Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Politics. Show all posts
Showing posts with label Politics. Show all posts

UNHCR မှ မိမိနိုင်ငံသို့ ပြန်ပို့မည့်အရေး ဖယ်ရှား အတည်ပြုချက်ပေး


မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မလေးရှားရောက် ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ပြောဆိုသည်မှာ UNHCR အသိအမှတ်ပြု စာရွက်နှင့် ကဒ် ကိုင်ဆောင်သူ အားလုံးသည် မလေးရှားလ၀က 6P - စီမံကိန်းတွင် ဝင်ရောက် ဆောင်ရွက်လျှင် နေရပ်သို့ လုံးဝ ပြန်ပို့လိမ့်မည် မဟုတ်ကြောင်း ယနေ့ Free Malaysia Today သတင်းမှ အတိအလင်း ထုတ်ပြန် ကြေညာထားသည်။

ပစ်တလင်းဂျာယာ ။ ။ UNHCR မှ ဒုက္ခသည်များ 6P လက်ဗွေနှိပ် မှတ်ပုံတင်အပြီး နေရပ်သို့ပြန်ပို့မည်ကို ကြောက်ရွံ့နေကြသဖြင့် မလေးရှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ UNHCR သို့ ပေးပို့စာဖြင့် ထောက်ခံ အတည်ပြု လိုက်ပါသည်။

မလေးရှားအစိုးရမှလည်း UNHCR မှ အသိအမှတ်ပြုထားသော စာရွက်နှင့် ကဒ် ကိုင်ဆောင်သည့် ဒုက္ခသည် အားလုံးကို နဂိုရှိရင်းစွဲ အနေအထားတိုင်း ဆက်လက်နေထိုင်ခွင့် ပြုရန် ထပ်လောင်း အတည်ပြု ပြောဆိုသွားပါသည်။

ဒုက္ခသည်များအတွက် သတင်းကောင်း...

တရားမဝင်လုပ်သားများအတွက် 6P- စီမံကိန်း ဆောင်ရွက်နေသော်လည်း တရားဝင် လုပ်သား အားလုံးအတွက်လည်း ၎င်းစီမံကိန်းအတိုင်း များမကြာမီ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာထားပါသည်။

အထက်ဖေါ်ပြပါ ဒုက္ခသည်များနှင့် သက်ဆိုင်သည့် 6P - စီမံကိန်းအတွက်လည်း မလေးရှားအစိုးရနှင့် ၎င်း၏ ဝန်ကြီးဌာနများ ဖြစ်ကြသော ပြည်ထဲရေး၊ လ၀ကနှင့် ရဲတပ်ဖွဲ့ တို့အား ပြည်တွင်းပြည်ပ မီဒီယာများမှ တရားမဝင်လုပ်သားနှင့် ဒုက္ခသည် များအတွက် သီးခြားကဏ္ဍ ခွဲထုတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ထိုးနှက် ခံခဲ့ရသည်။

UNHCR မှ Yante က “ဒီကိစ္စဟာ UNHCR နှင့် မလေးရှား အစိုးရအကြား သိသာထင်ရှားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း” ထုတ်ဖေါ်ပြောဆိုသွားပါသည်။

Yante မှ ဥပဒေ စိုးမိုးရေး သက်ဆိုင်ရာ ရဲအရာရှိများမှ မည်သူ မည်ဝါဖြစ်ကြောင်း သတ်မှတ် ခွဲခြားခံရသည့် ဒုက္ခသည်တို့အား ပိုမိုအားဖြည့် အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ထပ်လောင်း ပြောဆိုသွားပါသည်။

ဒုက္ခသည်တို့အား တရားဝင် အလုပ် လုပ်ပိုင်ခွင့်နှင့် ၎င်းနှင့် သက်ဆိုင်သည့် သဘောတူညီချက် များကိုလည်း UNHCR နှင့် မလေးရှား အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မူ လိုအပ်နေသေးကြောင်း ဖြည့်စွက်ပြောဆို သွားပါသည်။

