အောက်ဆီဂျင်မှာ စကြဝဠာ အတွင်းတွင် အများဆုံးသော ပစ္စည်းတစ်ခု ဖြစ်ပြီး ဟိုက်ဒရိုဂျင် နှင့် ဟီလီယံပြီးလျင် တတိယမြောက် အပေါများဆုံး ဝတ္ထုတစ်ခုလည်း ဖြစ်သည်။၎င်း၏ မော်လီကျူလာ ပုံစံမှာ အက်တမ်နှစ်လုံးကို အီလက်ထရွန်များ နှစ်ထပ် ပူးပေါင်းထားသည့် ပုံဖြစ်ပြီး ကမ္ဘာကြီးအား သက်ရှိများ ဖြစ်တည်စေရန် အကူအညီပေးသည့် ပုံစံတစ်ခုလည်း ဖြစ်သည်။
သို့ရာတွင် ယင်းသို့သော ပုံစံများကို ယခင်က အာကာသအတွင်း တစ်ကြိမ်မျှတွေ့ရှိခဲ့ခြင်းမရှိပေ။ယခုလို သဲလွန်စကို စွမ်းအား အလွန်မြင့်မားသည့် ရှယ်အာကာသကြည့် မှန်ပြောင်းမှတစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အနီအောက်ရောင်ခြည်ကိုပင် အာရုံခံနိုင်သည့် ယင်းမှန်ပြောင်းတွင် သေးငယ်သည့် အောက်ဆီဂျင် မော်လီကျူး၏ လက္ခဏာကို တွေ့ရှိရာမှ တစ်ဆင့် ယခုလို ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။သို့ရာတွင် ယခုလို တွေ့ရှိမှုမှာ သေးငယ်သည့် ပမာဏပင်ဖြစ်ပြီး အဘယ်ကြောင့် ယခုလို ဖြစ်တည်နေသည်ကို နားမလည်နိုင်သေးကြောင်းကိုလည်း ယင်းသိပ္ပံပညာရှင်များမှ ပြောကြားခဲ့သည်။
0 comments:
Post a Comment
Thankyou for visiting my site.