Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

ၾသစေတးလ် နိုင်ငံကူး လက်မှတ် လိင် သုံးမျိုးဖြင့် ထုတ်လုပ်

သြစတေးလျ နိုင်ငံကူး လက်မှတ် လိင် သုံးမျိုးဖြင့် ထုတ်လုပ်

သြစတေးလျ နိုင်ငံ မှာ နိုင်ငံ အတွင်း ရှိ  ကျား ၊ မ ခွဲခြား ဆက်ဆံမှု များနှင့် ပတ်သက်ပြီး လျှော့ချရေး ဆောင်ရွက် ချက် တစ်ရပ် အနေဖြင့် ၎င်း တို့ ၏ နိုင်ငံ ကူး လက်မှတ် များတွင် ကျား၊ မ နေရာ၌ ကျား ၊ မ နှင့် X ဆို၍ သုံးမျိုးဖြင့် ပြုလုပ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယခင်က သြစတေးလျ နိုင်ငံတွင် လိင်ြေ ပာင်းလဲ သူများကို တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိဘဲ ယခင်က ရှိသည့် လိင်အတိုင်းသာ ကျား၊ မ ခွဲခြား ခေါ် ဆိုခဲ့ခြင်း ဖြစ်ကာ ယခုလို ပြောင်းလဲပေးခြင်းကြောင့် လိင်ပြောင်းလဲ ခွဲစိတ်မှု ပြုထားသူများ အတွင်း အခွင့်အရေးများ ရရှိလာခဲ့ပြီ ဖြစ်သည်။

ယခုလို ပြင်ဆင် သတ်မှတ်ပေးခြင်းဖြင့် လိင်ပြောင်းလဲ ပြုပြင်ထားသူများ အတွက်  ဘဝဖြတ်သန်းမှုတွင်လွယ်ကူလာပြီ ဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်း အဆင့်ဆင့်မှ ကန့်သတ်ထားသည့် ဝန်ထုပ်များ ပေါ့သွားခဲ့သည့် အပြင် ပြောင်းလဲထားသည့် လိင်နှင့် လျော်ညီသည့် နိုင်ငံကူး လက်မှတ်ကို ရရှိသွားမည် ဖြစ်သည်ဟု သြစတေးလျ ဝန်ကြီးချုပ် Kevin Rudd မှ ထုတ်ဖော် ပြောကြားခဲ့သည်။

လူစိမ်းများမှ ရေးသား ပေးပို့သည့် စာများကို ဖေ့စ်ဘုတ်ခ် အသုံးပြုသူများ ခြေရာခံနိုင်ပြီ

လူစိမ်းများမှ ရေးသား ပေးပို့သည့် စာများကို ဖေ့စ်ဘုတ်ခ် အသုံးပြုသူများ ခြေရာခံနိုင်ပြီ

 
လွန်ခဲ့သည့် ဇွန်လက Googe+ ဖြန့်ချိပြီး နောက်ပိုင်းတွင် အွန်လိုင်း လူမှုရေး ကွန်ရက်ဝက်ဆိုက် တစ်ခုဖြစ်သည့် Facebook မှာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အတတ်နိုင်ဆုံး ဆန်းသစ် တီထွင်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ယခုလည်း Twitter ပုံစံ သတင်း အချက်အလက်များ လုံခြုံရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှု အသစ် တစ်ရပ်ကို မိတ်ဆက် လိုက်ပြန်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် အင်္ဂါနေ့က ထုတ်လုပ်လိုက်သည့် Smart List ခေါ် လုပ်ဆောင်ချက် အသစ်တစ်ခုအရ  Facebook အသုံးပြုသူများ အနေဖြင့် ၎င်းတို့ ၏ မိတ်ဆွေ သူငယ်ချင်းများကို  အလိုအလျှောက် ခွဲခြားနိုင်တော့မည် ဖြစ်ကာ ဦးစားပေးလိုသူများကို ဆိုက်မှ အလိုလို ခွဲခြားပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ယခု လုပ်ဆောင်ချက်မှာ မိမိတို့ အသင်းသားများ ၏  နှစ်များစွာ ကြာအောင် ကြိုးစားခဲ့ရသည့် တီထွင်မှု ရလာဒ် တစ်ခု ဖြစ်သည်ဟု Facebook ၏ ထုတ်လုပ်မှု ဒါရိုက်တာ ဖြစ်သူ Blake Ross မှ ထုတ်ဖော် ပြောကြားလိုက်သည်။ Facebook မှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်က စတင်ကာ အသင်းဝင်များအား ကိုယ်တိုင် ခွဲခြားရသည့် မိတ်ဆွေ စာရင်းကို ပြုလုပ်ပေးထားပြီး ဖြစ်ကာ မိမိဝေမျှလိုသူကိုသာ ကြည့်ရှု့စေနိုင်မည့် စနစ်ကို အကောင်အထည် ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု စနစ်သစ် အရမှု Facebook အသုံးပြုသူများ အနေဖြင့် မိတ်ဆွေများကို အလုပ် ၊ကျောင်း ၊ မိသားစု ၊နှင့် မြို့ဟု၍ အလိုအလျှောက် အုပ်စုလေးစု ဖွဲ့ပေးမည် ဖြစ်ပြီး  အလိုအလျောက် စာရင်း လုပ်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် Facebook ကို ကမ္ဘာ အနှံ့ရှိ လူပေါင်း သန်း ၇၅၀ မှ အသုံးပြုနေကြပြီး ယခုလို ဝန်ဆောင်မှု အသစ်တိုးပေးခြင်းဖြင့် သုံးစွဲသူများ အတွက် ပိုမို လွယ်ကူလာတော့ မည် ဖြစ်သည်။