ပညာရှိ ဖြစ်ချင်သူ

တစ်ခါတုန်းက ဂရိပြည် အေသင်မြို့ မှာ ဥာဏ်ပညာ အမြော်အမြင် ကြီးမားချင်တယ့် လူငယ်တစ်ယောက်ရှိတယ် ။
ဒီလူငယ်က သူမြို့ မှာ ပညာဥာဏ် အကြီးမားဆုံးလို့  ကျော်ကြားတဲ့ အတွေးခေါ်ပညာရှင် ဆော့ခရတ္တိ ထံမှာအကြံ ဥာဏ် သွားတောင်းတယ် ။
ပညာရှိဖြစ် အောင်ဘယ်လိုလုပ်ရမယ်ပေါ့ ။
violent Smiley
ဆော့ခရတ္တိ ဒသန စကားဝိုင်းတွေ မှာ ထက်ထက်သန်သန် ဆွေးနွေးပေမဲ့ သာမာန် အားဖြင့်တော့ နှုတ်ဆိတ်သူတစ်ဦးဖြစ်တယ် ။
လူငယ်က မေးတဲ့ အခါ သူဘာမှ မပြောပဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ် ။ သူက တစ်ခါတစ်လေ နှုတ်နဲ့ ပြောတာထက်ပို ထိရောက်တဲ့ လက်တွေ့ နည်းလမ်းများနဲ့  ထူးထူးခြားခြား ပြသလေ့ ရှိတယ် ။
violent Smiley
ပင်လယ်ကမ်းစပ်ရောက်တော့ အ၀တ်အစား မချွတ်ပဲ ရေထဲ တန်းဆင်းသွားတယ် ။ လူငယ်ကိုပါ သူ့ နောက်လိုက်ခဲ့ဖို့ ခေါ်တော့
တွန့် ဆုတ်တွန့် ဆုတ် နဲ့ ပါသွားတယ် ။ ရေကမေးစေ့ နားလောက်ထိ ရောက်တဲ့ အခါ ဆော့ခရတ္တိ က လူငယ်ကို စေ့စေ့ကြည့်ပြီး
ပခုံးလက်နှစ်ဖက်ကို လက်နဲ့ ကိုင်တယ် ။ အယ်ဒီနောက်ရုတ်တရက် အားနဲ့ ဆွဲပြီး လူငယ်ကို ရေထဲ ခေါင်းမြုပ်အောင် ဖိနှစ်တယ် ။
violent Smiley
အောက်မှာ ရေမွှန်းလို့ လူငယ်က တအားရုန်းတယ် ။ ဆော့ခရတ္တိ က မလွှတ်ဝူး ။ အတော်ကြီး မွှန်းလောက်ပြီ ၊ သည်ထက်ဆက်နှစ်ထားရင်
သေတော့မယ် ဆိုတဲ့ အချိန်လောက်မှ ပြန်လွှတ်ပေးလိုက်တယ် ။ လူငယ်လည်း အယ်ဒီတော့ မှ ၀ရုန်းသုန်းကားနဲ့ ခေါင်းဖော်လာတယ် ။
အသက်လုရှု ဆားငံ ရေတွေ ပါးစပ်ထဲဝင်ပြီး..သီးနဲ့ အတော် ဒုက္ခ များသွားတယ် ။ ပြီးတော့မှ ဆရာကြီးငါ့ကို သေကြာင်းကြံတယ်ဆိုပြီး
ရန်လုပ်မလို့  ဆော့ခရတ္တိ ကို ကမူးရူးထိုး လိုက်ရှာတယ် ။
violent Smiley
ဒီအချိန် ဆရာကြီးက ကမ်းပေါ်ရောက်နေပြီ ။ ။

ကမ်းပေါ်ရောက်ပြီး ဒေါသတကြီးနဲ့ လူငယ်က `` ခင်ဗျား ကျွန်တော့်ကို ဘာအတွက် ရေနစ်သတ်တာလဲ ´´ မေးတဲ့အခါ
ဆရာကြီးက အဖြေမပေးပဲ သူ့ကိုပြန်မေးတယ် ။
violent Smiley
`` ဒီမှာ သူငယ် ရေအောက်မှာ မွန်းပြီး အသက်သေရတော့မလို ဖြစ်နေတဲ့ အချိန်တုံးက မင်းဘ၀မှာ ဘယ်အရာကို အလိုချင်ဆုံးဖြစ်ခဲ့သလဲ ´´ တဲ့

လူငယ်လည်း ရုတ်တရက် ဘယ်ကစ စဉ်းစားရမှန်းမသိဝူး ။ နောက်တော့မှ အဖြေက အလို အလျောက် ရောက်လာတယ် ။
`` ကျွန်တော် လေကို လိုချင်တာပေါ့ ၊အယ်ဒီ အချိန် အသက်ရှုရရှိဖို့ ဟာ ကျွန်တော့်အတွက် အရေးကြီးဆုံးပဲ ´´
violent Smiley
အဲဒီတော့ ဆော့ခရတ္တိ ကအားရပါးရ ပြုံးပီး `` အေး ဟုတ်ပီကွ ။ မင်းရေအောက်မှာ တုန်းက အရေးတကြီး အသည်းအသန် အသက်ရှုချင်ခဲ့သလို
ပညာ ဗဟုသုတ ကိုလဲ အဲသလို သဲသဲမဲမဲ အလိုရှိခဲ့မယ်ဆိုရင် တစ်နေ့ သော်အခါ ပညာရှိဖြစ်မှာ မုချပဲ ´´ ဟုဆိုလိုက်တယ် ။

0 comments:

Post a Comment

Thankyou for visiting my site.