မှတ်ချက်။ ။ ဤသတင်းအား ယနေ့ Free Malaysia Today သတင်း ကြီးမှ အတိအလင်း ထုတ်ပြန် ကြေညာသွားပါသည်။ သို့ပါသော်လည်း UNHCR မှ UN ကဒ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအနေဖြင့် မိမိနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဆက်သွယ်၍ သေချာသည့် အချေအနေ တစ်ရပ်ကိုသာ စောင့်ကြည့်နေသင့်ကြောင်း ဒုက္ခသည်များအတွက် 6P လက်ဗွေနှိပ် မှတ်ပုံတင်ကာလသည် စက်တင်ဘာလလယ် အထိ အကျုံးဝင်နေဦးမည်ဖြစ်ပြီး သင့်လက်ထဲတွင် သတ်မှတ်ရက်စွဲထက် ကျော်လွန်နေသော UN ကဒ်ကိုင်ဆောင်ထားမိနေပါက UNHCR ရုံးသို့သာ သွားရောက် သက်တမ်း တိုးမြှင့်သင့်ကြောင်း ပြောကြားလိုပါသည်။ မလေးရှားနိုင်ငံတွင် ဒုက္ခသည်များကို လက်မခံလိုသဖြင့် အဆိုပါ 6P လက်ဗွေနှိပ် မှတ်ပုံတင်ရေးသို့ သွတ်သွင်းနေခြင်းသာဖြစ်ပြီး UNHCR မှလည်း ၎င်းကာလအတွင်း ဒုက္ခသည်များ 6P လက်ဗွေနှိပ်မှတ်ပုံတင်ရန် မလေးရှား လ.ဝ.က မှ စီစဉ်ပေးနေပြီဟုသာ ဖော်ပြပြီး UNHCR ကိုယ်တိုင် အတည်ပြုချက်ပေးရန်မူ ဆိုင်းငံ့ထားခဲ့သည်။

India မှာ နေထိုင်ကြတဲ့ မြန်မာ ဒုက္ခသည်အကြောင်း


Refugees' life in India

စီစဉ်တင်ဆက်.... Emaily

ရိုက်ကူးရေး .......N ဇော်ရှန် ။

စည်သူ ( အခြားသတင်းဖြစ်မြောက်ရေးပိုင်း ပါဝင်ကူညီခဲ့သည် )


မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိတ်ရောဂါခံစားရနေ



မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိုးရိမ်မှု၊ စိတ်ဓါတ် ကျခြင်း ၊စိတ်ဖိစီးမှုစသော စိတ်ရောဂါလက္ခဏာများ ခံစားနေရကြောင်း မလေးရှားနိုင်ငံ NGO တစ်ခုက ဆိုသည်။ ယင်းပမာဏသည် သာမန် လူဦးရေနှင့်နှိုင်းယှဉ်လျှင် ၃ဆမျှ များပြား နေကြောင်း Health Equity and Initiatives HEI ဒါရိုက်တာ ဒေါက်တာ Xavier Pereira က ပြောသည်။ ၄င်းလေ့လာချက်အား အသက် ၁၈နှစ်မှ ၇၀နှစ်အကြား ဒုက္ခသည် အဖြစ်လျှောက်ထားသူ ၁၀၇၄ ဦးအား စစ်ဆေးမေးမြန်းချက်များ အပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “အမျိုးသားရောအမျိုးသမီးပါ ခံစားနေရပါတယ်။။ အထူးသဖြင့် အလုပ်လက်မဲ့ တွေ လူကုန်ကူးခံရသူတွေ၊ အဓမ္မ အလုပ်စေခိုင်းခံရသူတွေ ဖြစ်ကြတယ် ”ဟု လူကုန် ကူး မှုတိုက် ဖျက်ရေး၊အမျိုးသား ညှို့နှိုင်းဆွေးနွေးပွဲတွင်၎င်းကပြောကြားခဲ့သည်။ thestar

မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်


ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။
ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။

ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။

သတင်းပေးပို့ရာတွင် အသုံးပြု ဖြည့်သွင်းရသော ပုံစံစာရွက်တွင် Pulang Ke Negara Asal ဆိုသော စကားရပ်ကား ဒုက္ခသည်များ အကြား စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါ စကားရပ်ကို မြန်မာဘာသာပြန်လျှင် “မူရင်းနိုင်ငံသို့
ပြန်ပို့ပါမည်” ဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။

ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။


မလေးရှားတွင် မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိသွားသူပင်ချည်း မဟုတ်ဘဲ အခြားနိုင်ငံများမှလည်း ဒုက္ခသည်
အဖြစ် အသိအမှတ်ပြုရေး ကြိုးပမ်းနေသူ နိုင်ငံခြားသား အရေအတွက်မှာ လူ ၅ဝ,ဝဝဝ ခန့်ရှိမည်ဟု အန်ဒီကာ အဘ် ဝါဟဘ် က ခန့်မှန်းသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိများနှင့် တနင်္လာနေ့တွင် ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

မလေးရှားက ၁၉၅၁ ခု ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ နားလည်မှုစာချုပ်နှင့် နောက်ဆွဲတွဲ သဘောတူညီမှုများကို လက်မှတ်မထိုးထားပေ။ မလေးရှားတွင် မြန်မာ၊ အာဖကန်နစ္စတန်၊ အီရတ်၊ ဆိုမားလီးယားတို့မှ ဒုက္ခသည်များ အဓိကရှိနေပြီး စုစုပေါင်း ၉ဝ,ဝဝဝ ဦး ကျော်မှ ၉ဝ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှဖြစ်ပြီး ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊
ရှမ်း၊ ကချင်၊ ရိုဟင်ဂျာတို့ ပါဝင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံး-မလေးရှားက ထုတ်ပြန်ထားသည်။

အသိအမှတ်ပြု ဒုက္ခသည်များထက် ပူပန်မှုပိုနေရသူများကတော့ တရားဝင် စာရွက်စာတမ်း အထောက်အထား
မရှိဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလာရန် ကြိုးပမ်းနေသူများဖြစ်သည်။ သြဂုတ် ၁ ရက်မှစ၍ မလေးအစိုးရက တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်အရ လူစာရင်းကောက်ယူမှု လုပ်နေရာ ဒုက္ခသည်လျှောက်လိုသူတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

နောက်ဆုံးရက် ထုတ်ပြန်ထားခြင်းမရှိသော စာရင်းကောက်ယူမှုပြီးစီးချိန်တွင် သူတို့အတွက် UNHCRမှ ဒုက္ခသည် အဖြစ် စိစစ်မှု စတင်မလုပ်နိုင်သေးလျှင် တရားမဝင် နေထိုင်မှုဖြစ်သောကြောင့် မလေးရှားအစိုးရက ဖမ်းဆီးပြန်ပို့မှု
ဖြစ်လာမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

“ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား ဘာမှမရှိဘူး။ အောက်တိုဘာ နိုဝင်ဘာ
လောက်ဆိုရင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ထင်ပါတယ်။ အဲဒီ လူတွေကို အကုန်ဖမ်းမှာပဲ။ တချို့ ကို လဝက ဥပဒေနဲ့ အပြစ်ပေးမယ်၊ တချို့ကို မူလနိုင်ငံတွေ ပြန်ပို့နိုင်တယ်” ဟု မစ္စတာ အန်ဒီကာ အဘ် ဝါဟဘ် က ပြောသည်။

ပြည်တော်ဝင် လိုသူများ လိုက်နာရမည့် စည်းကမ်း ချက် များ ကို မကြာခင် ထုတ်ပြန်မည် ဟု ဆို (ဗီဒီယို)


 ပထမ ဦးဆုံး ပြန်လာ သူ ဆယ်ဦး ကို
ငွေကျပ် သိန်းတစ်ထောင်၊ ဆဲလ်ဖုန်း တစ်လုံး၊ မော်တော်ကား ပါမစ် နှင့် အခြား ခံစား ခွင့် များ
ပေး မည် ဟု သတင်း ရရှိ သည်။

