အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ စာမျက်နှာတွင် ပုံ သို့မဟုတ် စာ အသစ်တင်လိုက်တိုင်းတွင် facebook မှ ယင်းပုံများ စာများကို မည်သည့် member များမှ ကြည့်စေလိုသလဲ ဆိုသည့် အချက်ကို မေးမြန်းမည် ဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် everyone သို့မဟုတ် friend only သို့မဟုတ် အခြား သီးသန့် သူငယ်ချင်းကို ကြည့်စေ လိုသလား ဆိုသည့် မေးမြန်းချက် အသစ် ထွက်ပေါ်လာမည် ဖြစ်သည်ဟု သိရသည်။
အလားတူပင် profile information တွင်လည်း ယင်းသို့ မေးမြန်းမည် ဖြစ်ကြောင်း သိရသည်။ယခုလို setting အသစ်မှာ အသုံးပြုသူများ၏ profile စာမျက်နှာများရှိ ပါဝင်သည့် အချက်များဘေးတွင် ပေါ်ထွက်လာမည် ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် setting သို့ သွားရောက်ပြင်ဆင်ရန် လိုအပ်မည် မဟုတ်ဟုလည်း သိရသည်။ ယခုလို ပြင်ဆင်နိုင်မှုမှာ Google+ ပေါ်ထွက်လာပြီး နောက်ပိုင်း ယင်း စနစ်တွင် ပါရှိသည့် circle ရွေးချယ်မှုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် facebook ၏ အသစ်တီထွင်မှု တစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment
Thankyou for visiting my site.