
ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ထက် ဧရာဝတီမြစ်ကို အမှီပြုနေတဲ့ ဆန်စပါး စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပြင် ဒေသခံတွေရဲ့ လူမှုရေးကိစ္စ အ၀၀ကို ထိခိုက်စေမယ့်ကိန်း ပိုပြီး များနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူတွေက ပြောကြပါတယ်။ မြန်မာအစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြောင့် နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ လုပ်ကြံ ပြောဆိုချက်တွေပဲ ဖြစ်တယ်၊...