၁၉၉၈ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံ များ တွင် ရောက်ရှိ နေသည့်
မြန်မာ နိုင်ငံသားများ ပြစ်မှု ကျုးလွန် ခဲ့ခြင်း မရှိ လျှင် မြန်မာ နိုင်ငံ တွင်း မှာ ပြန်လည် အခြေချ
နေထိုင် ခွင့် ပြုမှာ ဖြစ်ကြောင်း ဒီနေ့ နေ ပြည်တော်မှာ စီးပွားရေး လုပ်ငန်း ရှင် တွေ နဲ့  တွေ့ 
ဆုံ ရာမှာ ပြောကြား ခဲ့ ပါတယ်။
အခုလို ပြည်ပရောက် မြန်မာ နိုင်သား တွေ ပြည်တွင်း ပြန်ဝင် နိုင် ဖို့  ဖိတ်ခေါ်တာ ဟာ နိုင်ငံ တော်
တိုးတက်ရေး မှာ အတူ တကွ ပါဝင် နိုင်ဖို့ အတွက် လို့  ဆိုပါတယ်။ သူ့ ရဲ့  ပြောဆိုချက် ကို မြန်မာ့
ရုပ်မြင်သံကြားက ထုတ်လွှင့် သွား ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် အခု လို ပြည်ပရောက် မြန်မာ တွေ ပြန်လာ ဖို့  ဖိတ် ခေါ်တာ ဟာ မြန်မာနဲ့  အိမ်
နီးချင်း နိုင်ငံ အိန္ဒိယ မှာလူထု လှုပ်ရှား မှု တွေ စတင် ချိန် မှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ခွင့်လွှတ်လောက်တဲ့ ပြစ်ဒဏ် ဆိုရင် လျှော့ပေါ့ ပေးမှာ ဖြစ်ပြီး အရမ်းဆိုးရွား
တဲ့ ပြစ်ဒဏ် ဆိုရင် တော့ အချို့ အ၀က် ကို ကျခံ ရမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သူက ပြောကြား
ရာမှာ အချင်းချင်း မညီညွတ်မှု ကြောင့် အရင် က အိမ် နီးချင်း နိုင်ငံ တွေ ထက် ပိုပြီး ကြွယ်ဝ သွား
ခဲ့ ပေမယ့် အခု တော့ ကျော်ဖြတ် သွား ခဲ့ ပါပြီ လို့  ပြောခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့  ဒီနေ့  ပြောဆိုမှု ကို နိုင်ငံ ရေး အရ ဝေဖန်မှု တွေ ရှိ နေပြီး ဥပဒေ ကြောင်း
အရ လည်း တရား မ၀င် ဘူး လို့  ပြောဆိုကြပါတယ်။

သမ္မတ ဦးသန်းစိန် ၏ မိန့် ခွန်း နှင့် ပတ်သက်ပြီး ဥပဒေ ပညာရပ် ဖြင့် အသက်မွေး ၀မ်းကျောင်း ပြု
ခဲ့ ဖူးသည့် နိုင်ငံ ရေး အကျဉ်းသား တစ်ဦးက ” သူပြောတာ တရား မ၀င်ဘူးလေ၊ ဒါလွတ်ငြိမ်း ချမ်း
သာခွင့် လည်း မဟုတ် ဘူး ပိုပြီး တော့ တရားဝင် ဖြစ် အောင် လွှတ်တော် က နေ အတည် ပြုပေး
ဖို့ လိုတယ်၊ သမ္မတ လွှတ်တော် ကို ကျော်ကျော် ပြီး လုပ်နေတယ် ဆိုတာ အရမ်း မလေး စားရာ
ရောက်တယ် ” လို့  ပြောပါတယ်။

ဒီနေ့ သမ္မတ ရဲ့  မိန့် ခွန်း ကို ဖိတ်ကြား ထား တဲ့ သတင်း ထောက် တွေ တက် ရောက် နိုင်ပေမယ့်
မေးခွန်း မေးမြန်း ခွင့် တော့ မရ ခဲ့ ပါဘူး။

ဒီနေ့ တွေ့ ဆုံ မှု မှာ ယခင်က ကန့် သတ် မှု တွေ လုပ်ခြင်း ခံထားရတဲ့ နာရေး ကူညီမှု အသင်း နဲ့  နာ
ဂစ် ဒေသ မှာ အကူအညီပေး နေတဲ့ အဖွဲ့  အစည်း တစ်ချို့  လို မျိုး ပါဝင်ပါတယ်။

