
လူမျိုး တစ်မျိုး နှင့် တစ်မျိုး ဘာသာ စကား မတူကြရာတွင် လူမျိုး တစ်ဦးက သူ၏ ဘာသာ စကား မဟုတ်သည့် အခြား ဘာသာ စကားကို ပြောသည့်အခါ အသံထွက် မပီသသည်မှာ ရီစရာ ဖြစ်ကြသည်။ တစ်ခါက ကြည့်ဖူးသည့် မော့(စ်) ၏ ဟာသဇာတ်လမ်း တစ်ခုဖြစ်သည့် “ဝီလိုဝီလို” တစ်ခန်းရပ် ပြဇာတ်တွင် တရုတ်လူမျိုးများ၏ မြန်မာစကား ဝဲသည့်ပုံစံအား ရီစရာ ဟာသလုပ် ပြထားသည်ကို တွေ့ရသည်။ ထို့အတူပင် မြန်မာ လူမျိုးများသည်လည်း မြန်မာအသံထွက်နှင့် တရုတ်လို ပြောမည်ဆိုလျှင် တရုတ်လူမျိုးများ အဖို့ ရီစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ထိုသို့ ဘာသာ စကား မတူသူ တစ်ယောက်...