London အုံကြွမှု အခြားနယ်များသို့ ပျံ့နှံ့


လန်ဒန်မြို့ရှိ လူဆင်းရဲများ နေထိုင်ရာ ဒေသများသို့ ဆက်လက် ပျံ့နှံ့လာသည့် လူထုအုံကြွမှုများမှာ လွန်ခဲ့သည့် တနင်္လာနေ့ညက နေရာခြောက်နေရာ တွင်ထပ်မံ ဖြစ်ပေါ်နေပြီး ဝန်ကြီးချုပ်ဖြစ်သူ  ဒေးဗစ်ကင်မရွန်းမှာလည်း ၎င်း ၏အားလပ်ရက် အနားယူမှုကို အဆုံးသတ်ပြီး အင်္ဂါနေ့တွင် နိုင်ငံ သို့ပြန်လည်မည် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဆန္ဒပြမှုများမှာ Hackney, Lewisham, Clapham, Peckham, Croydon နှင့် Woolwich တို့အပြင် ဘာမင်ဂမ်မြို့များသို့ပါ ပျံ့နှံ့သွားခဲ့ပြီး ကားများကို မီးရှို့ဖျက်ဆီးကြပြီး နေအိမ်မှန်ချပ်များကိုလည်း ခွဲချေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုလို လူထူအုံကြွမှုမှာ လွန်ခဲ့သော တနင်္ဂနွေနေ့ညက စတင်ကာ တော်တင်ဟမ်မြို့တွင် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး  ရဲတပ်ဖွဲ့မှ ဂိုဏ်းအဖွဲ့တစ်ခု မှအဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် လူအများမှပြောရာ၌ ယခုလို အုံကြွမှုဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ခြိုးခြံချွေတာရေးလမ်း စဉ်ကြောင့်ဖြစ်ကြောင်း ပြောကြသည်။ ယခုလိုဖြစ်ရပ် ကြောင့် လန်ဒန်ရဲတပ်ဖွဲ့အတွက် ပိုမို အကြပ်ရိုက်စေမှုမှာလာမည့် ၂၀၁၂ လန်ဒန်အိုလံပစ် ပွဲကျင်းပရာ နေရာအနီးတွင် လူထုအုံကြွမှု ဖြစ်ပေါ်နေခြင်း ပင်ဖြစ်ပြီး ယခုဖြစ်စဉ်မှာ လွန်ခဲ့သည် ၁၉၈၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အုံကြွမှုအပြီးတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

0 comments:

Post a Comment

Thankyou for visiting my site.