ဒီတွေ့ ဆုံ ပွဲ ကို တက်ရောက် ခဲ့ သူ တစ်ဦးက တော့ ရာထူးက နှုတ်ထွက် ဖို့  ဖိအား ပေး ခံ နေရတယ်
လို့  သတင်း ထွက် နေတဲ့ ပြန်ကြားရေး နဲ့  ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း ကို လည်း တွေ့ ခဲ့တယ်
လို့  ဆိုပါတယ်။

ကနဦး ကတော့ ဒီနေ့  တွေ့ ဆုံ မှု မှာ ဒေါ်အောင်ဆန်း စုကြည် ကို ပါ ဖိတ်ကြား မယ် လို့  သတင်း
တွေ ထွက်ပေါ် ခဲ့ ပေမယ့် တရား ၀င် ဖိတ်ကြား ခဲ့ ခြင်း မရှိ ပါဘူး။

ပူတာအို အကျဉ်းထောင် မှာ အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းဇော် ရဲ့  မိသား စု
ဝင် တစ်ဦးက တော့ ” နိုင်ငံ ရေး အကျဉ်းသား တွေ ကို ပြန်လွှတ် ပေးတဲ့ သတင်း မျိုး ကို ပဲ မျှော်လင့်
တောင့် တ နေတယ် ” လို့  ပြော ပါတယ်။

၁၉၆၂ ခုနှစ် က နိုင်ငံ တော် အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း ဟာ အထွေထွေ လွတ်ငြိမ်း
ချမ်းသာ ခွင့် ကို တရား ၀င် ထုတ် ပြီး ကြေငြာ ကာ တောထဲ ရောက် နေတဲ့ သူ တွေ ကို ပြန် လည်
ဝင်ရောက် ဖို့  ခွင့် ပြု ခဲ့ ပေမယ့် နောက် ပိုင်း မှာ အကြောင်း အမျိုး မျိုး နဲ့  ပဲ ဖမ်းဆီး ခဲ့ ပါတယ်။

ယခင် မြန်မာ စစ်အစိုးရ ရဲ့  မတရား မှု တွေ ကြောင့် နိုင်ငံရေး၊ စီးပွား ရေး နဲ့  လူမှု ရေး အရ အပြင်
အများ အကျိုး သယ်ပိုး တဲ့ အတွက် ပါ ပြည်ပ ကို ရှောင်တိမ်း လာတဲ့ သူတွေ ရှိ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ကြေငြာချက် ကို ပြည်ပ ရောက် နေတဲ့ နိုင်ငံ ရေး အင်အား စု တွေ က ဝေ
ဖန်ကြပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်မှု ဒေသခံတွေ ထိခိုက်



ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ထက် ဧရာဝတီမြစ်ကို အမှီပြုနေတဲ့ ဆန်စပါး စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပြင် ဒေသခံတွေရဲ့ လူမှုရေးကိစ္စ အ၀၀ကို ထိခိုက်စေမယ့်ကိန်း ပိုပြီး များနေတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူတွေက ပြောကြပါတယ်။ မြန်မာအစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြောင့် နိုင်ငံအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ လုပ်ကြံ ပြောဆိုချက်တွေပဲ ဖြစ်တယ်၊ ဒီစီမံကိန်းဟာ နိုင်ငံအတွက် စိုးရိမ်စရာ မရှိတဲ့ စီမံကိန်း ဖြစ်တယ်လို့ အခုရက်ပိုင်းတွေအတွင်း အစိုးရ သတင်းစာတွေမှာ တုံ့ပြန် ရေးသားထားတာကို တွေ့ရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံ လက်မှုကဏ္ဍကနေ စက်မှုကဏ္ဍကို အသွင်ကူးပြောင်းရေးအတွက် အဓိက လိုအပ်ချက် ဖြစ်တာမို့ ဧရာဝတီမြစ်ဆုံ၊ မေခ မေလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ၈ ခုနဲ့ ပြည်သူလူထုအကျိုး လုပ်ဆောင်နေတာ ဖြစ်သလို ဒီစီမံကိန်းတွေဟာ မြစ်ကြောင်းဆိုင်ရာ ထိခိုက်မှုတွေထက် ကောင်းကျိုးတွေကို ပိုပြီး ရစေတယ်လို့ အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းတွေ ချမှတ်ရာမှာ ပြည်သူလူထု ပါဝင်ဆုံးဖြတ်တာမျိုး မတွေ့ရဘဲ မြစ်ကြောင်းတလျှောက်က ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး တွေ့နေရတယ်လို့ Burma River Network မြန်မာနိုင်ငံ မြစ်ကြောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၁ ဖွဲ့ ပါဝင်တဲ့ ကွန်ရက်အဖွဲ့က မအားနန်က ပြောပါတယ်။
“ဒီစီမံကိန်းတွေမှာ ပြည်သူလူထုတွေရဲ့ ပါဝင် ဆုံးဖြတ်ချက်တွေ မရှိဘူး။ မြစ်ဆုံနေရာ ကချင်ပြည်နယ်မှာ ဆိုးကျိုးတွေ ဖြစ်နေသလို အခုအချိန် မြစ်ဆုံမှာ ရေထုညစ်ညမ်းမှု ဖြစ်နေတယ်။ ဒီ မြစ်ဆုံရေကာတာ ဆောက်မယ်ဆိုတော့ ရွှေ့ပြောင်းရတဲ့ နေရာတွေကို ပြန်လည် နေရာချထားပေးတဲ့ အောင်မြေသာ စံပြကျေးရွာလို့ ပြောတယ်။ တကယ်တမ်း ကျမတို့ တွေ့နေရတာကတော့ ဒုက္ခသည်စခန်းနဲ့ အတူတူပဲ။ သူတို့ရဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူတို့ သေသေချာချာ ရေရေရာရာ မသိဘူး။ နောက်တချက်အနေနဲ့ တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုမှု အပေါ်မှာပဲ မူတည်ပြီးတော့ ဒီရေကို အဖွင့်အပိတ်လုပ်မှာ ဖြစ်တဲ့အတွက် ဒါက မြစ်အောက်ဘက်မှာလည်း စိုးရိမ်စရာ အများကြီးရှိတယ်။”
အခုလို လူမှုရေး၊ စီးပွားရေးသာ မကဘဲ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာမို့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေအတွက် EIA ခေါ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မယ့် တိုင်းတာတွက်ချက်ပြီး ဥပဒေစည်းကမ်း စနစ်တကျ ချမှတ်ဖို့ လိုအပ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပါတယ်။
“Dam တခုဆောက်ရင် Dam အထက်မှာ ရေလွှမ်းမိုးမယ်။ ရေလွှမ်းမိုးရင် ရွာတွေ၊ မြို့တွေ ရေမြုပ်မယ်။ တောတွေလည်း ကုန်မယ်။ အကယ်၍ လူတွေလည်း ရွှေ့ပြောင်းရမယ်။ Dam ရဲ့ အောက်ကျတော့ ရေက မြန်မြန်ဆန်ဆန်ရတာ ရှိမယ်။ အခန့်မသင့်လို့ Dam ကြီး ပြိုကျသွားရင် အောက်ကလူတွေလည်း ရေဘေးဒုက္ခရောက်မယ်။ ရေ Quality ကိုလည်း အများကြီးကို ထိခိုက်သွားမယ်။
