Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိတ်ရောဂါခံစားရနေ



မလေးရှား၌ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်ထားသူများအနက် ၇၀%တွင် စိုးရိမ်မှု၊ စိတ်ဓါတ် ကျခြင်း ၊စိတ်ဖိစီးမှုစသော စိတ်ရောဂါလက္ခဏာများ ခံစားနေရကြောင်း မလေးရှားနိုင်ငံ NGO တစ်ခုက ဆိုသည်။ ယင်းပမာဏသည် သာမန် လူဦးရေနှင့်နှိုင်းယှဉ်လျှင် ၃ဆမျှ များပြား နေကြောင်း Health Equity and Initiatives HEI ဒါရိုက်တာ ဒေါက်တာ Xavier Pereira က ပြောသည်။ ၄င်းလေ့လာချက်အား အသက် ၁၈နှစ်မှ ၇၀နှစ်အကြား ဒုက္ခသည် အဖြစ်လျှောက်ထားသူ ၁၀၇၄ ဦးအား စစ်ဆေးမေးမြန်းချက်များ အပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “အမျိုးသားရောအမျိုးသမီးပါ ခံစားနေရပါတယ်။။ အထူးသဖြင့် အလုပ်လက်မဲ့ တွေ လူကုန်ကူးခံရသူတွေ၊ အဓမ္မ အလုပ်စေခိုင်းခံရသူတွေ ဖြစ်ကြတယ် ”ဟု လူကုန် ကူး မှုတိုက် ဖျက်ရေး၊အမျိုးသား ညှို့နှိုင်းဆွေးနွေးပွဲတွင်၎င်းကပြောကြားခဲ့သည်။ thestar

မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်


ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။
ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။

ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။

သတင်းပေးပို့ရာတွင် အသုံးပြု ဖြည့်သွင်းရသော ပုံစံစာရွက်တွင် Pulang Ke Negara Asal ဆိုသော စကားရပ်ကား ဒုက္ခသည်များ အကြား စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါ စကားရပ်ကို မြန်မာဘာသာပြန်လျှင် “မူရင်းနိုင်ငံသို့
ပြန်ပို့ပါမည်” ဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။

ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” ထင်မှတ်သည်ဟု ဆိုသည်။


မလေးရှားတွင် မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိသွားသူပင်ချည်း မဟုတ်ဘဲ အခြားနိုင်ငံများမှလည်း ဒုက္ခသည်
အဖြစ် အသိအမှတ်ပြုရေး ကြိုးပမ်းနေသူ နိုင်ငံခြားသား အရေအတွက်မှာ လူ ၅ဝ,ဝဝဝ ခန့်ရှိမည်ဟု အန်ဒီကာ အဘ် ဝါဟဘ် က ခန့်မှန်းသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိများနှင့် တနင်္လာနေ့တွင် ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

မလေးရှားက ၁၉၅၁ ခု ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ နားလည်မှုစာချုပ်နှင့် နောက်ဆွဲတွဲ သဘောတူညီမှုများကို လက်မှတ်မထိုးထားပေ။ မလေးရှားတွင် မြန်မာ၊ အာဖကန်နစ္စတန်၊ အီရတ်၊ ဆိုမားလီးယားတို့မှ ဒုက္ခသည်များ အဓိကရှိနေပြီး စုစုပေါင်း ၉ဝ,ဝဝဝ ဦး ကျော်မှ ၉ဝ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှဖြစ်ပြီး ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊
ရှမ်း၊ ကချင်၊ ရိုဟင်ဂျာတို့ ပါဝင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံး-မလေးရှားက ထုတ်ပြန်ထားသည်။

အသိအမှတ်ပြု ဒုက္ခသည်များထက် ပူပန်မှုပိုနေရသူများကတော့ တရားဝင် စာရွက်စာတမ်း အထောက်အထား
မရှိဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလာရန် ကြိုးပမ်းနေသူများဖြစ်သည်။ သြဂုတ် ၁ ရက်မှစ၍ မလေးအစိုးရက တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်အရ လူစာရင်းကောက်ယူမှု လုပ်နေရာ ဒုက္ခသည်လျှောက်လိုသူတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

နောက်ဆုံးရက် ထုတ်ပြန်ထားခြင်းမရှိသော စာရင်းကောက်ယူမှုပြီးစီးချိန်တွင် သူတို့အတွက် UNHCRမှ ဒုက္ခသည် အဖြစ် စိစစ်မှု စတင်မလုပ်နိုင်သေးလျှင် တရားမဝင် နေထိုင်မှုဖြစ်သောကြောင့် မလေးရှားအစိုးရက ဖမ်းဆီးပြန်ပို့မှု
ဖြစ်လာမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

“ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား ဘာမှမရှိဘူး။ အောက်တိုဘာ နိုဝင်ဘာ
လောက်ဆိုရင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ထင်ပါတယ်။ အဲဒီ လူတွေကို အကုန်ဖမ်းမှာပဲ။ တချို့ ကို လဝက ဥပဒေနဲ့ အပြစ်ပေးမယ်၊ တချို့ကို မူလနိုင်ငံတွေ ပြန်ပို့နိုင်တယ်” ဟု မစ္စတာ အန်ဒီကာ အဘ် ဝါဟဘ် က ပြောသည်။