အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ ၉၅၀


အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ နှင့် လဲ လှယ်
ရာတွင် ကျပ် ၉၅၀ ရရှိ စေရန် တရားဝင် သတ်မှတ် တော့ မည် ဟု ဘဏ္ဍာ ရေး နှင့် အခွန် ၀န်
ကြီး ဌာန မှ အမည် မဖော်လို သူ အကြီးတန်း အရာ ရှိ တစ်ဦးက ပြောကြားသည်။
တကယ်တမ်း တွင် မူ အမေရိကန် ဒေါ်လာ တန်ဖိုး ကျဆင်းနေခြင်း ကြောင့် သာ မြန်မာ ကျပ်
ငွေ တန်ဖိုးမာ နေခြင်း ဖြစ်ပြီး အမေရိကန် ငွေကြေး ဈေးနှုန်း ပြန်လည် မြင့် တက် ပါက မြန်
မာ ကျပ် ငွေ မှာ ၉၅၀ ထက်မက ပြုတ် ကျ အုံး မည် ဖြစ်သည်။
၂၀၀၆ ခုနှစ်က အမေရိကန် တစ်ဒေါ်လာ နှင့် လဲလှယ်ရာတွင် မြန်မာ ကျပ် ငွေ မှာ စံချိန် တင်
ဈေးတက် ခဲ့ ပြီး ၁၄၃၀ အထိ ဖြစ် ခဲ့ သည်။
ဒေါ်လာ ဈေးနှုန်း ကျဆင်း နေခြင်း ကြောင့် မြန်မာ နိုင်ငံ ၏ ပြည်ပ ပို့ ကုန် များ မှာ လည်း ထိ
ခိုက် လျှက် ရှိ ပြီး အချို့  ပို့ ကုန် ဈေးကွက် များ မှာ ရပ် နားထား ရသည်။
လတ်တလော ငွေကြေး ဈေးကွက် ဉ် အမေရိကန် တစ်ဒေါ်လာ မှာ မြန်မာ ကျပ်ငွေ ၇၅၀ ပေါက်
ဈေး ရှိ သည်။ FEC ဟု ခေါ် သည့် အမေရိကန် တစ်ဒေါ်လာ နှင့် ညီမျှ သည့် ငွေ စက္ကူ ကို မြန်မာ
နိုင်ငံ တော် ဗဟို ဘဏ်က ပြန် သိမ်းတော့ မည် ဟု သတင်း များ လည်း ထွက် ပေါ် နေသည်။
မြန်မာ ကျပ်ငွေ နှင့် နိုင်ငံခြား ငွေ လဲလှယ် နှုန်း ကို အကူအညီ ပေး ရန် အတွက် IMF မှ ကျွမ်း
ကျင် သူ များ မြန်မာ နိုင်ငံ သို့  စက်တင်ဘာ လ တွင် ရောက်ရှိ မည် ဖြစ်သည်။

0 comments:

Post a Comment

Thankyou for visiting my site.