Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

အင်တာနက်က သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်

အင်တာနက်က သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်


င်္Facebook နှင့် YouTube ကဲ့သို့ အင်တာနက် ၀က်ဘ်ဆိုက် များမှာ သက်ကြီးရွယ် အိုများ အတွက် ဦးနှောက် ကို နိုး ကြားသွက်လက်စေပြီး မှတ်ဥာဏ် လျော့ကျ ပျက်စီးခြင်းအား ကာ ကွယ်တား ဆီးနိုင် ကြောင်း သိပ္ပံ ပညာရှင်များက ပြော ကြားသည်။ှSocial Networkin ၀က်ဘ် ဆိုက်များနှင့ှ်ု Skype ကဲ့သို့ အွန် လိုင်းဝန် ဆောင်မှုများကို မကြာ ခဏ အသုံးပြုတတ် သည့်သက်ကြီး ရွယ်အိုများမှာ ထိုသို့အသုံးပြုလေ့ မရှိသည့် သက်ကြီး ရွယ်အိုများ ထက် ဦးနှောက်ပိုင်း ဆိုင်ရာတွင် ပို၍ နိုးကြား သွက်လက်ကြကြောင်း လေ့လာမှု တစ်ခုက ဆိုသည်။ အင်တာနက်သုံးခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ် ကျခြင်းတို့ကို လျော့နည်းစေနိုင် သလို သက်ကြီးရွယ်အိုများအတွက် လူမှုပတ်ဝန်း ကျင်နှင့်ထိတွေ့ဆက်ဆံမှုတွင် အထောက်အကူ ဖြစ်စေသည်။ Social network နှင့် IT နည်းပညာ တို့မှာ သက်ကြီးရွယ်အိုများကို ပိုမိုနုပျိုစေနိုင်ပြီး မှတ်ဥာဏ်ကိုလည်း ပိုမိုတိုးတက် စေ နိုင်ကြောင်း သိရသည်။ အီတလီနိုင်ငံမှ သုတေသနပညာရှင်များက စောင့် ရှောက်ရေး ဂေဟာနှစ်ခုရှိ သက်ကြီးရွယ်အိုများကို လေ့လာမှုများပြုလုပ်ခဲ့ကြ သည်။
အဆိုပါ ဂေဟာများတွင်လက်ပ်တော့နှင့် ၀ါယာလက်စ်အင်တာနက်စနစ် များ တပ်ဆင်ပေး ထားပြီး အင်တာနက်သုံးစွဲပုံကို သင်ကြားပေးခဲ့ကြသည်။ သက်ကြီးရွယ်အိုများကိုလည်း Facebook, Twitter ကဲ့သို့ Social networking ၀က်ဘ်ဆိုက်များနှင့် Skype ကဲ့သို့ အွန်လိုင်းမှ တယ်လီဖုန်း ဆက် သွယ်ပြောဆိုနိုင်သည့် ၀က်ဘ်ဆိုက်များတွင် ၎င်းင်းတို့၏ ကိုယ်ပိုင် Account များပြုလုပ်ပေးခဲ့သည်။ ထိုလေ့လာမှုအရ အင်တာနက် အသုံးပြုသည့် သက် ကြီးရွယ်အိုများမှာ အင်တာနက် အသုံးမပြုသည့် သက်ကြီးရွယ်အိုများထက် ပိုမိုနိုးကြား တက်ကြွမှုရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အင်တာနက်မ Social networking ၀က်ဘ် ဆိုက်များ အသုံးပြု သည့် သက်ကြီးရွယ်အို အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအ ထိ တိုးတက်လာခဲ့သည်။ Facebook  နှင့် MySpace တွင် profile ပြုလုပ်ထား သူများအနက် ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို အငြိမ်းစားများဖြစ်ကြသည်။ သက်ကြီးရွယ်အို ၁ဒသမ၅သန်းကျော်မှာ င်္ Facebook တွင် profile ပြုလုပ် ထားပြီး Skype အသုံးပြုကာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ဆက်သွယ်လေ့ ရှိကြကြောင်းလည်း သိရသည်။

နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်

နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်


နေလုံးကြီးသည်ပုံမှန်မဟုတ်သောလှုပ်ရှားဆီသို့ ဦးတည်နေသောကြောင့် ကမ္ဘာမြေသည် ဆယ်နှစ်အတွင်းရေခဲခေတ်အငယ်စားတစ်ခုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်းသိပ္ပံပညာရှင်များက ဇွန်လ(၁၅)ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၀ပြည့်နှစ်နောက်ပိုင်းတွင် ကမ္ဘာကြီးပူ နွေးလာမှု ကို လျှော့ချနိုင်သည့် ရလဒ်များရလာဖွယ်ရှိပြီး ယင်းအချိန်၌ပင် နေလုံးကြီး၏ အချို့နေရာများ ပျောက် ကွယ်လာဖွယ်ရှိသည်ဟုဆိုသည်။ နေလုံးကြီး၏ အချို့နေရများ ပျောက်ကွယ် လာမှုသည်ဆယ်စုနှစ်တစ်ခုအတွင်း၌ပင် ဖြစ်ပေါ်လာနိုင်သည်ဟုဆိုသည်။ နေပွက်ကြီး များဖြစ်ပေါ်မှုက ကမ္ဘာမြေရှိဂြိုလ်တု ဆက်သွယ်ရေးလိုင်း များနှင့် ဓာတ်အားလိုင်း များကို နှောင့်ယှက်ဖျက်ဆီးနိုင်ပြီး ယင်းနေပွတ်ကြီးများကြောင့် နေလုံးကြီး၏ အချို့နေရာများ ပျောက်ကွယ်သွား လိမ့်မည်ဟု ဆိုသည်။ ယင်း နောက်နေလုံးကြီး၏အချို့နေရာများတွင် အပူချိန် လျှော့ကျကာကမ္ဘာကြီးသည် ရေခဲခေတ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အ မျိုးသားနေလေ့လာရေးအဖွဲ့မှ ဖရန့်ဟေးခေါင်းဆောင်သောသုတေသနအဖွဲ့ က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၂နှစ်တွင်တစ်ခါနေလုံးကြီး၏ သံ လိုက်စက်ကွင်းပြင်းအားသည် မြောက်မှတောင်သို့ရွေ့လျားလေ့ရှိသဖြင့် ၁၁ နှစ်လျှင်တစ်ခါနေပွက်ကြီးများဖြစ်ပေါ်တတ်သည်ဟုဆိုသည်။ နေလုံးကြီးသည် (၁၁)နှစ်ကြာစက်ဝိုင်းတွင်လေးနှစ်ကြာခန့်နေပွက်အနည်းငယ်မျှသာဖြစ်ပေါ်ပြီး ငြိမ်သက်နေတတ်သည်ဟုဆိုသည်။ သိပ္ပံပညာရှင်များက ၂၀၂၀ပြည့်နှစ်တွင် နေပွက်အလွန်အမင်းများပြားမှုစတင်ဖြစ်ပေါ်ပြီး နေ၏အချို့နေရာများဆုံးရှုံးရ မှုကိုရင်ဆိုင်ရမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။