အနာဂတ်နည်းပညာ


အနာဂတ္တိအမေရိကန်သိပ္ပံရှင်များက နာနိုတက္ကနိုလော်ဂျီ နှင့် ခန္ဓာဗေဒကို ပိုမိုနားလည်လာခြင်းများမှ နောက်နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်းမှာပင် လူသားများသည် “မသေမျိုး” (Immortal) ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ရှေးဆယ်စုနှစ်များ၏ အနာဂတ် နည်းပညာများကို ခန့်မှန်းတွက်ချက်သူ ရေး ကာ့ဇွီ (Ray Kurzwei) က “ကျွန်တော်နဲ့ တခြားသိပ္ပံပညာရှင်အများအပြားဟာ နောက်နှစ်ပေါင်း ၂၀ ၀န်းကျင်လောက်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ပရိုဂရမ်ရေးဆွဲ (Reprogramme) နိုင်မယ့် ကျောက်ခေတ်ဆော့ဝဲ (Stone-age Software) ခေါ်တဲ့ နည်းလမ်းကို ရရှိလိမ့်မယ်လို့ အခု ယုံကြည်နေကြပါတယ်။ ဒီလိုဆိုရင် အသက်အရွယ်ကြီးရင့်မှုကို ပြောင်းပြန်လှန်ပြီး ရပ်တန့်စေနိုင်ပါလိမ့်မယ်။ နာနိုတက္ကနိုလော်ဂျီက ကျွန်တော်တို့ကို အမြဲတမ်းအသက်ရှင်သန်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။ အသက် ၆၁ နှစ်အရွယ်၊ မိုက်ခရိုဆော့ဖ်နာယက ဘီလ်ဂိတ်ကိုယ်တိုင်က ကမ္ဘာပေါ်ရှိ ဉာဏ်ရည်အထက်မြက်ဆုံး အနာဂတ္တိဆရာလို့ ချီးကျူးထောပနာပြုခံရတဲ့ သိပ္ပံပညာရှင်ကြီးက “ကျွန်တော်တို့ဟာ လူ့သမိုင်းရဲ့ စိတ်လှုပ်ရှား စရာအကောင်းဆုံး ကာလတစ်ခုကို ဖြတ်သန်းရှင်သန်နေကြပါတယ်” ဟု ပြောကြားခဲ့သည်။ “ကွန်ပြူတာ နည်းပညာ၊ မျိုးရိုးဗီဇအကြောင်း ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ပုံဆော့ဝဲပရိုဂရမ်တွေဟာ မယုံနိုင်စရာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်” ♀ ♀ ♀ ♀ ♀ အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက် နည်းပညာဆိုင်ရာစွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု ဆိုပါသည်။ ♀ ♀ ♀ ♀ ♀ ဆဲလ်ပမာဏသာရှိတဲ့ နာနိုဘော့ထ် (Nanobot) လို့ခေါ်တဲ့ သွေးရည် ရေငုပ်သင်္ဘောလေးတွေကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ပြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါသည်။ ဤနာနိုဘော့ထ်ကို အကျိတ်အခဲတွေကို ဖျက်ဆီးချေဖျက်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေမှာ အမာရွတ်မထင်အောင် လုပ်ဆောင်ရာမှာ မကြာခင်အသုံးချနိုင်တော့မည် ဖြစ်ပါသည်။ “အဆုံးစွန်ပြောရရင် နာနိုဘော့ထ်တွေကို လူရဲ့ သဘာဝသွေးဆဲလ်တွေ နေရာမှာအစားထိုးပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို အဆပေါင်းထောင်ချီပြီး တိုးပွားလာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။ အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု ဆိုပါသည်။ နာနိုတက္ကနိုလော်ဂျီသည် လူသားကို မသေမျိုးအဖြစ် အောင်မြင်မှုရအောင် ကူညီလိမ့်မည်ဟု ကာ့ဇွီက ဆိုသည်။ “ဒီရာစုနှစ်ရဲ့ အလယ်ပိုင်းလောက်မှာ ကျွန်တော်တို့ကို ဘယ်သူတွေဖြစ်တယ်ဆိုတာကို ပုံဖော်ပေးတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ဦးနှောက်တွေရဲ့ အချက်အလက်မိတ္တူတွေကို သိမ်းဆည်း (Back-up) နိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ တကယ်ကို မသေမျိုးဖြစ်ပြီပေါ့” “နာနိုတက္ကနိုလော်ဂျီဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ကျယ်ပြန့်တိုးပွားလာစေ ပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို မိနစ်ပိုင်းအတွင်း ရေးသားနိုင်စွမ်းလိုမျိုးပေါ့” “ပုံရိပ်ယောင်အစစ်အမှန် (Virtual-reality) အခြေအနေကို သွားချင်သပဆိုရင်လည်း နာနိုဘော့ထ်တွေက ဦးနှောက်ရဲ့အချက်ပြမှုတွေကို ပိတ်ပစ်ပြီး မိမိသွားလိုရာ ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားပါလိမ့်မယ်။ ပုံရိပ်ယောင်လိင်ကိစ္စဟာ (Virtual Sex) ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ပုံဖော်ပြတဲ့ “ရုပ်ကြွ” (Hologram) ပုံရိပ်တွေ ဦးနှောက်မှာ ထင်ဟပ်လာပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒါ့အပြင် သိပ္ပံပညာရှင်များက အနာဂတ်တွင် လူသားသည် အတုပြုလုပ်ထားသော အရိုး၊ ကိုယ်တွင်းအင်္ဂါများဖြင့် “လူတစ်ပိုင်းစက်တစ်ပိုင်း” (Cyborg) များဖြစ်လာကြလိမ့်မည်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။

0 comments:

Post a Comment

Thankyou for visiting my site.