ကမ္ဘာပေါ်ရှိ အများစုသော ကွန်ပြူတာများတွင် နေရာယူထားသည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ Window ဆော့ဖ်ဝဲမှာ ၎င်း၏ မျိုးဆက်သစ် တီထွင်မှု အသစ်တစ်ရပ်ကို ဖော်ထုတ်လိုက်ပြန်ပြီ ဖြစ်သည်။မိုက်ခရိုဆော့်ဖ်၏ အဓိက အွန်လိုင်း ရှာဖွေမှု ဖြစ်သည့် Window Explorer၏ ဖိုင်စနစ် စီမံခန့်ခွဲမှု ပရိုဂရမ် တစ်ခုကို လာမည့် Window 8 တွင် ပိုမို လွယ်ကူစွာ အသုံးပြုနိုင်မည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်အား တီထွင်လိုက်ပြီ ဖြစ်ကြောင်း window ဌာနခွဲမှ ဥက္ကဋ္ဌ ဖြစ်သူ Steven Sinofsky မှ ထုတ်ပြန် ပြောကြားလိုက်သည်။
Window Explore မှာ Window Desktop များကို သုံးစွဲသူများ အတွက် အခြေခံ ပရိုဂရမ် တစ်ခုဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ်များအတွင်း ဒီဇိုင်းပုံစံ အမျိုးမျိုးကို ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်း သို့ရာတွင် သိသာ သည့် ပြောင်းလဲမှုကိုမူ အချိန်အတော်ကြာ ကာလအတွင်း မလုပ်ဆောင်ခဲ့ရကြောင်းလည်း ၎င်းမှ ပြောခဲ့သည်။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ လွန်ခဲ့သော ဇွန်လက window 7 ကို ကျော်လွန်နိုင်မည့် ထိတွေ့ မျက်နှာပြင်နှင့် အိမ်သုံးကွန်ပြူတာ နှစ်မျိုးလုံးတွင် အဆင်ပြေစေ မည့် ဆော့ဖ်ဝဲသစ် ကို ထုတ်ဖော် ပြသခဲ့ပြီးနောက် ယခုလို အဆင့်မြင့် တင်ထားသည့် file management စနစ်ကို ထပ်မံ ထုတ်ဖော် ပြသလိုက်ခြင်းပင် ဖြစ်သည်။ယခုလို ထုတ်ဖော်ပြသမှုနှင့် အတူ မိုက်ခရိုဆော့ဖ်တို. အနေဖြင့် နောက် ထပ် လုပ်ဆောင်ချက် အသစ် အသစ်များကို ထပ်မံ ထွက်ရှိလာအောင် ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ကတိပေး ပြောကြားလိုက်သည်။
0 comments:
Post a Comment
Thankyou for visiting my site.