“ငါးတွေဘာတွေလည်း ဥလို့ရှိရင် အညာတက်ဥတာ။ Dam ကြီးဆောက်တော့ ငါးတွေဘာတွေ မျိုးတုံးကုန်မယ်။ အကုန်လုံး ပင်လယ်ထဲထိအောင် မြစ်ညာရော၊ မြစ်ကျေရော အကုန်ဒုက္ခရောက်ပြီ။ EIA လုပ်တဲ့ သဘောတရားက အဲဒါတွေပဲ။ သဘာ၀၀န်းကျင်နဲ့ ပတ်သက်ပြီးတော့ Dam တွေ ဆောက်လို့ရှိရင် သူ့ရဲ့ Standard တွေ၊ သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ သူများနိုင်ငံတွေမှာ ဒါတွေက ဥပဒေ ထုတ်ပြီးသား။”
ဧရာဝတီမြစ်ကြောင်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်ပြီး မလုပ်သင့်ဘူးလို့ EIA လေ့လာမှုတွေကနေ ပြောထားကြောင်း သိရတယ်လို့ မအားနန်က ပြောပါတယ်။
“အရင်ကလုပ်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ EIA Report ကျမတို့တွေ့တယ်။ အဲဒီ EIA Report မှာ တရုတ်ပညာရှင်တွေနဲ့ မြန်မာက လေ့လာသုံးသပ်မှု လုပ်ထားတဲ့ နေရာမှာ ပညာရှင်တွေကိုယ်တိုင် ဒီ မြစ်ဆုံ ရေကာတာကို မဆောက်ဖို့ တိုက်တွန်းထားတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဆိုးကျိုးတွေကို ဂရုစိုက်မယ်ဆိုရင် ဧရာဝတီ ရေကာတာကြီးကို မဆောက်ဖို့ ဆိုပြီး သူတို့က အတိအလင်း ပြောထားတဲ့ဟာ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါကိုလည်း သူတို့ ဘယ်တော့မှ ထုတ်ဖော် ပြောတာ မရှိဘူး။ ဒီလို ဖြန့်ဝေတာတွေ မရှိဘူး။”
လျှပ်စစ်ကဏ္ဍနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ထိခိုက်မှုဆိုင်ရာ ဘက်ပေါင်းစုံ လေ့လာဖို့ လိုအပ်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုမျိုး ဖြစ်အောင် ကြိုးစားဖို့ လိုတာပါ။
“ကျောက်မီးသွေးသုံးတာ အဆိုးဆုံးပဲ။ ကျောက်မီးသွေးထက် ဒီဇယ်၊ ဓာတ်ဆီက သက်သာတယ်။ ဒီဇယ်၊ ဓာတ်ဆီထက် ဂက်စ်က သက်သာတယ်။ ဂက်စ်ထက် ရေအားလျှပ်စစ်က သက်သာတယ်။ ဒါမှန်တယ်။ သို့သော်လည်း အဲဒါလုပ်တဲ့အတွက် လူတွေရော၊ သဘာ၀၀န်းကျင်ရော ပျက်စီးတာတွေလည်း ထည့်စဉ်းစားရမယ်။ အဲဒါတွေ မစဉ်းစားဘဲလုပ်တာ အဓိပ္ပာယ်မရှိတဲ့ တိုးတက်မှု ခေါ်တယ်။”
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံသားတွေထက် အိမ်နီးချင်း တရုတ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိစေမှာမို့ မြန်မာ့နောင်ရေးအတွက် ရပ်ဆိုင်းပစ်ဖို့ လိုအပ်ပါတယ်။
“မြစ်ဆုံက ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ယူနန်က လျှပ်စစ်လိုင်းကနေ တဆင့် တရုတ်ပြည်ကို တင်ပို့မယ်လို့ CPI ကုမ္ပဏီက သတင်းတခုမှာ ရေးထားတယ်။ တကယ်တမ်း ရေကာတာဆောက်မယ့် အချိန်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေ ဒီဒေသခံ ပြည်သူလူထုတွေဆီ ရောက်တယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေက လျှပ်စစ်ဓာတ်အားလည်း မရဘူး။ ဒီကနေ အကျိုးအမြတ် ဘာမှလည်း မရဘူး။ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့ဟာတွေလည်း အများကြီးဖြစ်တယ်။ ဒေသခံ ပြည်သူလူထုတွေ ပါဝင်ဆုံးဖြတ်မှု မရှိတဲ့၊ ပြီးတော့ မြန်မာနိုင်ငံ တခုလုံး အနာဂတ်တွေမှာ ဆိုးကျိုးဖြစ်စေမယ့် ဒီလို ကြီးမားတဲ့ ရေကာတာကြီးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေကို တောင်းဆိုချင်တယ်။”
မြစ်ဆုံ ရေအားစီမံကိန်းကို ဆက်ပြီး မလုပ်ဖို့အတွက် မြန်မာအစိုးရကိုသာမက တရုတ်အစိုးရကိုပါ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းမျိုးစုံက တောင်းဆိုမှုတွေ အပြင်းအထန် လုပ်ဆောင်နေတာပါ။