နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်

နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်


နေလုံးကြီးသည်ပုံမှန်မဟုတ်သောလှုပ်ရှားဆီသို့ ဦးတည်နေသောကြောင့် ကမ္ဘာမြေသည် ဆယ်နှစ်အတွင်းရေခဲခေတ်အငယ်စားတစ်ခုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်းသိပ္ပံပညာရှင်များက ဇွန်လ(၁၅)ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၀ပြည့်နှစ်နောက်ပိုင်းတွင် ကမ္ဘာကြီးပူ နွေးလာမှု ကို လျှော့ချနိုင်သည့် ရလဒ်များရလာဖွယ်ရှိပြီး ယင်းအချိန်၌ပင် နေလုံးကြီး၏ အချို့နေရာများ ပျောက် ကွယ်လာဖွယ်ရှိသည်ဟုဆိုသည်။ နေလုံးကြီး၏ အချို့နေရများ ပျောက်ကွယ် လာမှုသည်ဆယ်စုနှစ်တစ်ခုအတွင်း၌ပင် ဖြစ်ပေါ်လာနိုင်သည်ဟုဆိုသည်။ နေပွက်ကြီး များဖြစ်ပေါ်မှုက ကမ္ဘာမြေရှိဂြိုလ်တု ဆက်သွယ်ရေးလိုင်း များနှင့် ဓာတ်အားလိုင်း များကို နှောင့်ယှက်ဖျက်ဆီးနိုင်ပြီး ယင်းနေပွတ်ကြီးများကြောင့် နေလုံးကြီး၏ အချို့နေရာများ ပျောက်ကွယ်သွား လိမ့်မည်ဟု ဆိုသည်။ ယင်း နောက်နေလုံးကြီး၏အချို့နေရာများတွင် အပူချိန် လျှော့ကျကာကမ္ဘာကြီးသည် ရေခဲခေတ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အ မျိုးသားနေလေ့လာရေးအဖွဲ့မှ ဖရန့်ဟေးခေါင်းဆောင်သောသုတေသနအဖွဲ့ က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၂နှစ်တွင်တစ်ခါနေလုံးကြီး၏ သံ လိုက်စက်ကွင်းပြင်းအားသည် မြောက်မှတောင်သို့ရွေ့လျားလေ့ရှိသဖြင့် ၁၁ နှစ်လျှင်တစ်ခါနေပွက်ကြီးများဖြစ်ပေါ်တတ်သည်ဟုဆိုသည်။ နေလုံးကြီးသည် (၁၁)နှစ်ကြာစက်ဝိုင်းတွင်လေးနှစ်ကြာခန့်နေပွက်အနည်းငယ်မျှသာဖြစ်ပေါ်ပြီး ငြိမ်သက်နေတတ်သည်ဟုဆိုသည်။ သိပ္ပံပညာရှင်များက ၂၀၂၀ပြည့်နှစ်တွင် နေပွက်အလွန်အမင်းများပြားမှုစတင်ဖြစ်ပေါ်ပြီး နေ၏အချို့နေရာများဆုံးရှုံးရ မှုကိုရင်ဆိုင်ရမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

0 comments:

Post a Comment

Thankyou for visiting my site.