Touchscreen guitar နဲ့ ဂစ်တာတီးသီချင်းဆိုကြရအောင်


ဂစ်တာကို အရူးအမူး နှစ်သက်စွဲလန်းသူများအတွက် Kitaraကို တွေ့ရခြင်းသည် အတော်လေး ကမောက်ကမနိုင်သော ခံစားမှုမျိုးနှင့် ကြုံရနိုင်ဖွယ်ရှိသည်။ Kitaraကို အသုံးပြုသော ဂစ်တာသမားအဖို့ ကြိုးညှိရသော ဒုက္ခမှ ကင်းဝေးမည်မှာမူ အသေအချာပင်ဖြစ်သည်။ iPhone၏ မျိုးဆက်တစ်ခုဟု တင်စားခံရသော Kitaraသည် ယနေ့ခေတ်တွင် အကြီးအကျယ် လူကြိုက်များနေသော Touchscreenနည်းပညာကို အသုံးပြုထားသည်။

Keyboardပုံစံ ဂစ်တာတွင် (၈)လက်မအရွယ် Touchscreenတစ်ခု ပါရှိပြီး ယင်းတွင် ထင်ဟပ်နေသော ကြိုးပုံများကို အသုံးပြုကာ သာမန်ဂစ်တာ တစ်လုံးကဲ့သို့ တီးခတ်နိုင်မည်ဖြစ်သည်။ Touchscreen၏ အာရုံခံစနစ်သည် တီးခတ်သူ၏ အားစိုက်မှု၊ လက်အရွေ့အလျားတို့အလိုက် အသံအနိမ့်အမြင့် စသည်တို့ကို သာမန်ဂစ်တာ တစ်လုံးကဲ့သို့ပင် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ သံစဉ်အဆွဲအငင်၊ အဖိအဖော့တို့ကိုလည်း ဂစ်တာတစ်လုံးကဲ့သို့ပင် တီးခတ်နိုင်မည်ဟုဆိုသည်။

Kitaraကို လက်တွေ့စမ်းသပ် တီးခတ်ပြီးနောက် အစောပိုင်း သုံးသပ်ချက်များအရ အများစုက နှစ်သက်လျက်ရှိကြသည်။ အချို့ကမူ Kitara၏ ဈေးနှုန်းပိုင်း ကြီးမြင့်မှုမျိုးကဲ့သို့ ပြဿနာအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။ MISAမှ ထုတ်လုပ်သည့် Kitaraသည် ဒေါ်လာ (၈၅၀)၀န်းကျင်မျှထိ ဈေးနှုန်းကြီးမြင့်ဖွယ် ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Thankyou for visiting my site.