![](http://cache.blippitt.com/wp-content/uploads/2010/01/brad-pitt-angelina-jolie-manila-philippines.jpg)
ဘရက်ပစ်တ်နှင့်အန်ဂျလီနာဂျိုလီ တို့လက်ထပ်မည်ဆိုသော သတင်း များနှင့်ပတ်သက်ပြီး နာမည်ကျော်ဟောလီးဝုဒ်စုံတွဲ၏ ကိုယ်စားလှယ်က ငြင်း ဆန်ခဲ့သည်။“ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာခိုင်လုံတဲ့သက်သေ အထောက် အထားမှရှိမ နေပါဘူး ဟုဂျိုလီနှင့်ပစ်တ်တို့၏ ကိုယ်စားလှယ်က ပြောကြား
သွားသည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ပစ်တ်နှင့်ဂျိုလီတို့သည် (၆) နှစ်ကြာ ချစ်သူ ဘ၀ဖြင့်နေထိုင် လာမှုမှ တစ်ဆင့်တက်ရန်စီစဉ်နေပြီဟု သတင်း များက ဖော်ပြခဲ့ကြသည်။ ထိုအတောအတွင်း ယင်းတို့နှစ်ဦးသည် မွေးစား ကလေးငယ်(၃)ဦးအပါအ၀င် သားသမီး(၆)ဦးထိ ရရှိခဲ့သည်။ ပစ်တ်၏ကိုယ် စားလှယ်က လက်ရှိတွင် ပစ်တ်ရော၊ ဂျိုလီပါ အလုပ်ထဲတွင် နစ်မြုပ်နေပြီး လက်ထပ်ရန်ကိစ္စကိုမစဉ်းစားဖြစ်သေးကြောင်း ပြောကြားသွားသည်။ ပစ်တ် သည် ၽႊသမူိ ၽႊေမ ဇ ဇာတ်ကားအတွက် လက်တလောတွင် ဥရောပသို့ ရောက်ရှိနေသည်။ ထို့အပြင် သြညနပဘေူနှင့် ဃသါညေ’ျွှမေိန ဇာတ် ကားများအတွက် ဏမသာသအငသည ပြုလုပ်ရန်လည်း ပစ်တ်မှာ အလုပ် များလျက် ရှိနေသည်။ ဂျိုလီမှာ မိသားစုနှင့်အတူ ပစ်တ်၏ရိုက်ကွင်းရှိရာ မော်လ်တာသို့ ကလေးများနှင့်အတူ သွားရောက်လည်ပတ်ပြီး မကြာသေးမီကမှ လော့စ်အန်ဂျလိစ်သို့ပြန်ရောက်လာခဲ့သည်။ ဂျိုလီသည်လက်ရှိတွင် ဟန်ဂေရီသို့သွားရောက်ကာ ရုပ်ရှင် ဇတ်ကား ရိုက် ကူးရန် စီစဉ်နေကြောင်း သိရှိရသည်။
0 comments:
Post a Comment
Thankyou for visiting my site.