Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

ဖိုင်လွှင့်ပစ်မရအောင်

ဖိုင်လွှင့်ပစ်မရအောင်

အလုပ်မှာသုံးဖို့ word, excel ဖိုင်တွေကို နာရီပေါင်းများစွာ ကြိုးပမ်းပြီးမှ ဖိုင်ပျက်စီးသွားလို့ ဖွင့်မရတော့တဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ။ သည်အခါ ဖိုင်ကို အသစ်ကနေ ပြန်လုပ်ရုံပဲ ရှိတော့တာပေါ့။ ပျက်စီးနေတဲ့ office ဖိုင်တွေကို ဖွင့်ပေးမယ့် ၀က်ဘ်ဆိုက်တစ်ခု ရှိပါတယ်။
saveofficedata
ဖွင့်မရတဲ့ ဖိုင်တွေကို သည်ဆိုက်မှာ upload လုပ်ပါ။ word ဖိုင်ပဲဖြစ်ဖြစ်၊ xls, ppt ဘာဖိုင်မဆိုရပါတယ်။ သည်ဆိုက်ဟာ ဖိုင်ကို ခွဲခြမ်းစိတ်ဖြာပြီး စာသားတွေကို ရွေးထုတ်ပေးပါတယ်။ သည်တော့ စာပြန်ရိုက်စရာမလိုဘဲ ဖိုင်ကို save လုပ်နိုင်မှာပါ။ တစ်ခုရှိတာက သည်ဆိုက်ဟာ ပျက်စီးနေတဲ့ဖိုင်ကို ပြင်ဆင်ပေးတာ မဟုတ်ပါဘူး။ ဖိုင်ထဲက စာသားတွေကိုချည်း ပြန်ထုတ်ပေးတာပါ။

ဒေတာတွေကို ပြန်ရဖို့သုံးကြည့်နိုင်တဲ့ လိပ်စာကတော့ www.saveofficedata.com ပါ။

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

ဝါရှင်တန်။      ။ ဂျပန်နိုင်ငံမှ ဆိုနီဂိမ်း PS3 ကို အွန်လိုင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် တရားစွဲဆို ခံခဲ့ရသည့် အမည်ဝှက် GeoHot ခေါ် George Hotz အား Facebook မှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

Facebook ပြောရေး ဆိုခွင့်ရှိသူ၏ အပြောအရ Hotz ကို  ၎င်းတို့၏ ကုမ္ပဏီမှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်းနှင့် မည်သည့် အချိန်တွင် အလုပ် စဆင်းမည်နှင့် ကယ်လီဖိုးနီးယား အခြေစိုက် ၎င်းတို့ ကုမ္ပဏီတွင် မည်သည့် နေရာမှ တာဝန်ယူမည် ဆိုသည်နှင့် ပတ်သက်ပြီး ပြောကြားရန် ငြင်းဆန်ခဲ့သည်။

Hotz မှာ i Phone အား ပထမဆုံး တရားဝင် ဟက် ပြခဲ့သူတစ်ဦးလည်း ဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလက ၎င်းနှင့် ဆိုနီ ဂိမ်း PS 3 တို့၏ အမှုမှာ တရားဝင် ကြေအေးခဲ့သည်။ ဆိုနီမှာ Hotz အား ၎င်းတို့၏ ဂိမ်းများကို တရားမဝင် ကစားစေနိုင်ရန် ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလမှ စတင်ကာ အွန်လိုင်း တိုက်ခိုက်မှု ခံခဲ့ရသည့် ဆိုနီတို့၏ PlayStation  ကွန်ယက်မှာ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး အပြည့်အဝ ပြန်လည် အသုံးချနိုင်ပြီ ဖြစ်သည်။