အဲဒီပုံပြင်ဟာ လူအများရဲ့ စိတ်နှလုံးကို သိမ်းယူ စိုးပိုင်နိုင်ခဲ့ရာ ချီရှီး ဟာ နှစ်ပေါင်း နှစ်ထောင်ကျော်လာတဲ့အထိ ထုံးတမ်း အစဉ်အလာ တစ်ခုလို ထိမ်းသိမ်းစောင့်ရှောက်ခြင်း ခံခဲ့ရပါသည်။ ယနေ့ခေတ်မှာတော့ ချီရှီး ကို လူငယ်အများစုက တရုတ်ချစ်သူများနေ့အဖြစ် ရှုမြင်ကြပြီး သူတို့ရဲ့ လက်တွဲဖော်များနဲ့အတူ အထိမ်းအမှတ် အခမ်းအနားတွေ ဆင်နွဲလေ့ရှိကြပါသည်။
ယခုနှစ်ရဲ့ တရုတ်ချစ်သူများနေ့မှာ ပေကျင်းတစ်မြို့ တည်းမှာတင် ချစ်သူစုံတွဲ(၄၂၅၁)ဦး လက်ထပ်ထိမ်းမြားဖို့ မှတ်ပုံတင်ခဲ့ကြပြီး ဒီအရေအတွက်ဟာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ လက်ထပ်ကြတဲ့ အရေအတွက်ထက် အဆ(၂၀၀) ပိုပြီးများပြား ခဲ့တယ်လို့ စာရင်းများမှာ ဖော်ပြထားပါသည်။ ပေကျင်းက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဌာနကလည်း အဲဒီနေ့မှာ ပုံမှန်ရုံးချိန်ထက် တစ်နာရီ စောပြီး ဖွင့်လှစ်ပေးခဲ့ရသလို စာရင်းသွင်းလိုတဲ့ ချစ်သူစုံတွဲတွေကလည်း တစ်ရက်ကြိုပြီး ရုံးရှေ့မှာ တန်းစီစောင့်ဆိုင်းခဲ့ကြရကြောင်း သိရပါသည်။
0 comments:
Post a Comment
Thankyou for visiting my site.