အဆိုပါ ဆေးကုမ္ပဏီမှာ အစိုးရမှ သတ်မှတ်ထားသည့် အညွန်းစာ သတ်မှတ်ချက်ကို ဖောက်ဖျက်ခဲ့သည့် အပြင် ဆေးအတုများကို ရောင်းချခဲ့ခြင်း ဖြစ်သဖြင့် ယင်းဆေး ကုမ္ပဏီကို ကြော်ငြာပေးခဲ့သည့် အတွက် Google အား ယခုလို ဒဏ်ကြေး ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ယခုကိစ္စအတွက် လွန်ခဲ့သည့် မေလမှ စတင်ကာ စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မူလက Google ကုမ္ပဏီမှာ ပမာဏ များပြားသော ငွေကြေးများကို ပေးဆောင်ရန် သဘောတူညီခြင်း မရှိသည့်အတွက် ယခုလို စစ်ဆေးမှု ပြုလုပ်ရခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးမှု အရ Google အနေဖြင့် တရားမဝင်သည့် ဆေးကို ကြော်ငြာမိသဖြင့် ယခုလို ဒဏ်ကြေး ပေးဆောင် စေရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ယခုလို ပေးဆောင်ရမှုကြောင့် Google ကုမ္ပဏီ အနေဖြင့် ၎င်း၏ လေးလပတ် အမြတ်ငွေများထဲမှ ၂၂ ရာနှုန်းအထိ ဆုံးရှုံးရတော့မည် ဖြစ်သည်။
0 comments:
Post a Comment
Thankyou for visiting my site.