တရားရုံး ရှေ့နေများ၏ အပြောအရ Wallace မှာ ကွန်ပြူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲပြီး ယင်းပရိုဂရမ်အရ Facebook ၏ spam ဆန်ကာကို ကျော်ဖြတ်နိုင်ပြီး သုံးစွဲသူများ ၏ account အချက်အလက် အသေးစိတ်ကို ပေးစေရန် လှုံဆော်သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ သုံးစွဲသူများ ကို ၎င်း၏ မိတ်ဆွေများထံမှ ပေးပို့သည့် စာများကဲ့သို့ စာတုများ ဖန်တီးပြီး ပေးပို့ခဲ့သည်။
ယင်းစာများမှာ ၎င်းချိတ်ဆက်ထားသည့် ဝက်ဆိုက်များ ကို ဝင်ရောက်စေရန် ဆွယ်သည့်စာများ ဖြစ်ပြီး အဆိုပါ ဝင်ရောက်မှုမှ တစ်ဆင့် ၎င်းအနေဖြင့် ပမာဏတစ်ခု ရှိသည့် ငွေကြေးများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း အမှုစွဲဆိုသူများမှ ပြောကြားခဲ့သည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ အား Wallace ကိုယ်တိုင် ပြောကြား ဝန်ခံခဲ့ခြင်း ဖြစ်ကာ ၎င်းအနေဖြင့် အပြစ်မရှိကြောင်းလည်း ပြောကြားခဲ့သည်။ သို့ရာတွင် ယခုလို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။
0 comments:
Post a Comment
Thankyou for visiting my site.