ဗွီဒီယို တည်းဖြတ်မှု စနစ်သစ် YouTube လွှတ်တင်

ဗွီဒီယို တည်းဖြတ်မှု စနစ်သစ် YouTube လွှတ်တင်





ဆန်ဖရန်ဆစ်စကို ။ ။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က စတင်ကာ You Tube အသုံးပြုသူများ အနေဖြင့် ၎င်းတို့ တင်ထားသည့် ဗွီဒီယို ဖိုင်များမှ ပုံရိပ်များကို တည်းဖြတ်နိုင်မည့် စနစ်တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ စနစ်အရ upload လုပ်ပြီးသား ဗွီဒီယို များ ကို ပြန်လည် တည်းဖြတ် ပြုပြင်နိုင်မည် ဖြစ်ပြီး အခြားအရာများကိုလည်း ထည့်သွင်း နိုင်မည် ဖြစ်သည်။


Edit Video ဟူသည့် ခလုတ်ကို ဝင်လိုက်ခြင်းဖြင့် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ဗွီဒီယိုဖိုင်များကို effect များ ထည့်သွင်းခြင်း၊ အသံများ ကို ဖြတ်တောက်ခြင်း သို့မဟုတ် ဗွီဒီယို ပုံရိပ်များကို ဖြတ်တောက်ခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်ဟု You Tube မှ ဆော့ဖ်ဝဲ အင်ဂျင်နီယာဖြစ်သူ John Gregg မှ ပြောကြားခဲ့သည်။

ယခင်က ဗွီဒီယို ပြုလုပ်သူများ အနေဖြင့် မိမိတို့၏ ပုံရိပ်များကို ပြန်လည် ပြုပြင်ချင်ပါက ဆိုက်မှ ဖယ်လိုက်ရန် လိုအပ်ပြီး ယခု အသစ်တက်လာသည့် နည်းစနစ်တွင်မူ ယင်းသို့ ဖယ်စရာမလိုဘဲ ပြုပြင်နိုင်သဖြင့် အွန်လိုင်မှ ဝေဖန်မှုများနှင့် ကြည့်ရှုသူ အရေအတွက်နှင့်ဆိုင်သည့် အချက်များ ပျောက်ဆုံးမည်ကို စိုးရိမ်ရန်လိုတော့မည်မဟုတ်ဟု သိရသည်။



Thank you.

0 comments:

Post a Comment

Thankyou for visiting my site.