General softwares download

Flash Song လုပ်နည်းအသေးစိတ်
ဒေါင်းလုပ်ချရန်

Download

VeryPDF Software

ကျွန်တော်ဒီနေ့ PDF ဖိုင်တွေကို နက်ကနေ Free Download တွေချတဲ့အခါမှာ တစ်ခါတစ်လေ PDF ဖိုင်တွေမှာ Password တွေခံထားတာမျိုး ကြုံရတတ်ပါတယ်။ တစ်ချို့ Software တွေကျတော့လည်း Password ကိုကျော်လို့တော့ ရလိုက်တယ်။ ဒါပေမယ့် ကျော်ပီးလို့ ထွက်လာတဲ့ ဖိုင်ထဲက စာတွေကိုဖတ်လို့မရတာတွေ တစ်ခါတစ်လေ တွေ့ကြုံရတတ်ပါတယ်။ နောက်တစ်ခုက တစ်ခြားဆော့ဝဲ တစ်ခုခုနဲ့ PDF Pssword ကိုကျော်လိုက်တယ်။ ရလာတဲ့ PDF ကို Word ဖိုင်တွေပြောင်းတဲ့အခါ စာတွေက Word ပြောင်းလို့မရတာတွေ မပေါ်တာတွေ ဖြစ်တတ်ပါတယ်။ အယ့်လို အခြေအနေမျိုးတွေ ကြူံလာခဲ့ရင် ဒီ VeryPDF Software လေးကို သုံးကြည့်လိုက်ပါ။ PDF မှာရှိတဲ့ Password တွေကို တစ်ခါတည်းကျော်ပြီး Word ဖိုင်ပါ တစ်ခါတည်း ပြောင်းလို့ရစေပါတယ်။ အသုံးတည့်လို့ အသုံးလည်းလိုမယ်ထင်လို့ ဝေမျှလိုက်ပါတယ်။ အားလုံးအဆင်ပြေပါစေ။

အောက်က ပုံပေါ်ကို Click ပေးပြီ ဒေါင်းပါ။

 

Photoshop CS5


AdobePhotoshop CS5 လေးပါ။ သုံးဖူးတဲ့သုံးနေကျ သူငယ်ချင်းများအတွက်ရော မသုံးရသေးတဲ့ မသုံးဖူးတဲ့ သူငယ်ချင်းများအတွက်ပါ တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်ပါဘူး။ ဒါကြောင့်အသုံးပြူနည်း ကိုတော့မရှင်းပြတော့ပါဘူး။ အသုံးပြူနည်း လမ်းညွန်စာအုပ်လေးကိုတော့ စကားဝါမြေဆိုဒ်ကနေ ဒေါင်းပီး တင်ပေးလိုက်ပါတယ်။ လုပ်ချင်တဲ့ သူငယ်ချင်းများအတွက် အဆင်ပြေအောင်လို့ပါ။ ဘာကီးမှမတောင်းလို့ စိတ်ချလက်ချသုံးလို့ရအောင် တင်ပေးလိုက်တာပါ။ အားလုံးအဆင်ပြေကြပါစေ။

Part1

Part2

Part3

Part4

Part5

Part6

စာအုပ်
 

PDF Editor

PDF ဖိုင်တွေကို ဖတ်ရူရုံတင် မဟုတ်ဘဲ မိမိမှတ်သားချင်တာ တွေကိုပါ ထင်ထင်ရှားရှား မှတ်သားနိုင်ဖို့ အတွက် PDF Editor လေးပါ။ သူ့ရဲ့အဓိက အားသာချက်ကတော့ Adobe reader မရှိဘဲနဲ့ PDF ဖိုင်တွေကို ဖတ်နိုင်ပါတယ်။ မိမိစိတ်ကြိုက် ပြင်ဆင်တည်းဖြတ် နိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ Microsoft Word နဲ့ Paint Function နှစ်ခုစလုံးကို အသုံးပြူနိုင်တဲ့ သဘောပါ။ ဆော့ဝဲရမ်းပြီး အသုံးပြူလို့ ရသလို Portable အနေနဲ့လည်း အလွယ်တကူ အသုံးပြူလို့ရအောင် နှစ်မျိုးစလုံး ဝေမျှလိုက်ပါတယ်။ တကယ်လိုအပ်သလို အသုံးလည်းတည့်လို့ ဝေမျှလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

SETUP
PORTABLE

FastCopy ဆိုတာ


ကျွန်တော်ဒီနေ့ Files တွေကို copy လုပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်စေဖို့ Fastcopy ဆိုတဲ့ Software လေးတင်ပေးလိုက်ပါတယ်။ ပုံတွေကို Copy လုပ်တဲ့အခါ မသိသာပေမယ့် Movie တွေကို လုပ်တဲ့အခါမှာတော့ တော်တော်လေးသိသာပါတယ်။ အင်မတန်မှကို မြန်ဆန်ပါတယ်။ စက်ထဲမှာ Run ပြီး သုံးလို့ရသလို portable အနေနဲ့လည်း USB တွေထဲမှာ ထည့်ပြီး သုံးလို့လည်းရပါတယ်။ Right Click မှာ fastcopy ဆိုတဲ့ function လေးကို ထည့်ပြီးတော့ အသုံးပြူလို့လည်း ရပါတယ်။ Right Click မှာထည့်ချင်ရင်တော့ Option >> Shell Extension ကနေသွားပြီး install လုပ်ပေးလိုက်တာနဲ့ Right Click မှာFunction လေးပါလာဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် folder တွေကို တစ်ခါတည်း Fastcopy လုပ်နိုင်ပါတယ်။ Fastcopy ချင်ရင်တော့ Fastcopy ကိုသာ သုံးလိုက်ပါတော့ သူငယ်ချင်းတို့ရေ။ 32bit နဲ့ 64bit နှစ်မျိုးလုံးအတွက် တင်ပေးထားပါတယ်။

32 Download
64 Download

0 comments:

Post a Comment

Thankyou for visiting my site.