အွန်လိုင်းကနေ ဘာသာပြန်မယ်

ဘာသာစကား  ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော
ဝက်ဘ်ဆိုက်တစ်ခု  လွှတ်တင်ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက်
လွယ်ကူအဆင်ပြေစေကြောင်း ၆-၆-၂၀၁၁ ရက်က သိရသည်။ ယင်းဘာသာစကား ၂၄ မျိုးမှာ
အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊
  ရုရှား ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊
ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish
ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့
ပြန်ဆိုရန် http://www.myordbok.com/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
“ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ
ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်လိုက်ရုံပဲ။
ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို
ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက
ရှင်းပြသည်။ အဆိုပါ http://www.myordbok.com/သို့ ဝင်ရောက်လေ့လာကာ
ဘာသာပြန်လိုသူများအနေဖြင့် ဘာသာမပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို
ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက်
သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင်
အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ် ပြည်မြန်မာ
ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Thankyou for visiting my site.