DECLINING AN OFFER
Britons: I would prefer not to do that, if you don’t mind.
Singaporean: Don’t want lah.

IN DISAGREEING ON A TOPIC OF DISCUSSION
Britons: Err…Tom, I have to stop you there. I understand where you’re coming from, but I really have to disagree with what you said about the issue.
Singaporean: You mad ah?

WHEN ASKING SOMEONE TO LOWER THEIR VOICE
Britons: Excuse me, but could you please lower your voice? I’m trying to concentrate over here.
Singaporean: Shut up lah!

WHEN ASKING SOMEONE IF HE/SHE KNOWS YOU..
Britons: Excuse me, but I noticed you staring at me for sometime. Do I know you?
Singaporean: See what, see what?

WHEN ASSESSING A TIGHT SITUATION
Britons: We seem to be in a bit of a predicament at the moment..
Singaporean: Die lah!!

WHEN TRYING TO FIND OUT WHAT HAD HAPPENED
Britons: Will someone tell me what has just happened?
Singaporean: What happened ah? Why like that one lah?

WHEN SOMEONE DID SOMETHING WRONG
Britons: This isn’t the way to do it. Here, let me show you.
Singaporean: Like that also don’t know how to do!