မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိတ်ရောဂါခံစားရနေ



မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိုးရိမ်မှု၊ စိတ်ဓါတ် ကျခြင်း ၊စိတ်ဖိစီးမှုစသော စိတ်ရောဂါလက္ခဏာများ ခံစားနေရကြောင်း မလေးရှားနိုင်ငံ NGO တစ်ခုက ဆိုသည်။ ယင်းပမာဏသည် သာမန် လူဦးရေနှင့်နှိုင်းယှဉ်လျှင် ၃ဆမျှ များပြား နေကြောင်း Health Equity and Initiatives HEI ဒါရိုက်တာ ဒေါက်တာ Xavier Pereira က ပြောသည်။ ၄င်းလေ့လာချက်အား အသက် ၁၈နှစ်မှ ၇၀နှစ်အကြား ဒုက္ခသည် အဖြစ်လျှောက်ထားသူ ၁၀၇၄ ဦးအား စစ်ဆေးမေးမြန်းချက်များ အပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “အမျိုးသားရောအမျိုးသမီးပါ ခံစားနေရပါတယ်။။ အထူးသဖြင့် အလုပ်လက်မဲ့ တွေ လူကုန်ကူးခံရသူတွေ၊ အဓမ္မ အလုပ်စေခိုင်းခံရသူတွေ ဖြစ်ကြတယ် ”ဟု လူကုန် ကူး မှုတိုက် ဖျက်ရေး၊အမျိုးသား ညှို့နှိုင်းဆွေးနွေးပွဲတွင်၎င်းကပြောကြားခဲ့သည်။ thestar

0 comments:

Post a Comment

Thankyou for visiting my site.