Blog မှာ Gtalk gadget လေးထဲ့ကြစို့



အခုတော့ Gtalkကို ဘလောခ့်မှာ ထည့်လို့ရပါပြီ။ Google က ဘယ်တုန်းက စပြီးလုပ်ပေးလိုက်လည်းတော့ မသိဘူး။ သိပ်တော့ မကြာသေးလောက်ဘူး ၂ လ ၃ လလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျွန်တော့်ဆိုဒ်ဘားမှာ About Me ဆိုတဲ့ဘေးမှာ ထည့်ထားပါတယ်။ သူက online status အပြင် ကိုယ့်ရဲ့ custom message ပါပြပေးနိုင်တယ်။ ထည့်ချင်ရင်လွယ်ပါတယ် Gtalk Badge မှာ ကိုယ့် Google account နဲ့ log in ၀င်ပြီးရင် ရပြီ။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနဲ့ ကုဒ်ကိုယူပြီးထည့်ရုံပဲ။ ဘလောခ့်မှာ ထည့်ထားမယ်ဆိုရင် reader က Google account မရှိလည်း chat လို့ရပါတယ်။ Reader က အဲဒီ badge ကို ကလစ်လုပ်ရင် ကျွန်တော့်တို့ရဲ့ Gtalk မှာ url တစ်ခုနဲ့ “Someone clicked on your chatback badge” ဆိုတဲ့ box တက်လာပြီး လာပြောပါတယ်။ အဲဒီလင့်ကို နှိပ်လိုက်ရင် browser ကနေ Gtalk gadget page ကိုခေါ်သွားပြီး new window နဲ့ chat box ပေါ်ပြီး စ chat လို့ ရပါတယ်။ အဲဒီမှာ smiley တွေ အလုပ်လုပ်ပါတယ် နောက်အခြားကိုယ့်ရဲ့ ရှိပြီးသား သူငယ်ချင်းတွေနဲ့လည်း chat လို့၇ပါတယ်။ ဒါလေး ထည့်ထားခြင်းအားဖြင့် ကိုယ့် blog readers တွေရဲ့ ထင်မြင်ချက်ကိုသိနိုင်သလို readers တွေနဲ့ ရင်းနှီးမှုရနိုင်တယ်လို့ ထင်မိပါတယ်။ပျော်ရွှင်ပါစေ။ ။
Create Your Gtalk Badge Here

0 comments:

Post a Comment

Thankyou for visiting my site.