သမ္မတ အိုဘားမားသည် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ရောက်နေတဲ့ အတ္တလန္တိတ် လွန်းပျံယာဉ်မှ အာကာသယာဉ်မှူးများကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပြီး နှစ်(၃၀)ကျော် ကာလအတွင်း အာကာသလွန်းပျံယာဉ် အစီအစဉ်များကို အကောင်အထည်ဖော်ပေးခဲ့သည့် ၀န်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အတ္တလန်္တိတ် လွန်းပျံယာဉ်ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ ရပ်နားထားပြီး ဇူလိုင်လ (၂၁)ရက်နေ့မှာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ဖို့ စီစဉ်ထားသည်။ အမေရိကန်နိုင်ငံမှ အာကာသခေတ်ကို ဦးဆောင်နိုင်ဖို့ နာဆာရဲ့ ထောင်နဲ့ချီတဲ့ ၀န်ထမ်းတွေက အကူအညီပေးခဲ့တာဖြစ်ကြောင်း၊ နာဆာအဖွဲ့ကြီး အနေနဲ့ ကမ္ဘာမြေကို လွန်မြောက်ပြီး၊ အင်္ဂါဂြိုဟ်အထိ စူးစမ်းမှုများ ပြုလုပ်နိုင်ဖို့ ခေတ်မီနည်းပညာများကို ဖန်တီးတိုးချဲ့ဖို့ တာဝန်ပေးခဲ့ကြောင်း သမ္မတ “အိုဘားမား”က ပြောကြားခဲ့သည်။ အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသည့် အာကာသယာဉ်များ စေလွှတ်နိုင်မည့် သမ္မတ “အိုဘားမား”ရဲ့ ရည်မှန်းချက်ကို (၂၀၃၀)ခုနှစ်မှာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားသည်။
0 comments:
Post a Comment
Thankyou for visiting my site.