iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း
Facebook ပြောရေး ဆိုခွင့်ရှိသူ၏ အပြောအရ Hotz ကို ၎င်းတို့၏ ကုမ္ပဏီမှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်းနှင့် မည်သည့် အချိန်တွင် အလုပ် စဆင်းမည်နှင့် ကယ်လီဖိုးနီးယား အခြေစိုက် ၎င်းတို့ ကုမ္ပဏီတွင် မည်သည့် နေရာမှ တာဝန်ယူမည် ဆိုသည်နှင့် ပတ်သက်ပြီး ပြောကြားရန် ငြင်းဆန်ခဲ့သည်။
Hotz မှာ i Phone အား ပထမဆုံး တရားဝင် ဟက် ပြခဲ့သူတစ်ဦးလည်း ဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလက ၎င်းနှင့် ဆိုနီ ဂိမ်း PS 3 တို့၏ အမှုမှာ တရားဝင် ကြေအေးခဲ့သည်။ ဆိုနီမှာ Hotz အား ၎င်းတို့၏ ဂိမ်းများကို တရားမဝင် ကစားစေနိုင်ရန် ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလမှ စတင်ကာ အွန်လိုင်း တိုက်ခိုက်မှု ခံခဲ့ရသည့် ဆိုနီတို့၏ PlayStation ကွန်ယက်မှာ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး အပြည့်အဝ ပြန်လည် အသုံးချနိုင်ပြီ ဖြစ်သည်။
iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း
ဝါရှင်တန်။ ။ ဂျပန်နိုင်ငံမှ ဆိုနီဂိမ်း PS3 ကို အွန်လိုင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် တရားစွဲဆို ခံခဲ့ရသည့် အမည်ဝှက် GeoHot ခေါ် George Hotz အား Facebook မှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။
0 comments:
Post a Comment
Thankyou for visiting my site.