ဒေါ်လာ ၁.၆ ဘီလီယံ အထိ ဖေ့စ်ဘုတ်ခ် ဝင်ငွေ နှစ်ဆတိုး ရရှိ
၂၀၁၁ ခုနှစ်၏ ပထမ နှစ်ဝက် အတွင်း အသားတင် ဝင်ငွေမှာ ဒေါ်လာ သန်း ၅၀၀ ခန့် အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။ Reuters သတင်း ဌာနသို့ သတင်း အရင်းအမြစ် တစ်ခုမှ ပြောရာ၌ လူမှုရေး ကွန်ရက် ဆိုက်ဖြစ်သည့် Facebook အနေဖြင့် ယခုနှစ်ဝက် အတွင်း ဝင်ငွေ ၁.၆ ဘီလီယံ အထိ နှစ်ဆတိုး ရရှိခဲ့ကြောင်း ပြောခဲ့သည်။
ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Facebook မှာ ၎င်း၏ ဘဏ္ဍာရေး ရှင်းတန်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း Goldman Sachs မှ ရရှိသည့် စာရင်းများအရ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် အတွင်း ပထမ ကိုးလမှ ရရှိသည့် ဝင်ငွေမှာ ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်ပြီး အသားတင် ဝင်ငွေမှာ ဒေါ်လာ ၃၅၅ သန်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ပိုမို တိုးတက်လာသည့် ဝင်ငွေများအရ ရင်းနှီးမြုပ်နှံသူများအား စတော့ ဈေးကွက်တွင် ကုမ္ပဏီ၏ ပိုင်ဆိုင်မူကို ဒေါ်လာ ဘီလီယံ ၈၀ သို့ ရောက်စေခဲ့ကြောင်းလည်း သိရသည်။ သုတေသန ပြုသူများ၏ ခန့်မှန်းချက်အရ Facebook ကုမ္ပဏီ အနေဖြင့် ပြည်သူပိုင် ပြုလုပ်မှုကို လာမည့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ဖွယ် ရှိကြောင်း သိရသည်။
0 comments:
Post a Comment
Thankyou for visiting my site.